ကျွန်တော်တို့နိူင်ငံအတွက် အရေးကြီးသည့်
နှစ်ခုအနက် တစ်ခုဖြစ်သည့် အထွေထွရွေးကောက်
ပွဲကြီးကတော့ဖြင့်ပြီးဆုံးသွားသည်။ နောက်ထပ်
တစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကိုကာကွယ်
တိုက်ဖျက်ရန် တစ်ခုရှိသေးသည်။
ထိုကိုဗစ်ရောဂါပိုးကို တိုက်ဖျက်ရန်
ပြည်သူအားလုံးကပင် ပူးပေါင်းပါဝင်
ဆောင်ရွက်ရပေးရပါအုံးမည်။ မက်တပ်ပါ။
လက်ဆေးပါ။ ဒါတွေကို အမြဲမပျက်
လုပ်ဆောင်ပါက ကိုဗစ်ရောဂါပိုးရန်ကို
စုပေါင်းကာကွယ်နိူင်ပေမည်။
ရောဂါကာကွယ်ရန်အတွက် လောကဓာတ်
နည်းပညာများအပြင်၊ လောကီနည်းများ
ဖြင့်လည်းကာကွယ်ကြသည်။ ဗုဒ္ဓတရားတော်
များအနက်မှ ရတနာ့သုတ်သည် ရောဂါအန္တရာယ်များ
ကို ကာကွယ်စောင့်ရှောက်ပေးသည်။
ထိုကြောင့် မိမိကိုယ်တိုင်ရွတ်ဖတ်ပူဇော်ခြင်း၊
တီဗွီ၊ ဖုန်းများဖြင့်ဖွင့်၍ ပူဇော်ကာ ရောဂါဆိုးကို
ကာကွယ်နှိမ်နင်းကြသည်။
ကိုဗစ်ရောဂါမဖြစ်မီက အမရပူရရှိ ရွှေကြက်ယက်၊
ရွှေကြက်ကျ ဘုရားဖူးမျှော်ခဲ့သည်။ ထိုဘုရားများရှိ
ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ မထင်မှတ်ပဲ
ပဉ္ဓလောဟာဆင်းတုတော်အား ဖူးမျှော်ခဲ့ရသည်။
ထိုဆင်းတုတော်၏ မှတ်တမ်းအကျဉ်းကို
ယခု ကိုဗစ်ကာလနှင့်အညီ ဗဟုသုတရရန်
ဖော်ပြပေးလိုက်ပါသည်။
အေဒီ 11ရာစုက ပဉ္ဓလောဟာဗုဒ္ဓဆင်းတုတော်ကို
ရွှေကြက်ယက်ကုန်း တနင်္ဂနွေဒေါင့်၌
နရပတိစည်သူမင်းက တည်ထားကိုးကွယ်ခဲ့သည်။
သောကြာနံစေတီတော်ဌာပနာအတွင်းမှ
1327ခုနှစ်ခန့်က တွေ့ရှိခဲ့သည်။
ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ဘော် ပစ္စည်း (5)မျိုးဖြင့်
ပေါင်းစပ်သွန်းလောင်းသောကြောင့်
"ပဉ္ဓလောဟာ" ဟုခေါ်တွန်းသည်။ လက်ဝဲတော်
၌ပွေ့ချီထားသော အိုးငယ်သည် အမတအမြိုက်
ရေချမ်းအိုးဖြစ်သည်။ စိတ်နှလုံးအေးချမ်း
သာယာစေခြင်းဖြစ်သည်။
လက်ယာတော်ပေါ် ထားရှိသည့်ဆေးလုံးသည်
တိဖလဆေးလုံးသုံးမျိုးမှ တစ်မျိုးဖြစ်သည်။
ကျန်းမာရေးကောင်းစေခြင်း၊ မုဒြာအနေအထားအရ
ဝရဒမုဒြာဖြစ်ပြီး လိုရာဆုနဲ့ပြည့်စုံစေဟု
ဖော်ညွှန်းသည်။
ရှေးဘုရင်မင်းများ ရောဂါဘယကပ်ကျရောက်
လာပါက ဤဆင်းတုတော်ရှေ့တွင် သီလခံယူ
အဓိဌာန်ပြုပြီး ဆေးကုသခံယူကြသည်။ ထိုအတူ သမားတော်ကြီးများကလည်း အဓိဌာန်ပြုပြီးမှ ဆေးကုသပေးလေ့ရှိသည်။ ဤကဲ့သို့ အဓိဌာန်ပြုခြင်းသည် ရောဂါဘယကင်းစေခြင်း၊
ဆေးစွမ်းထက်စေခြင်း နှစ်ဦးနှစ်ဝအကျိုးရှိ
ကြသည်ဟု သုတေသီများမှ ကြားသိရသည်။
ယခုအခါ ကိုဗစ်ရောဂါကြီးအား ပျောက်ကင်း
ကြပါစေလို့ငှာ "ပဉ္ဓလောဟာ"ဗုဒ္ဓဆင်းတုတော်
ရှေ့မှောက်၌ အဓိဌာန်ပြုနိူင်ကြပါစေရန်
ဝေမျှလိုက်ပါသည်။