စိတ်ကူး အဖြူ

avatar
(Edited)

image

ငယ်စဉ်က အိပ်မက်တခုရှိခဲ့သည်။ ကြီးလာရင်
လူဆိုးတွေကို ဖမ်းဖို့ ရဲသားကြီးလုပ်မည်။
စုံထောက်ကြီးလည်း လုပ်ဖို့စိတ်ကူးရှိခဲ့သည်။
ကိုယ်တွေငယ်စဉ်က ဂျိန်းစ်ဘွန်း ဇာတ်ကားများ
ကိုကြည့်ပြီး စိတ်ကူး စိတ်ရူးပေါက်ခဲ့သည်။
ရမ်ဘို တို့ ဗန်ဒိန်း တို့ ရုပ်ရှင်ဇာတ်ကားများ
ကြည့်၍လည်း စိတ်ကူးယဥ်ခဲ့သည်။

ကိုယ်တွေ ငယ်စဉ်က ကျင်လည်ခဲ့သည်မှာ
လူတကာစုံသည့် ဘူတာရုံဖြစ်သည်။ ခရီးသည်များ၏
ပစ္စည်များ၊ ပိုက်ဆံအိတ်များခိုးခံရပါက ခိုးခံရသူ
ခရီးသည် စိတ်ပင်ပန်းဒုက္ခရောက်နေသည်ကို
ကြည့်၍ စိတ်မကောင်းဖြစ်ခဲ့သည်။ ထိုကြောင့်
ထိုသူခိုးများကို ရဲသားကြီးလုပ်၍ ဖမ်းဆီးပေးချင်
ခဲ့သည့် ငယ်စဉ်က ကလေးဘဝ စိတ်ကူးအဖြူ
လေးရှိခဲ့သည်။

img_0.17782888213996598.jpg

စိတ်ကူးများသည် အရွယ်ရောက်လာသည့်နှင့် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့သည်။
လူ့လောက၊ လူသဘာဝ၏ ထူးခြားဆန်ပြားမှုများက
ကလေးငယ်ဘဝ စိတ်ကူးအတွေးများကို
ပျောက်ကွယ်သွားစေခဲ့သည်။ လူ့ဘဝ လူသားများ၏
စိတ်ထားများ၊ စိတ်ဓာတ်များ၏ စိတ်ရောင်စုံများ
ကြား အဖြူရောင် ကလေးငယ်၏ အဖြူရောင်
စိတ်ကူးများက ပျောက်ကွယ်မှေးမှိန်ခဲ့ရသည်။

အခုချိန်မှာတော့ ကျွန်တော်ရဲ့ စိတ်အရောင်ကို
ကြည့်မည်ဆိုပါလျှင် ဆေးရောင်စုံ တော်တော်များများ ဆေးဆိုးခဲ့ပြီးဖြစ်သည်။ ငယ်စဉ်က
ရဲသားကြီးနဲ့ စုံထောက်ကြီးတွေ ဘယ်ရောက်
ဘယ်ပျောက်သွားကြသည်မသိ။
ခုချိန်မှာတော့ စာရေးကြီးဖြစ်နေသည်။
ရဲသားကြီး
စုံထောက်ကြီး
စာရေးကြီးဆိုတော့ကာ
ကြီးတော့ ကြီးပါပါသေးသည်။

@htwegyi



0
0
0.000
3 comments
avatar

စာရေးကြီး
သားဖေဖေ ငယ်ငယ်က မန်းဘူတာမှာ ငွေတစ်ဆယ် ပေး ညအိပ်ခဲ့သေး
ပေါ်တာက ကြောက်ရ စစ်သားစုဆောင်းရေး ကြောက်ရနဲ့ပေါ့

0
0
0.000
avatar

ဖျာ ဝယ်အိပ်ခဲ့ရတာနေမှာပ။

0
0
0.000