သိန်းထိုက် (Myanmar Book Review)

avatar

img_0.9599219436370848.jpg

ဘိုတောက်ထွန်းသည် သိန်းထိုက် ပတ္တမြားကို ရှမ်းလူမျိုးတို့၏ လက်မှဆောင်ကြဥ်းသည့်ကိစ္စတွင်
အောင်မြင်ထမြောက်ခဲ့သည် မှန်သော်လည်း သေခါနီး ရှမ်းကြီး၏ ကျိန်စာသည် ၄င်းပတ္တမြားနှင့်
ပက်သက်၍ ထိုသူ၏ အနွယ်အဆက်တို့အား မည်မျှလောက် အတိဒုက္ခရောက်စေသည်ကိုလည်း ကောင်း၊ ၄င်းပတ္တမြားကို လက်ဝယ်ထားသူတို့၌
လည်း မည်သို့သော ပင်ပန်းဆင်းရဲခြင်းတို့နှင့် ကြုံ
တွေ့ရသည်ကိုလည်းကောင်း ဖတ်ရှူသူအပေါင်းတို့မှာ
ဤစာ၏အဆုံး၌ ခန့်မှန်းတွေးထင်နိုင်ရန် ရှိကြပေ၏။

ဤဝတ္ထု၏ အမည်မှာ သိန်းထိုက်ဖြစ်ပါသည်။
ရေသားသူမှာ ​​နိုင်ငံကျော် စာရေးဆရာကြီး
ရွှေဥဒေါင်း ဖြစ်သည်။ စာကြည့်တိုက်မှ ဤစာအုပ်
အား ငှားရမ်းယူခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်
မှ မညွန်းဆိုပါပဲနှင့် ဤစာအုပ်ကို လက်နှင့်ထိမိပြီး
ယူကြည့်မိရာ စာအုပ်အဖုံးတွင် စာဖတ်သူတို့ မြင်ပြီး
သည့်အတိုင်း ရွှေဥဒေါင်း သိန်းထိုက် ဆိုပြီး လူကြမ်းပုံစံပေါက်သည့် မြင်းစီးကာ သေနပ်ကိုင်ဆောင်ထားသည့် လူတစ်ယောက်ပုံသာ
ပါသည်။ သို့နှင့် ဆရာကြီး၏ နာမည်ကို ကြားဖူးသော်လည်း စာအုပ်ကိုတော့ တစ်အုပ်စ နှစ်အုပ်စ လောက်သာ ဖတ်ဖူးသည်။ ရှေးဆရာကြီး
ဖြစ်၍ အရေးသားမှာ ကျစ်လစ်သည်။ ရှေးဆန်သည်။ ယခုစာများအများစုက ​ပေါ့ပေါ့
ပါးပါး စကားပြေအရေးကိုသာ အသုံးများကြသည်။
ထို့ကြောင့် ဆရာကြီး၏ အရေးသားက စာဖတ်သူ
မိမိ၏ စိတ်ထဲသို့ ထော်လော်ကန့်လန့် ဝင်သွားသည်။
သို့သော် ဆရာကြီး၏ ဝတ္ထုကိုတော့ တစ်ခါမှ မဖတ်ဖူးသောကြောင့် ဖတ်ကြည့်ဦးမှဟု အတွေးပေါ်
လာခဲ့သောကြောင့် ဤစာအုပ်အား ငှားရမ်းယူခဲ့မိပါ
တော့သည်။

ငှားရမ်းယူခဲ့ပြီး ဖတ်မည်ဟု စိတ်၌တေးထားသော်
လည်း တကယ့်အိမ်ရောက်သောအခါ၌ ဂိမ်းဆော့လိုက် ဟိုလုပ်လိုက် ဒီလုပ်လိုက်နှင့် မအား
လပ်အောင် ရှိနေခဲ့သောကြောင့် ၄င်းစာအုပ်အား
ငှားပြီး တစ်ပက်ကြာမှသာ ဖတ်မိခဲ့ခြင်းဖြစ်သည်။
စာဖတ်သည့်အခါ ​ငြီးငွေ့သလို ခံစားမိသည်။
မထူးပါဘူးလေ ဖတ်မှတော့ အဆုံးတိုင်အောင်
ဖတ်မှပါဟုညအားတင်းကာ ဆက်ဖတ်ခဲ့ပါသည်။
သိပ်မကြာလိုက်ပေ ဇာတ်ရှိန်က တက်လာခဲ့တော့၏။
အကြောင်းမှာ ဓား​မြခေါင်းဆောင် ဘိုတောက်ထွန်း
သည် ရှမ်းလူမျိုး စော်ဘွားကြီးတို့ ပူဇော်ပသ ထားသော နတ်ရုပ်၏ မျက်စိထဲတွင်ရှိသော
ပတ္တမြားကို တိုက်ခိုက်လုယူခဲ့ပြီးနောက် ပတ္တမြားသည် ရိုးရိုးပတ္တမြားမဟုတ်ပဲ ကျိန်စာသင့်
သောသော အရာဖြစ်သောကြောင့် ဤပတ္တမြားကို
လုယူခဲ့သော ဓားမြခေါင်းဆောင် ဘိုတောက်ထွန်း
နှင့် သူ၏မျိုးဆက်များ မည်သို့မည်ပုံ ကျိန်စာသင့်
ကြလိမ့်မလဲဟု သိချင်ဇောက ပြင်းပြလာခဲ့သောကြောင့် ဤစာအုပ်ကို လက်ကမချ
ပဲ တစ်ထိုင်တည်းဖတ်မိခဲ့ပါသည်။ နေ့လည်စာ
ထမင်းစားဖို့ကိုပင် မေ့သည်အထိဖြစ်ခဲ့ပါသည်။

ချစ်သူနှစ်ဦးမှာ သည်ပတ္တမြားနှင့် ပတ်သက်မိ၍
ဒုက္ခရောက်ကြပုံကိုလည်းကောင်း၊ မိမိမုန်းသောအရာ
ကို မိမိ၏ ချစ်သူကလုပ်ပေမဲ့ မိမိချစ်သောသူ
အတွက် မားမားမက်မက် ကိုယ်စားခံယူပေးရဲ့သည်
မိန်းမသားတစ်ယောက်တို့၏ စိတ်နေ စိတ်ထားကို
ကိုလည်းကောင်း ပတ္တမြားပျောက်ဆုံးမှုနှင့် ပတ်သတ်
ပြီး နာမည်ကျော် စုံထောက်ကြီး ကိုစံရှား၏ ပရိယယ်
များကို လည်းကောင်း၊ မိမိချစ်သောသူအတွက် မိမိ၏အသက်ကိုပင် စွန့်လွတ်ခဲ့သော မိန်းမငယ်လေး
တစ်ယောက်၏အချစ်ကို လည်းကောင်း စာဖတ်သူ
များ ဖတ်ပြီးရင်းဖတ်ချင်အောင် ရေးသားနိုင်သော
ဆရာကြီး၏ အရေးသားကို မချီးမွှမ်းပဲ မနေနိုင်တော့
အောင်ဖြစ်မိပါတော့သည်။ ထို့ကြောင့်စာဖတ်သူများ
၏ အနီးနားတွင် စာကြည့်တိုက်ရှိလျှင် ရှာဖွေဖတ်ရှူ
ဖို့တိုက်တွန်းလိုက်ရပါသည်။ သို့မဟုတ် Appဖြင့်
ဖုန်းနှင့် ဖတ်ချင်သည်ဆိုလျှင် အောက်ပါလင့်ခ်ကနေ
App ကိုဒေါင်းပြီး ဝင်ရောက်ရှာဖွေ ဖတ်ရှူနိုင်ပါသည်။

Myanmar Bookshelf!!
https://play.google.com/store/apps/details?id=com.naing.screencracker

img_0.20789818345770977.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko



0
0
0.000
4 comments
avatar

ရွှေဥဒေါင်း မဖတ်ရတာ ကြာပါ့

0
0
0.000
avatar

ဖတ်ရတာ လေးလေးပင်ပင်နဲ့ တကယ့်ကို အရသာရှိတဲ့ အရေးအသားပါဗျာ။

0
0
0.000
avatar

အကြံဉာဏ်ဖြင့် ကြီးပွားရေး စာအုပ်လေး ဖတ်ပြီးပလား ဖတ်ထားဦးနော်

0
0
0.000
avatar

မဖတ်ရသေးဘူးဗျ။ ရှာဖတ်ပါဦးမယ်...

0
0
0.000