ဆရာမက အနိုင်ယူတယ်

avatar

image

Steemit သည် HF 21/22 ကြောင့် post
တင်သည့်အခါ sbd များရရှိမှုလျှော့နည်းသွား
သည်။ ထိုသို့လျှော့နည်းသွား၍ ပိုစ့်တင်သူ
ကျွန်တော်တို့သည် အားအနည်းငယ်လျော့
သွားရသည်။ အခြားပိုစ့်များကို vote ပေးပါက
50% ရသည်ဆိုသော်လည်း steem power
များသူ များအတွက်သာ ပိုတွက်ခြေကိုက်သည်
ဟုသိရသည်။ အော် မျက်နှာကြီးရာ ဟင်းဖတ်ပါ
ဆိုသည့် မြန်မာစကားပုံက steemit မှာလည်း
အသုံးဝင်တာပါပဲလား။

Steemit ကြီးမှာ စာရေးနေကြသူတွေ
အခုတလော အားအင်ကုန်ခမ်း မောပန်း
နွမ်းလျနေကြလေမလား။ စတင်းဈေးက
မတက် HF ကရိုက်ချက် ပြင်းနေလေတော့။
ရီစရာ မောစရာလေးတွေ ပိုစ့်ရေးပေးရင်း
အားတင်းလိုက်ကြရအောင်လား။
ရီစရာဆို၍ ကျွန်တော်ရဲ့ ဇာတ်လိုက်ကျော်
ကစ်ကို အကြောင်းရေးသားချင်ပါသည်။

z6yq6tusu3.jpg

ကစ်ကိုတို့ မိသားစုက နေပြည်တော်မှာ
နေကြသည်။ ကစ်ကိုကို မူကြိုပို့သည့်
ကျောင်းက သူတို့နေသည့် ဝန်ထမ်းတိုက်ခန်း
နှင့်နီးသည်။ ဈေးသက်သာသည့် မူကြိုကျောင်း
ဖြစ်သည်။ ကလေးထိန်းခြင်းနှင့် ကဗျာများရွတ်
ခိုင်းကာ ကလေးများကို ထိန်းကျောင်းပေး
ထားခြင်းဖြစ်သည်။ လက်မှတ်ရမူကြိုကျောင်း
တော့မဟုတ်ပါဘူး။ ဒီအတိုင်း ဝန်ထမ်းမိသားစုရဲ့
ကလေးတွေကို အဆင်ပြေအောင် ထိန်းကျောင်း
ပေးထားခြင်းဖြစ်သည်။

ကစ်ကိုဆိုသည့် ကလေးက တစ်ချက်လေးမှ
အငြိမ်နေသည့်ကောင်မဟုတ်ပေ။ အိမ်မှာရှိ
သည့် ရှိသမျှအရုပ်တွေကိုဆော့ရင်း နှုတ်က
အဆက်မပြတ်အော်နေတတ်သည်။ ကာတွန်း
ဇာတ်ကားများကိုလည်း ကစ်ကို မကြည့်ဖူးသည့်
ဇာတ်ကား မရှိသလောက်ပေ။ ကစ်ကိုဒေါ်လေး
က သူ့ရုံးမှ ဝိုင်ဖိုင်ဖရီးရသမျှ သူ့တူ ကစ်ကို
အတွက် အင်တာနက်ပေါ်တင်သမျှ ကာတွန်း
ကားများကို ဒေါင်းလုပ်ဆွဲပေးကာ ပြသထား
၍ဖြစ်သည်။

crzqt73pk7.jpg

မူကြိုကျောင်းအပ်တာ တစ်လသားမပြည့်သော
ကစ်ကိုသည် အဆိုပါ ကာတွန်းကားနှင့် ပြဿနာ
တက်ပါတော့သည်။ နေ့လည် နေ့ခင်းတွင်
မူကြိုဆရာမက ကလေးများကို အိပ်ခိုင်းသည်။
အချို့ကလေးများက အိပ်သော်လည်း ကစ်ကို
နှင့် ကလေးအချို့က မအိပ်ကြပေ။ အဲ့မှာ
ဆရာမ အခက်တွေ့လေသည်။

”ကဲ..ကဲ မအိပ်တဲ့ သားသားမီးမီးတို့က
ကာတွန်းကားကို တိတ်တိတ်လေးကြည့်မယ်နော်”

ဆရာမက ပြောဆိုပြီး စက်ထဲ အခွေထဲ့ကာ
ကာတွန်းကား ပြသလေသည်။ တီဗွီပေါ်
ပေါ်လာသော ကာတွန်းကားကိုကြည့်၍
သကောင့်သား ကစ်ကိုက ပြောလိုက်သည်။

”ဟင်း...ဒီကားများ ကစ်ကိုတို့အိမ်မှာ
ကြည့်ပြီးပေါ့ ”

ကစ်ကို စကားကြောင့် မူကြိုဆရာမ မှာ
သူ့အိမ်မှာရှိသမျှ ကာတွန်းကားများကို
တစ်ကားပြီတစ်ကား ထိုးပြရသည်။
ဆရာမ ပြသည့် ဇာတ်ကားတိုင်းကို ကစ်ကိုက
ကြည့်ပြီးပြီ ဟုသာပြော၍ ဆရာမ သည်

”ကဲ ကိုကစ်ရေ ကျုပ်မှာရှိသမျှဟာလည်း
ကုန်ပြီ တော်တို့ကို ထိန်းရတာလည်းမောပြီ
ကြည့်ပြီးလည်း ထပ်သာကြည့်ပေတော့”

ညနေ ကစ်ကိုသည် အိမ်ရောက်သောအခါ
သူ့အဖွားအား ပြောလေတော့သည်။

”အဖွား ကစ်ကို ကို ကျောင်းမပို့နဲ့တော့
ဆရာမက အနိုင်ယူတယ်။ ကစ်ကို ကြည့်ပြီးသား
ကာတွန်းကားကို အတင်း အနိုင်ယူပြီးပြတယ်
သိလား”

တဲ့။

@htwegyi
Photo @htwegyi
MSC.036



0
0
0.000
4 comments
avatar

ချစ်စရာလေး ကစ်ကိုက

0
0
0.000
avatar

ချစ်စရာတော့ကောင်း ၁၅မိနစ်နေရင် အလိုလိုခေါင်းမူးသွားမယ်
ကစ်ကိုရဲ့အစွမ်း

0
0
0.000
avatar

ဟုတ်တယ်လေ ကလေးဆိုပြီး အထင်သေးတာ
အခုခေတ်က ဆရာမထက် တတ်တဲ့ကလေးတွေ ကြီးဘဲ ကို

0
0
0.000
avatar

ပြောပြလိုက် တစ်ခါတလေ ကစ်ကိုဆီက သင်ယူရတယ်အေ

0
0
0.000