သမ္ဗုဒ္ဓေစေတီတော်ကြီးကို ဖူးမျှော်ခြင်း။

avatar
(Edited)

image

ယနေ့တော့ စာရေးဖို့ မစဉ်းစားပဲ ဖုန်းအတွင်းမှာရှိသည့် ရိုက်ထားသည့်ဓာတ်ပုံများကိုကြည့်၍
စာရေးသားရန်ဆုံးဖြတ်လိုက်သည်။ နည်းနည်း
အပျင်းကြီးကြည့်တာ။ အမေ့ရွာအမေ့ဆွေမျိုး
များရှိရာ မုံရွာအရှေ့ အရာတော်နယ်၊
ဝါးတန်းရွာ၌ ပြုလုပ်သည့် အလှူသွားရင်း
သမ္ဗုဒ္ဓေစေတီတော်ကြီးကို ဝင်ရောက်ဖူးမြော်
ခဲ့ပါသည်။ ဘုရားကြီးဖူးမျှော်ရင်း ဖုန်းဖြင့်
မှတ်တမ်းတင်ခဲ့သည့် ပုံများအားမျှဝေရင်း
ဘုရားကြီးတည်ထားမှု ရာဇဝင်ကို
ဝီကိပီဒရားမှ မျှဝေဖော်ပြလိုက်ပါသည်။

w93z9b.jpg

yvmxpr.jpg

bjnnmw.jpg
သမ္ဗုဒ္ဓေစေတီတော်ကြီးကို ကျေးဇူးရှင် မိုးညှင်းဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၃ဝ၁ ခုနှစ်ဝါဆိုလဆန်း ၅ ရက်နေ့မှစတင်၍ မုံရွာမြို့နယ် မြေနဲ၊ အောင်သာ၊ ဆည်ကြီး၊ မင်ရွာတို့အလယ်ရှိ ၃၇ ဧကကျယ်ဝန်းသော မိုးညှင်းတောရတိုက်တော်ကြီးအတွင်း၌ တည်ဆောက်လာ ခဲ့ရာ ၁၃၁၄ ခုနှစ်တပေါင်းလဆုတ် ၃ ရက်နေ့တွင်လုံးဝပြီးစီးအောင်မြင်ခဲ့လေသည်။

ယင်းစေတီ တည်ဆောက်ရာ၌ ဆရာတော်ဘုရားသည် မည်သည့်အင်ဂျင်နီယာများ၏အကူအညီကိုမျှ မယူဘဲ မိမိစိတ်ကူးနှင့်ပင်ကြံစည်ရသမျှထင်မြင်လာသည့်အတိုင်း တိုက်ကြပ် ဘုန်းတော်ကြီး ဦးနာရဒနှင့်ပန်းရန်ဆရာဟန်ကြီးတို့အား မည်သို့မည်ပုံမည်သည့်နည်းစသည့်နည်းလမ်းစံနစ်ပုံစံများကို စာနှင့်တစ်ဖုံ ၊နှုတ်နှင့်တစ်မျိုး၊ ရှင်းလင်းပြသတည်ဆောက်လာရာ ငွေပေါင်း ၁၁ သိန်းကျော်မျှကုန်လေသည်။

fdxb9v.jpg

myk2pq.jpg

5gsmpc.jpg

ယခုခေတ်အခါ အဆိုပါသမ္ဗုဒ္ဓေစေတီတော်ကြီး
၏ရှေ့မျက်နှာစာတွင် ဘာသာစကားမျိုးစုံဖြင့်
ဆရာတော်ဘုရားကြီး တည်ထားကြောင်း၊
ခုနှစ်သက္ကရာဇ်များကို ရေးထိုးဖော်ပြထား
သည်။ ဆရာတော်ကြီး၏ ကျောင်းဝင်း၊
ကျောင်းတိုက်တွင် ဆရာတော်အဆက်ဆက်၏
ရုပ်ထုများကို ထုလုပ်ပူဇော်ထားသည်။

jqie4k.jpg

74o84n.jpg

9g41de.jpg

ထိုအပြင် ဆရာတော်ကြီး၏ ပုံတော်များကို
ဓာတ်ပုံမှန်‌ဘောင်များဖြင့် ဗဟုသုတရရန်
ပြသထားသည်။ ဘုရားရိပ်၊ တရားရိပ်၊
သံဃာတော်၏အရိပ်တို့က အေးမြလှသည်။
‌ဆရာတော်၏ ကျောင်းဝင်းသည် အေးချမ်း
သည့်အပြင် အေးမြငြိမ်းချမ်းလှပေသည်။

wh0mjj.jpg

20190323_161741.jpg

@htwegyi



0
0
0.000
3 comments
avatar

သာဓု သာဓု သာဓု ပါဗျာ

0
0
0.000
avatar

ဗဟုသုတရလို့ ကျေးဇူးပါ

0
0
0.000
avatar

ရှာကြံရေးထား အဲ ကူးထားတာပါ။

0
0
0.000