SPUD5 အတွက် Power Up ကြမယ်

avatar

image

ယနေ့ 27-8-2019 အင်္ဂါ နေ့ဖြစ်သည် spud
မှာ power up ပြိုင်ပွဲဝင်ဖို့ ကြား ၄ ရက်သာ
လိုတော့သည်။ steem များများရရန် မည်သို့
ဆောင်ရွက်ရမည်ကို မသိသော်လည်း စာရေး
၍ ရတာပဲသိတော့ စာရေးရသမျှ power up
ထားရသည်။

Steem Power Up Day က 1-9-2019
ဆိုတော့ကာ စာရေးထားသည့် steem
များကိုသာ power up ရန်ရှိတော့သည်။
Steem Engine မှနေ၍ ကိုယ့်ပိုစ့်ကို
PAL မှ pal များပေး၍ vote ခိုင်းပါသော်
လည်း vote မရတော့ချေ။ နောက်ဆုံး
Byteball များကို steem နှင့်ဖလှယ်ရ
ကောင်းမလား Steem Power Up တာ
များများရအောင်။ အကြံကုန် ဂဠုန်းဆားချက်
နည်းလားမသိ။

1f3uxuim3q.jpg
SPUD5 အတွက် သူနှင့်ဆိုင်သည့် ပိုစ့်ရေး
တင်ရန် အသိပေးထားသည်။ ဒီတော့ သူနှင့်
ဆိုင်တာရော မဆိုင်တာရော ကြိုးစားရေး
ရပါတော့သည်။ ကိုယ်က သူရဲ့ဆု လိုချင်တာကို။
ဒီတစ်ခါ SPUD5 ကဆုတွေပေးတာ များသည်
ဆုတစ်ဆုဝင်ရင် 5 steem ရမည်။ 5 steem
ဆိုသည့်အင်အားက ကိုယ်တွေအတွက် ရွှေဖြစ်
သည်။

SPUD5 က ဆုပေးမှာ ဆုပေါင်း ၂၀ကျော်
ဆိုတော့ ကိုယ်တွေ ရင်ခုန်ရတာပေါ့။ ဆုမရလည်း
သူ့ရဲ့ဗုတ်ရတာဆိုတော့ အရှုံးတော့မရှိပါဘူး။
ယှဉ်ပြိုင်ခြင်းသည် အဓိကပဲဟာ။ ကိုယ့်ထက်
စကေးကြမ်းသည့် ပါဝါအပ်သူများရှိနေရင်လည်း
သူတို့အတွက် ဂုဏ်ပြုပေးရတာပ။

9umlt6nu12.jpg

ကဲ ဆုတွေရဲ့ အသေးစိတ်ကိုသိချင်ရင်တော့
ကိုဟိန်းပိုစ့်မှာသွားရောက်ဖတ်ရှုနိုင်ပါသည်။
@golden.future ကိုဟိန်း ရေးသားထားသည့်
ဆုများအနက်မှ ပထမဆုနှင့် ဆဌမမှ အဆင့်
၂၀ ထိ ရရှိမည့် ဆုကြေးများကို ဖော်ပြပေး
လိုက်ပါသည်။

ပထမဆု

  • 2500 Steem Power Delegation ၃ပတ်
    တိတိကို @xpilar မှ
  • 2000 Steem Power Delegation ၃ပတ်
    တိတိကို @sultan-aceh မှ
  • 15 steem power လက်ဆောင်ကို
    @steemitnz မှ
  • 20 Steem Basic Income Levels
    လက်ဆောင်ကို @jlsplatts မှ
  • 5 Steem Basic Income Levels
    လက်ဆောင်ကို @improv မှ
  • 1 Steem Basic Income Levels
    လက်ဆောင်ကို @braaiboy မှ
  • 0.1BRAAIB Token ကို @braaiboy
    အစရှိသည်တို့မှ ဆုများထောက်ပံ့ချီးမြှင့်ပေး
    မည်ဖြစ်သည်။

ujtbyidavq.jpg

ကဲ ကိုယ်တွေအတွက် နောက်ဆုံးဆု အဆင့်များ
ဖြစ်သည့် ဆဌမအဆင့်မှ အဆင့် ၂၀ မြောက်
ထိကို-

  • 5 Steem Basic Income Shares
    လက်ဆောင်ကို @improv မှ
  • 1 Steem Basic Income Levels
    လက်ဆောင်ကို @braaiboy မှ
  • 0.1BRAAIB Token ကို @braaiboy က
    အသီးသီး ထောက်ပံ့ချီးမြှင့်သွားကြမည်ဖြစ်
    ပါသည်။
    (1BRAAIB Token သည် 13steem မျှ
    တန်ဖိုးရှိသည်။)

သတိပြုရန်မှာ
ပါဝင်ယှဉ်ပြိုင်သူများသည်
Reputation score 42 နှင့်အထက်ဖြစ်ပြီး
Power Up ရာခိုင်နှုန်း 10% အနည်းဆုံးဖြစ်
ရပါမည် ဆိုသည့်အကြောင်း သတိပြုနိုင်ရန်
ထပ်မံ နှိုးဆော်လိုက်ပါသည်။

@htwegyi
Phpto @htwegyi
MSC.036



0
0
0.000
8 comments
avatar

ဆုတွေလည်းရ reward လည်း တိုး power up သည့်အကျိုး

Posted using Partiko Android

0
0
0.000
avatar

ဟုတ်ပ ကိုဟိန်းရေ ၂၀ အတွင်းဝင်ပါစေလို့ ဆုတောင်းရတာပ

0
0
0.000
avatar

အပ်ရမလား … အပ်ရဘူးလား …
စဉ်းစားရင်း …………………

0
0
0.000
avatar

အသေအချာကို အပ်ပါအေ

0
0
0.000