မတူညီမှုများ ပေါင်းစပ်ခြင်း

avatar

ကျွန်တော်၏ ချစ်သူမှ ရေးသော ဤစာစုအား
နှောင်တွင် အမှတ်တရအဖြစ် ကျန်ရှိနေစေရန်
တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ဖြည့်စွပ်ခြင်းမရှိပဲ
သူမရေးထားသည့် မူရင်းအတိုင်း တင်လိုက်ရပါ
သည်။

မတူညီမှုများ ပေါင်းစပ်ခြင်း

လမင်းကြီးလည်းးး ထိန်ထိန်သာလို့
အတွေးသမား ကျွန်တော်လည်း အတွေးတေနယ်ချဲ့ရင်း ဟိုးးလွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က အချိန်တေဆီပြန်ရောက်ရှိသွားပြန်ပီ။
သဘောကောင်းပီး အေးအေးချမ်းချမ်းနေချင်သော ခင်ဗျားနဲ့
ထစ်ခနဲဆို ဒေါသထွက် ဆတ်ဆတ်ထိမခံတတ်တဲ့ ကျွန်တော်ပေါ့။ ဘယ်လိုရေစက်တေကြောင့် ပေါင်းစည်းရပစေ ကျွန်တော်လက်ခံမိသည်။ ခင်ဗျားကတော့ တည်ငြိမ်ရင့်ကျက်တယ်။ အပြံၜးတေကလည်းအေးချမ်းလို့ နွေးထွေးမှူတေပေးတယ်။ ကျွန်တော်ကတော့ ကလေးဆန်တယ်၊ ဆိုးတယ်၊ တဇွတ်ထိုးတေသိပ်လုပ်တတ်တယ် ၊ အကြီးဆုံးဖြစ်နေတဲ့တွက် ဆရာကြီးးလုပ်သလိုလိုတခါတလေအထာကိုင်တာလည်းရှိတာပေါ့။ လူတေကို ပြောင်းပြန်ကျိမှ လက်ခံနိုင်သလို မဟုတ်မခံ လူတန်းးစားဖြစ်လို့ လူတွေနဲ့သိပ်မပေါင်းဖြစ်ဘူး သီးသန့်နေရတာသဘောကျတယ် ကို့မိသားစုကလွဲရင် ပတ်ဝန်းကျင်ဆိုတာ မရှိလည်းဖြစ်တယ်ဆိုပီး သဘောထားခဲ့မိတယ် ။ ဒါမဲ့ ခင်ဗျားကတော့ ဆန့်ကျင်ဘက် ဖော်ရွေတယ် လူချစ်လူခင်ပေါတယ် သွက်လက်တယ် အားနာတတ်တယ် ပေးဆပ်တယ် နော်။ ခင်ဗျားသဘောကျတဲ့ styleက ကျွန်တော့်typeမဟုတ်ခဲ့ပေမယ့် ခင်ဗျားအရမ်းချစ်ခံရတာတော့ ကျွန်တော် သဘောကျတယ် ခင်ဗျားကတော့ ကျွန်တော် သဘောကျတဲ့typeပဲ ။
ကျွန်တော်ငယ်ငယ်ကလေ ချိုချဉ် ၇လုံးလား ။ခေါင်းအုံးအောက်ထားအိပ်၊ စကားဝါပန်းလား ခေါင်းအုံးခေါက်ထားအိပ် ပီးကျ ကိုယ့်ဖူးစာရှင် အိမ်မက်ထဲတွေ့ရပါစေလို့ဆုတောင်းပီးအိပ်ဆိုလို့ အာ့လိုတေရူးဖူးတယ် ခင်ဗျားပုံစံတိုင်းပဲ ကောင်လေးကသပ်သပ်ရပ်ရပ်နဲ့ ပိန်ပိန်ပားပါး ရှပ်အိကျီနဲ့စတိုင်ပန့် နဲ့ ကျွန်တော့်ကိုလာတွေ့တာတဲ့လေ ယုံမလားတော့မသိဘူးနော် ကျွန်တော်မမြင်ဖူးတဲ့အကိုတျောက်က ဘယ်တော့တွေ့မာလဲ တကယ်ပဲ ကျွန်တော့ဖူးစာရှင်လားး....စဉ်းစားဖူးတယ် မေ့ပစ်လိုက်တယ် အာ့ ရူးကြောင်ကြောင် အိမ်မက်လေးကို ဒါမဲ့ခုထိ အာ့ပုံစံ ဝိုးတိုးဝါးတားကောင်လေးက ခင်ဗျားနဲ့သိပ်တူတာပဲ ခင်ဗျားကို စတွေ့တွေ့ချင်း ကိုနဲ့ရင်းနှီးနေသလို ခင်နေသလိုမျိၜးကြီးးး သိပ်မကြာပါဘူး ကျွန်တော်တို့ချစ်ခဲ့ကြတယ်နော် အစကလူတေက ကျွန်တော်တို့ဆုံတာမကြာသေးတော့ မမြဲဘူး အပျော် စိတ်ကစားတာဘာညာသူတို့ အတွေးပေါ့။ခုမှ ကျွန်တော်တို့သည်းသည်းလှုပ်ချစ်တာ roတာတေ မျက်စိနောက်ကြရော။😅
ခင်ဗျားက သိပ်အလိုလိုက်တယ် အလိုက်သိတယ် အနစ်နာခံတယ် စတွဲတုန်းက အရမ်းအရမ်း သည်းခံခဲ့တယ် ကျွန်တော့်ကို အာ့တွက်လည်း ခုချိန်ထိကျေးဇူးတင်ပါတယ်နော် ကျွန်တော်တို့ အစက တူတာတေများသလိုလိုနဲ့ ခုနောက်ပိုင်း ၁နှစ်ကျော်လာတော့ မတူတာတေတွေ့ပီ ခနခနပဲရန်ဖစ် စကားများ လမ်းခွဲကြ ပြတ်ကြပေါ့ ။ ပြီးတော့လည်း ၂ရက်မကြာ ကျွန်တော်တို့ ချစ်ခဲ့လို့ပဲ မတူတာတေကို တော်တော်များများ ငြိယူလာကြတယ် ။

၁. ဂိမ်းကိုလုံးဝမကြိုက်တဲ့ကျွန်တော်နဲ့
ထမင်းမစားဘဲ ဂိမ်းဆော့တဲ့ ခင်ဗျား

၂. အစပ်အရမ်းကြိုက်တဲ့ကျွန်တော်နဲ့
အစပ်နည်းနည်းလေးစားရင်တောင်
ဝမ်းလျှောတတ်တဲ့ခင်ဗျား😂

၃.စာအုပ်ကိုင်ရင် တန်းအိပ်ပျော်သောကျွန်တော်နဲ့ စာရေးစာဖတ် ဝါသနာပါတဲ့ခင်ဗျား

၄.ဒေါသထွက်ရင် ပြောချင်ရာပြောတတ်တဲ့ကျွန်တော်နဲ့
သည်းမခံနိုင်ရင် ကျွန်တော့်ထက်ပေါက်ကွဲတတ်တဲ့ခင်ဗျား

၅.အတွေးနယ်ချဲ့ကျွန်တော်နဲ့ တခါတလေ တဖတ်ပိတ်စတိုင် ခင်ဗျား

၆.ကျွန်တော့က ခြင်သေ့
ဖြစ်တဲ့တွက် ဘုရင်လုပ်ချင်တာနဲ့ အရင်တည်းက ကျွန်တော့်ဆရာဖြစ်သောခင်ဗျားးးး

ခုချိန်ထိ ကျွန်တော်စိတ်ထဖောက်တိုင်းလက်တွဲမဖြုတ်ခဲ့တဲ့
ခင်ဗျားနဲ့ပဲ တသက်လုံးအကျိၜးရှိရှိအချိန်တွေ
ဖြုန်းသွားချင်ပါတယ်...........ဆက်ရန်😍


This post is about my love in Myanmar Language.

Thank you❤

Written by >----> My love

@myanmarkoko

Posted using Dapplr



0
0
0.000
2 comments
avatar

အယ့်လယ် သူလေးလဲ စာရေးကောင်းသား၊ ဘလောဂါတစ်ယောက် ရလေမလား။

0
0
0.000
avatar

အဲ့လိုမျိုး ဆိုရင်တော့ သေပျော်ပါပြီဗျာ😍😍😍။

0
0
0.000