Smart Media Tokens အားစိတ်ကူးကြည့်ခြင်း ( Henry Aung )

avatar
(Edited)

01.jpeg

မင်္ဂလာပါ။ ဤဆောင်းပါးမှာ ကျွန်တော်၏ စိတ်ကူးယျဉ် အတွေးများသာ ဖြစ်၍ ဤ ဆောင်းပါး ပါ အချက်အလက်များအတိုင်း မုချဖြစ်လာမည်ဟု အာမမခံဝံ့ပါ။ Steemit Platform ၏ SMTs များ လွင့်တင် နိုင်ခဲ့ပြီ ဆိုကြပါစို့။ Steem wallet တွင် SMT wallet များလည်း တွဲပါလာခဲ့ပြီ ဖြစ်ပါသည်။

ထို SMT wallet များတွင် လည်း သက်ဆိုင်ရာ SMT များအား Power up ထားသောကြောင့် သူနှင့် ဆိုင်ရာ ဆိုင်ရာ Website များတွင် SMTs များ ရယူနိုင်မည် ဖြစ်ပါသည်။ အနည်းငယ် နားရှုပ်သွားပြီလား? ။ ကိစ္စမရှိပါ။ အကျယ်ချဲ့၍ ရှင်းပြပါမည်။ Steem Hunt Platform သည် Steemit Platform အပေါ်အခြေခံထားသော SMT project ဖြစ်၍ သူ၏ Hunt Platform တွင် နေ့စဉ်တွေ့ရှိရသော ထူးထူးဆန်းဆန်း နည်းပညာများ ၊ အသုံးအဆောင်ပစ္စည်းများ ၊ လျပ်စစ်ပစ္စည်းများ ၏ post များအား တွေ့နိုင်ပါသည်။

ကျွန်တော်၏ SMT wallet တွင် Hunt token 50000 power up လုပ်ထားသဖြင့် Steem Hunt post တခုအား Hunt power 100% ဖြင့် upvote ပေးလိုက်တိုင်း post ပိုင်ရှင်မှ 10 Hunt token ရရှိသွား သလို ၇ ရက်ပြည့်လျင် ထို အထဲ မှ ၂၅ % အား ကျွန်တော့ ဝေစုအဖြစ် ရရှိမည် ဖြစ်ပါသည်။

001.jpg
Original Source

ဆိုတော့ ကျွန်တော့တွင် Hunt Token 50000 power up ထားပြီး နေ့စဉ် Steem Hunt post ၁၀ ခုခန့်အား ပုံမှန် Upvote ပေးသဖြင့် ၇ ရက်တပတ်လျင် အနည်း ဆုံး Hunt token 200 ခန့် ပုံမှန် ရရှိနေနိုင်ပါပြီ။ သို့သော် ကျွန်တော့ အနေဖြင့် ငွေ အသုံးမလိုသော ကြောင့် ရရှိလာသော Hunt token များအားလည်း စျေးကွက်သို့ မပို့ပဲ power up သာလုပ်ထားပါသည်။ အကုန်လုံးသိကြသည့်အတိုင်း Hunt power များလေလေ ရရှိလာသော အကျိုးအမြတ်ပိုများလေလေသာ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် hunt power အသုံးများသွား၍ အားနည်းနေသောကြောင့် Steem Hunt post များအား Hunt power ဖြင့် Up vote မလုပ်နိုင်တော့၍ ဝမ်းနည်းစရာတော့မရှိပါ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်စုထားသော Steem power ရှိပါသေးသည်။ Steem Hunt post များအား Steem power ဖြင့် upvote လုပ်ပေးလျင် မိမိတို့ ရှိသော Steem power အလိုက် Hunt token များ အချိုးကျ ပြန်ရမည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ မိမိတွင် Hunt power သို့ မဟုတ် Steem power တခုခု ရှိနေလျင် နေ့စဉ် Hunt token ကတော့ ပြေးမလွတ်တော့ပါ။ Steemit Platform မှ SMT များမှာ Steem Hunt တခုတည်းလား.. ? မဟုတ်ပါ။ Appics ဟူသော Videoclip များ တင်နိုင်သည့် Platform တခုလည်း ရှိပါသေးသည်။

ထို Appics Platform တွင် ဟင်းချက်သော videoclip များ ၊ အလှပြင်သော videoclip များ ၊ အားကစား လုပ်နေသော videoclip ၊ ဝိတ်ချရန် လမ်းညွန်သော video clip စသည်စသည် ဖြင့် မိမိကြိုက်နှစ်သက်ရာ သွားကြည့် နိုင်ပါသည်။ အလွယ်ဆုံး ဥပမာ ပေးရလျင် YouTube ဝင်ကြည့်သကဲ့သို့ပေါ့။ ဟာ.... ဟုတ်သား ကျွန်တော့ SMT wallet ထဲမှာ Appics ရဲ့ XAP token power up လုပ်ထားတာရှိသေးသည်။

002.jpg
Original Source

XAP power ဖြင့် Appics ၏ videoclip များ အား upvote ပေးမည်။ ၇ ရက်ပြည့်လျင် ကျွန်တော့ ခွဲတမ်း XAP token များ ကျွန်တော့ SMT wallet ထဲသို့ ရောက်လာ ကြပါလိမ့်မည်။ ကျွန်တော့ တွင် Hunt token နှင့် XAP တို့ ရှိနှင့်ပြီ ဖြစ်သော ကြောင့် နေ့စဉ် SMT ရရှိမှု အတွက် ပူစရာ မလို တော့ပါ။

ဒါပေသိ Steemit Platform တွင် အခြေခံထားသော SMTs Project များ များလွန်းလှပါသည်။ အခြားသော SMT token များအားလည်း စိတ်ဝင်စားပါသည်။ သို့သော် ကျွန်တော့တွင် ထို token များ ဝယ်ယူ နိုင်သော အနေအထား မရှိပါ။ ဘယ်လိုလုပ်ရပါ့။ ဟာ... ပူစရာမှ မလိုတာ။ ကျွန်တော့မှာ Steem power ကို အခြေခံထားတဲ့ Resource Credit ဆိုတဲ့ RC ဆိုတာကြီး ရှိနေတာပဲ။

ကျွန်တော်က Steem power တွေ ခြစ်ကုတ်စုထားတော့ ကျွန်တော့ RC က ဘီလီယံ ၂၀၀၀ ကျော်တောင် ရှိနေပါရောလား... အသစ်ထွက်မဲ့ SMT Project Dliker က သူတို့ Platform ကို 1 ဘီလီယံ RC delegate လုပ်ရင် လစဉ် Dliker token 500 ရမယ် ဆိုပဲ.... အနည်း ဆုံး RC ဘီလီယံ ၁၀၀ လောက် delegate လုပ်ပေးလိုက်မယ်။

အကုန်လုံးတော့ Delegates မလုပ်နိုင်ဘူးလေ... သူထက်အောင်မြင်လာမဲ့ တခြား SMT Project တွေ ရှိသေးတယ်လေ။ Social media ဆိုတာ ကျယ်ပြန့်လွန်းတာ အားလုံးအသိ။ တခြား SMT token တွေလည်း လိုချင်းသေးတာကိုး။ SMT project တွေထဲက Game ဆော့ရင်လည်း token ရတယ်ဟုတ်လား.. ? တော်ပါပြီ မျက်စိ ညောှင်းပါတယ်။

004.jpg
Original Source

အဲဒီ Game အကြောင်း ရေးတင်တဲ့ post သို့မဟုတ် ကစားထာတဲ့ videoclip ကို သက်ဆိုင်ရာ SMT token power နဲ့ပဲ upvote ပေးလိုက်ပါတော့မယ်။ Steemit Platform ၏ SMT project များ ကြီးမား လာလေ လေ ၊ project များ များလေ လေ RC လိုအပ်လေလေ ဖြစ်လာမည် ဖြစ်ပါသည်။

ထို RC ဟူသော အရာကလည်း Steem Power ကို အခြေခံထားသော ကြောင့် တနည်းအား ဖြင့် ပြောရလျင် Steem များ ပိုမို လိုအပ်လာမည် ဖြစ်ပါသည်။ လွန်ခဲ့ နှစ် အနည်းငယ်က Steem power စုကြပါရန် တိုက်တွန်းသော ကျွန်တော့အား အတော်များများက သဘောမကျ ကြပါ။

ရရှိလာသော Steem များ SP သို့ တိုက်ရိုက်မရောက်စေရန် မည်သို့ လုပ်ဆောင်ရကြောင်း လာမေးသူများ ရှိခဲ့ဘူးပါသည်။ အချို့ကလည်း ငါ့ SP ငါပိုင်တာ ဘာလုပ်လုပ် လုပ်ပြစ်ကြပါသည်။ ဒိ့အတွက် ကျွန်တော်လည်း ဘားမှ မတတ်နိုင်ပါ။ ကျွန်တော် တတ်နိုင်သော အရာလည်း မဟုတ်ပါ။

အဘယ့်ကြောင့်ဆိုတော် လူတယောက်ချင်းစီ၏ ယုံကြည်ရာ မတူညီကြသောကြောင့် ဖြစ်ပါသည်။ ကျွန်တော် အထက်တွင် ဖေါ်ပြထားခဲ့သည့် အတိုင်း SMT သည် ထိုကဲ့သို့ သေချာပေါက် ဖြစ်လာမည်ဟု မဆိုနိုင်ပါ။ သို့သော် သူ၏ လမ်းကြောင်း သည် ထိုအတိုင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့ Steemit ဖြင့် ထမင်းမစားနိုင်သေးပါ။ သို့သော် ဖုန်း ဘေလ် ထည့်နိုင်သော အနေအထားသို့ ရောက်လျင်အတော်ကျေနပ်ဖွယ် ကောင်းသော အခြေအနေဖြစ်ပါသည်။ SMT များ အောင်မြင် သည် မအောင်မြင် ကတော့မသိပါ။ သို့သော် SMT များ ထွက်လာသည့် အချိန်တွင် မိမိတို့ Wallet ထဲတွင် SMT များ ရှိနေရန်သာ လိုပါသည်။

02.png
Author : Henry Aung ( Kachin )
MSC : 001



0
0
0.000
6 comments
avatar

ဟီးဟီး Hunt တွေတော့ ရောင်းထုတ်ပစ်လိုက်ပြီဗျ
Steem ဝယ်ပြီးတော့ SP တော့ ထပ်ဖြည့်ခဲ့ပါတယ်လေ။
APX လည်း ရသလောက်တော့ ယူထားတာပဲ။
SMTs ထွက်လာ အောင်မြင်လို့ကတော့ မကျန်ခဲ့ရအောင်
တတ်နိုင်သမျှ လုပ်ထယးပါတယ်လေ။ ကဲ ဆက်စောင့်လိုက်ဦးမယ်။

Posted using Partiko Android

0
0
0.000
avatar

Steemit ရဲ့ SMT တွေ အောင်မြင်ရမှာပေါ့။ golden future ပါဆို...

0
0
0.000
avatar

ထပ်ခါထပ်ခါဖတ်ကြည့်မဆုံးနိုင်လို့ shareခဲ့ပီ ကိုဟင်ရေ...😁

0
0
0.000
avatar

ကျေးဇူးအထူးတင်ပါတယ်

0
0
0.000
avatar
(Edited)

အဟား SMT တွေများလာပြီး လက်မလည်ရင် ဘယ်လိုများ လုပ်ရပါ့
ကိုဟင်ရေးပြတဲ့ SMT တွေပင် မျက်စိလည်နေရပါပြီ

0
0
0.000
avatar

SMT အကြောင်းတော့ စိတ်ဝင်စားစရာတွေကြီးပဲ။ Ethereum လို အောင်မြင် ပါ့မလားတော့ မသိသေးဘူး။

0
0
0.000