တို့လည်လေ လောဘသားပေမို့

avatar

image

လောဘ ရှိရင် လိမ်လို့ရပြီ။ အလိမ်ခံရတာ၊
ဆေးတို့ခံရတာ တို့ဆိုတာ ခံရသူက လောဘရှိလို့။
လောဘကြောင့် အလိမ်ခံရတာလို့
ကျွန်တော်ကတော့ယူဆပါသည်။

လောဘမရှိသူကို သွားလိမ်လို့မရပါ။
မည်သို့မျှ လိမ်လို့ရမည်မဟုတ်ပေ။
လောဘ ရှိလို့သာ အလိမ်ခံကြရခြင်း
ဖြစ်ပေသည်။ ဟုတ်ကဲ့ လောဘဆိုတာကလည်း
လူတိုင်းမှာ ရှိကြသည်။ အနည်း အများသာ
ကွာခြားကြပေမည်။

လောဘအကြောင်း သိသူ နားလည်သူတို့က
သူတို့အကျိုးအတွက် ထိုလောဘကို အသုံးပြု၍
စီးပွားရှာကြသည်။ ကျွန်တော်တို့ ပတ်ဝန်ကျင်
မှာပင် စတိုးဆိုင်များမှ လျှော့ဈေး ဟုဆိုရင်
ဝယ်ယူကြသည်။ အထည်ဆိုင်များမှ
လျှော့ဈေးဆိုရင် ဝယ်ယူကြသည်။
အမှန်က နားလှည့် ပါးလှည့် လုပ်ကာ
ရောင်းကြခြင်းဖြစ်သည်။

img_0.17370371581047098.jpg

တစ်နေ့က ကိုယ်တွေ့လောဘတစ်ခု ကြုံလိုက်ရသည်။ မိတ်ဆွေတစ်ဦး၏ဖုန်းသို့ မက်ဆေ့တစ်ခုဝင်လာသည်။ ယခုနံပါတ်အား 500ကျပ်ပေး၍
အင်တာနက် 5G ရယူလိုက်ပါဟု မက်ဆေ့ပို့လာသည်။ မိတ်ဆွေက ကျွန်နော်အား ထိုသို့ပြုလုပ်ခိုင်း
သည်။ နောက်မှ သူအရင်ဦးစွာ ပြုလုပ်ကြည့်မည်ဟု
ဆိုသည်။

မက်ဆေ့ပါအတိုင်း နှိပ်ကြည့်သည့်အခါ

"ကိုဗစ်ရောဂါကာကွယ်ရေးအတွက်
အလှူငွေ 500ကျပ်ရရှိ၍ ကျေးဇူးတင်ပါသည်"

ဖော်ပြပါ မက်ဆေ့လေး လက်ခံရရှိသည့်အခါ
မိတ်ဆွေနှင့် ကျွန်တော်မှာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ ပြုံးမိကြပါတော့သည်။
အရှက်ပြေ လောဘကြောင့် 500ကျပ် လှူမိတာပ
ဟုပြောကြသည်။ အော် တို့လည်လေ
လောဘသားတွေပဲဟာမို့။

@htwegyi



0
0
0.000
3 comments
avatar

လောဘ ကုသိုလ်ရ ကောင်းသဗျာ

0
0
0.000
avatar

အဲ့လိုကြီတော့ညမလုပ်သင့်ဘူး ထင်ပါတယ်။
ရိုးရိုးသားသား အလှူခံတော့ ပိုကုသိုလ်ရတာပေါ့ဗျာ။

0
0
0.000