ဆန္ဒ

avatar

image

ကဲ အထွေထွေရွေးကောက်ပွဲကြီးကတော့
အောင်မြင်စွာဖြင့် ပြီဆုံးခဲ့ပါသည်။
ကျေနပ်ကြသည့်သူ၊ မကျေနပ်ကြသူရော
ရွေးကောက်ပွဲတို့ ပြီးဆုံးသည့်ထုံးစံအတိုင်း
ပူညံပူညံသံများဖြင့် အသံများကြားခဲ့ရသည်။

မည်သို့ဆိုစေကာမူ ပြည်သူတို့၏ ရင်တွင်းဆန္ဒကို
ထုတ်ဖော်ပြသခွင့်ကိုရခဲ့ကြသည်။ ပြည်သူတို့၏
စိတ်ဆန္ဒကို လျော့တွက်ကြသူတို့ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ကြသည်။

20201113_150742.jpg

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးက
နိုင်ငံသားတိုင်းအတွက် မရှိမဖြစ်လိုအပ်လှ
ပေသည်။ လာမည့်ငါးနှစ်တာအတွက်
နိုင်ငံတော်အုပ်ချုပ်သူတို့သည်
ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို
ပြည်ပြည်ဝဝဆောင်ရွက်နိုင်ကြပါစေ။

နောင်လာမည့် အနာဂတ်များအတွက်
NLD အစိုးရသည် ရှေ့ဆောင်လမ်းပြ
ခေါင်းဆောင်‌ကောင်းဖြစ်ပါစေ။ နိုင်ငံတဝှမ်း
ဥပဒေမဲ့လုပ်ရပ်များကို ရပ်တန့်နိုင်ပါစေ။
အဂတိလိုက်စားမှုများ ကင်းရှင်းပပျောက်
အောင် ဆောင်ရွက်ပေးနိုင်
ပါစေကြောင်း ထပ်လောင်း ဆန္ဒပြုလိုက်
ပါသည်။

@htwegyi



0
0
0.000
2 comments
avatar

အစိုးရကောင်းနှင့် ကြိုးစားသော ပြည်သူ ပေါင်းလိုက်ရင်ဖြင့်

0
0
0.000