Facebook Cryptocurrency Libra အကြောင်းတစ်စေ့တစ်စောင်း

avatar

9TtoWkRyk58LCxTPCcunTR.jpg
photo by facebook
Facebook က blockchain ကိုစိတ်ဝင်စားပြီး ကိုယ်ပိုင် ကွိုင်းထုတ်တယ်ဆိုတာ သူ့အတွက်အတော်လေးကိုအကြိုးရှိတဲ့လုပ်ရပ်တစ်ခုလို့တွေ့ရတယ်။ သူ့ရဲ့ဦးတည်ချက်က ကမ္ဘာကိုလွမ်းနိုင်အောင် လုပ်နိုင်တဲ့အနေအထားလည်းတွေ့ရပြန်တယ်။ အကြောင်းကတော့ သူ့ကိုယ်ပိုင် platform social media ကအောင်မြင်ပြီးသားဖြစ်နေလို့ပါ။ ကမ္ဘာ့ငွေကြေးနေရာကို ပါဝင်လာဖို့ ကြိုးစားနေခြင်းလို့လည်းတွေ့ရပါတယ်။ blockchain နဲ့ မချိတ်ဆက်ခင်မှာပဲ facebook ပေါ်မှာ ဈေးရောင်း/ဈေးဝယ်နိုင်တဲ့ပုံစံမျိုးတွေ ဖန်တီးလာတာ။ ဖေ့ဘုတ်နဲ့ငွေပေးချေနိုင်အောင် visa/master/paypal တွေနဲ့ချိတ်ဆက်ထားတာတွေရှိထားသလို ဈေးရောင်း/ဈေးဝယ်တွေမှာ အပြည့်အဝထိန်းချုပ်နိုင်မှုမရှိခဲ့တာလည်းတွေ့ရပြန်ပါတယ်။ ဥပမာဆိုရင် ဝယ်သူကငွေပေးချေးပေမဲ့ ရောင်းသူက ပစ္စည်းမပေးတာမျိုးတွေကို သူမထိန်းချုပ်နိုင်ပါဘူး။ ဒါကြောင့် နာမည်ရဖို့မလွယ်ကူသေးတာတွေ့ရတယ်။ ခုလို သူ့ကိုယ်ပိုင် ငွေကြေးထုတ်လိုက်သလို အသုံးပြုရတော့ ဘယ်ဟာတွေမှာပေးသုံးမှာလဲ ကြိုတင်ခန့်မှန်းချက်တွေကတော့...
၁. ကိုယ်ပိုင် wallet စတင်ခြင်း
၂. publisher တွေကို စတင်ငွေပေးချေခြင်း
၃. creator တွေကို စတင်ငွေပေးချေခြင်း
၎. ကြော်ငြာခြင်းများတွင် သူ့ငွေကြေးသာအသုံးပြုနိုင်ခြင်း
၅. ကြားခံ exchange ပြုလုပ်ခြင်း
၆. Facebook ပေါ်မှာ ငွေပေးချေခြင်း/ငွေလက်ခံခြင်း
တွေကိုလုပ်ဆောင်သွားမယ်လို့ ထင်ပါတယ်။
ဒီလိုမျိုးတွေပြုလုပ်လာခြင်းကြောင့် Facebook အတွက်အကျိုးအမြတ်က လက်ရှိ ရှိနေသည့် အခြေအနေထက် ၅ ဆလောက် ပိုမိုရနိုင်တာလည်းတွေ့ရတယ်။ ဘယ်လိုတွေရမှာလဲ?
Facebook နဲ့ပတ်သက်သည့်အရာတွေကို Libra နဲ့ပဲအသုံးပြုရမှာဖြစ်ပြီး ပြုလုပ်ချင်လျှင် Libra ကိုဝယ်ယူရပါမယ်။ ကိုယ်တွေက ပြင်ပမှာ ငွေထုတ်မယ်ဆိုလျှင် Libra ကိုရောင်းပြီး ကိုယ်အသုံးမည့်ငွေကို ပြန်လဲရမှာဖြစ်လို့ သူ့အတွက်အကျိုးအမြတ်ကတော့ တော်တော်လေးရနိုင်မှာ တွေ့ရပါတယ်။ ကျွန်တော်အမြင်မှာတော့ စာရေးကောင်းသူ ဗွီဒီယိုတင်သူတွေအနေနဲ့ သူပေးတဲ့ Libra ကို ရရှိမှာမဟုတ်ပဲ။ instant article , creator , publisher တွေသာ ရနိုင်မယ်လို့ ထင်မိပါတယ်။ Libra ရဲ့ဈေးနှုန်းကို မှန်းဆကြည့်ရင်တော့ USD ဈေးနဲ့ မတိမ်မယိမ်း ထွက်ပေါ်လာမယ်ထင်မိပါတယ်။ Exchange အနေနဲ့လည်း crypto, visa, master, paypal, perfect money , skrill တွေအထိလုပ်ဆောင်သွားနိုင်တာတွေ့မြင်နေရပါပြီ။ အောင်မြင်နိုင်ခြေများတဲ့ Libra coin ကို အခြားသော exchange တွေက ထောက်ပံ့သွားနိုင်တာကို တွေ့မြင်နေရပါကြောင်းကြိုတင်ကာလ တင်ပြပေးလိုက်ပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်ရဲ့ လေ့လာချက်နဲ့ ထင်မြင်ချက်တွေသာဖြစ်လို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါ။
1_lwtMZwVDXHJq_P7VcDTAcg.png
photo by hacker noon



0
0
0.000
5 comments
avatar

very nice article bro! မိုက်တယ် 👍

0
0
0.000
avatar

Hi, @nayhlaingsoe!

You just got a 0.92% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

0
0
0.000
avatar

ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here
0
0
0.000
avatar

ကိုယ်က အခုမှ ဖတ်ရတာ အမြင်တွေအမျိုးမျိုး
စိတ်ကူးတွေအမျိုးမျိုးပေါ့ဗျာ

0
0
0.000
avatar

မသိ​သေးဘူး ​လေ့လာအုံးမယ်​ 😀

Posted using Partiko Android

0
0
0.000