Kyel Xy Review

avatar

ပထမဆုံး Review ပေးချင်တဲ့ Seriesလေးက Kyle xy ဇာတ်လမ်းတွဲလေးပါ ။ ဒီ Seriesလေးက 2007လောက်ထဲက ထွက်ရှိထားပြီး အရင် Tv progranတွေကနေ ထုတ်လွှင့်ပေးထားတ့ဲ ဇာတ်လမ်းလေး ဖြစ်ပါတယ် ။ ဇာတ်လမ်းနဲ့ ဇာတ်အိမ်ဖွဲ့ထားတာလေးက အတော်လေးကို ထူးထူးခြားခြားပါ။ ပါ၀င်သရုပ်ဆောင်ကျတဲ့ မင်းသား မင်းသမီး ဇာတ်ရံ အားလုံး သရုပ်ဆောင်ချက်တွေ ပိုင်နိုင်ကျသလို အချောအလှလေးတွေပါ။ အထူးသဖြင့် မင်းသား မင်းသမီး အတော်လေးဆွဲဆောင်မှုရှိပါတယ်။

FB_IMG_1607330252201.jpg[source image]

ဇာတ်လမ်း အစမှာ အရိအချွဲတွေ တကိုယ်လုံးဖုံးနေတဲ့ ၁၀ကျော်သက် ကောင်လေးတစ်ယောက် တောထဲမှာ လျှောက်သွားနေတဲ့အခန်းနဲ့ ဖွင့်ထားပါတယ် ။ အ့ဲဒီနောက်သူဟာ မြို့နဲ့ နီးလားပြီး ကိုယ်တုံးလုံးနဲ့ လမ်းပေါ်လျှောက်သွားနေတာကြောင့် ရဲတွေရဲ့ ထိန်းသိမ်းခြင်းကို ခံခ့ဲရပါတယ်။ ကောင်လေးဟာ အတိတ်မေ့​ေ၀ဒနာသည်လို့ ယူဆတာကြောင့် စိတ်ကုထုံး ဆရာ၀န် နစ်ကိုးလ်ဆိုတ့ဲ အမျိုးသမီးကြီးက အိမ်ခေါ်ပြီး ပြုစု ကုသပေးရာကနေ ကောင်လေးရဲ့ ထူးခြားတ့ဲ စွမ်းရည်ကို သတိပြုမိသွားပါတယ်။ ကိုလ်းလို့ အမည်ပေးခြင်းခံရတဲ့ ကောင်လေးဟာ နီကိုလ်းတို့ အိမ်မှာ နေရင်းနဲ့ လူမှုဆက်ဆံရေးပညာရပ်တွေနဲ့ အထက်တန်းပညာရပ်တွေကို သင်ကြားရင်း အိမ်နီးချင်း အမန်ဒါဆိုတဲ့ ကောင်မလေးကို ချစ်ကြိုက်မိပါတယ် ။ ကိုလ်းဟာ ဘယ်ကနေ လာတာလည်း ဘယ်လိုဇာတ်လမ်းတွေရှုပ်ထွေးလာအုံးမလဲ။ အမန်ဒါက ကော သူ့ကို မေတ္တာသက်၀င်ပါ့မလား။ လူသားတွေကို ဖန်တီးတဲ့ ကော်ပရေးရှင်းကြီးနောက်မှာ ဘယ်သူတွေရှိလဲ ဒီ အဖွဲ့အစည်းကြီးက ကိုလ်းကို ဘယ်လို ဒုက္ခတွေ ပေးမှာလည်း ကိုလ်းလို ပုံတူဖန်ပြွန်လူသား အမျိုးသမီးတစ်ဦး ထပ်ပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလင့်လေးရှာပြီး ဆက်လက်ကြည့်ရှု့နိုင်ပါတယ် ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က ဆယ်​ကျော်သက် လူငယ်တွေနဲ့ မိဘတွေကြားက ပြဿာနာတွေ ဆယ်ကျော်သက်တွေကို ထိန်းသိမ်းနည်းတွေနဲ့ အမေရိကန် လူငယ်တွေရဲ့ စရိုက်သဘောသဘာ၀တွေကို ရှု့မြင်နိုင်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားလေးဟာ လက်မလွတ်သင့်ဘဲ ကြည့်ရှု့သင့်ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
@suhlaing



0
0
0.000
6 comments
avatar

မျက်စိမကောင်းတော့ ဇာတ်လမ်းတွဲတွေ မကြည့်နိုင်သေးပါဘူးကွယ်

0
0
0.000
avatar

မျက်မှန် တပ်ကြည့် ဘထွေးရေ ဇာတ်လမ်းတွဲကြည့်ရတာ သည်းတထိတ်ထိတ်ရင်တဖိုဖိုနဲ့ 😆

0
0
0.000
avatar

မစုလှိုင် ... အရင်က ကိုဒွန် အဲဒီလို movie review ရေးဘူးတယ်... အခု မစုလှိုင်ပေါ့.... သူများ ပိုပြီးကြည့်ချင်အောင်... မြူးမြူးကြွကြွ ဇတ်လမ်းဥပမာ တွေနေရာမှာ ကိုယ့် အထင် အမြင် လေးတွေပါ ထည့်ပေး... ဟာသ ... အမြင်ပါရင် ပိုပြီးတောင် ကောင်းသေး..နောက်ပြီး Hive - Myanmar community page ကနေ တင်ပေး... အာ့ဆို လူတိုင်း ဝင်ကြည့်လို့ရတယ်

0
0
0.000
avatar

ဟုတ်က့ဲ ကိုဟင် ကြည့်နေဆဲ Seriesလေး မျှဝေချင်တာနဲ့ ရေးဖြစ်သွားတာ ကိုဟင် အကြံပေးသလို နောက်တစ်ပုဒ်ကျရင် ရေးကြည့်ပါ့မယ် လိုအပ်တာလေး အကြံပေးလို့ ကျေးဇူးပါရှင့် Hive Myanmar community page မှာ တင်ပါ့မယ် ကိုဟင်

0
0
0.000
avatar

ရှာဖွေ ကြည့်ရှုပါဦးမည်။
မျှဝေပေးလို့ ကျေးဇူးပါ ဗျ။

0
0
0.000
avatar

အရမ်းကောင်းတဲ့ဇာတ်လမ်းတွဲလေးပါ ရှင့်

0
0
0.000