ရုပ်ရှင်၊ ပစ်ချား၊ စီနီးမား Movie, Picture, Cinema

avatar
(Edited)

image

ရုပ်ရှင် ဟုအသံကြားလိုက်သည်နှင့် ကလေး၊
လူကြီး လူငယ်မရွေး စိတ်ဝင်စားနှစ်သက်ကြသည်။
အချို့လူတို့သည် ရုပ်ရှင် မင်းသား မင်းသမီးများ
ကို အရူးအမူးစွဲလန်းကြသည်။ ငထွေးတို့ ငယ်စဉ်
ကလည်း ကိုယ်နှစ်သက်သည့် ရုပ်ရှင်မင်းသား
မင်းသမီးများကို ကြိုက်နှစ်သက်ခဲ့ဘူးသည်။

ငထွေးတို့ငယ်စဉ်က ညွန့်ဝင်း၊ အောင်အောင်
ထိုမှ ကျော်သူ၊ စိုးသူ ဒီနောက်မှာတော့ ဒွေးကို
နှစ်သက်ခဲ့သည်။ ငထွေးတို့ငယ်စဉ်က ရုပ်ရှင်
ကြည့်ရာတွင် တစ်ရုံပြီး တစ်ရုံပြောင်းကြည့်ခဲ့
သည်။ မန္တလေး လမ်း၈၀ ပေါ်တွင်ရှိသည့်
ရွှေနဂါးရုပ်ရှင်ရုံနှင့် မစိုးရိမ်ရုပ်ရှင်များသည်
ငထွေးတို့၏ ဖောက်သည်များဖြစ်သည်။
၈၁လမ်းမှာရှိသည့် မြို့မရုပ်ရှင်ရုံကိုတော့
အကြည့်နည်းခဲ့သည်။ ဇာတ်ကားကောင်းမှ
သွားကြည့်ဖြစ်သည်။

ရွှေနဂါးရုံသည် မြန်မာဇာတ်ကားများပြသည်။
မစိုးရိမ်ရုံက ကုလားကားနှင့် အင်္ဂလိပ်ကားများ
ပြသသည်။ ငထွေးတို့ငယ်စဉ်က ကြည့်ခဲ့ရသည့်
မြန်မာရုပ်ရှင်ရော အင်္ဂလိပ်ရုပ်ရှင်ကားများအားလုံး ကြည့်၍ အလွန်ကောင်းသည်။
ရုပ်ရှင်ဇာတ်ကားကောင်းပါက ရုပ်ရှင်
လက်မှတ်ကို မှောင်ခိုပေးဝယ်ကာ ကြည့်ရသည်။ ရုပ်ရှင်လက်မှတ် မှောင်ခိုရောင်းသူများလည်း
အလုပ်ဖြစ်ခဲ့ကြသည်။ တစ်နေ့တည်းနှင့် ရုပ်ရှင်များကို နှစ်ရုံ သုံးရုံပြောင်းကြည့်ခဲ့သည်။

qc0p3cduqk.jpg

3n6hu9ly68.jpg

ငထွေးတို့ ဘူတာကြီးမှာ ရုပ်ရှင်အဖွဲ့သားများ
ရုပ်ရှင်ရိုက်နေကြသည်။ မင်းသား မင်းသမီး
တို့အား မသိပေ။ မြန်မာရုပ်ရှင်ကားများကို
ယခုအခါအကြည့်နည်းခဲ့၍ မင်းသား မင်းသမီး
အသစ်လေးများကိုလည်း မသိပေ။ မင်းသားနှင့်
မင်းသမီး ရထားအပို့အကြိုအခန်းအတွက်
ရိုက်နေကြသည်။ ငထွေးတို့ ရုပ်ရှင်ရုံမှာ
နှစ်နာရီစာ တစ်ထိုင်တည်းကြည့်ရသည်ကို
ရုပ်ရှင်ဖန်တီးသူတို့က အချိန်ကြာမြင့်စွာ
ရိုက်ကြရသည်။

ငထွေးတို့ဆီမှာ နည်းပညာနောက်ကျ၍ ရုပ်ရှင်
ရိုက်ရာတွင်လည်း နည်းပညာအားနည်းသည်။
သူများနိုင်ငံများတွင် 3D ရုပ်ရှင်ကားများပင်
ရိုက်ကူးပြသနေသည်။ ငထွေး ပထမဦးစွာ
ကြည့်ခဲ့သည့် 3d ရုပ်ရှင်မှာ အင်ဂျလာဂျိုလီ
၏ ဇာတ်ကားဖြစ်သည်။ ရတနာပုံဈေး အပေါ်
ထပ်မှာရှိသည့် ဒိုင်းမွန်းအဆင့်မြင့်ရုပ်ရှင်ရုံမှာ
ကြည့်ခြင်းဖြစ်သည်။ ရုံထဲ စဝင်သည့်အခါ
မျက်မှန်များကို တစ်ယောက်တစ်လက် ဝေပေး
သည်။ 3d ရုပ်ရှင်သည် မျက်မှန်နှင့်ကြည့်ရခြင်း
ဖြစ်သည်။

ငထွေးက မျက်မှန်နှင့်ဖြစ်၍ 3dမျက်မှန်ကို
အပေါ်ကထပ်၍ မျက်မှန်နှစ်ထပ်ဖြင့် ကြည့်ခဲ့ရ
သည်။ နိုင်ငံခြားဇာတ်ကားများသည် နည်းပညာ
ကောင်းမွန်သဖြင့် သူတို့၏ အက်ရှင်ဇာတ်ကား
များကကြည့်သူကို စွဲဆောင်နိုင်ကြသည်။
အင်ဂျလာဂျိုလီ ၏ ဇာတ်ကားတွင် သူမသည်
အတောင်ပံဖြင့် ပျံသန်းပြသည့် အခန်းမှာ
ကြည့်ရသည့်သူအား သူမနှင်အတူ လိုက်ပါ
ပျံသန်းသကဲ့သို့ ခံစားရသည်။

ထိုဇာတ်ကားရိုက်ကူးမှု ရိုက်ကွင်းကို facebook မှာကြည့်လိုက်ရသည့်အခါ ရုပ်ရှင်မှာ အသဲအသန်
ဂျိုလီနှင့် စီးမျောနေခဲ့သည့်ခံစားမှုလေးကိုတောင်
အားနာသွားမိသည်။ ဂျိုလီရယ်လေ ကရိန်းက
သူမကို မြောက်လိုက် ချလိုက်လုပ်ပြီး ရိုက်နေ
တယ်။ သူမနောက်တွင် အဖြူရောင်ပိတ်ကား
နှင့် ငထွေးတို့ စီးမျောခဲ့တဲ့ ဇာတ်ဝင်ခန်းကို
ရိုက်နေခြင်းပေါ့။

5oizu3xovb.jpg

980svb00ck.jpg

အခု ဘူတာကြီးမှာ ရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့
ဝတ္ထုက ငထွေးကြိုက်သည့် ဆရာ လယ်တွင်သား
စောချစ်ရဲ့ ကျွန်တော် အမုန်းဆုံးကျွန်တော်
ဝတ္ထုဇာတ်လမ်းကို ရိုက်ကူးနေခြင်းဖြစ်သည်။
သရုပ်ဆောင်လေးတွေကတော့ ကြိုးစားရိုက်နေ
သည်။ ရုပ်ရှင်ကားထွက်လာရင် ကောင်းမလား
ဆိုတာတော့ ရုပ်ရှင်ပိတ်ကားပေါ်ရောက်မှ
ခံစားကြည့်ရှုကြတာပေါ့ဗျာ။

@htwegyi
Photo @htwegyi
MSC.036



0
0
0.000
6 comments
avatar

ရုပ်ရှင်မကြည့်အားပါတကားဗျာ ဘဝဘဝ

Posted using Partiko Android

0
0
0.000
avatar

ကိုယ်တွေလည်း ရုပ်ရှင်နဲ့ ဝေးပါတယ်

0
0
0.000
avatar

အခုရုပ်ရှင်ရုံတေက ဈေးကြီးတာအေ ပြီးခဲတဲ့ရက်က paradiso မှာ 3d ကားတဲ့ကြီးမြတ်သောမြန်မာ ဆိုလား သွားကြည့်တာ
အိမ်ကကလေးတေကတော့ အိပ်လိုက်ကြာတာမှ
နာကတော့ ခေါင်းကိုက်ပျောက်ဆေး ၂လုံးတောင် on လ်ုက်ရ

0
0
0.000
avatar

အင်္ဂလိပ်ကားကြည့်မှ 3d က ပိုကြည့်ကောင်းတာအေ့

0
0
0.000