ငါးအူဆီပေါင်း

avatar

image

ဟိုတစ်နေ့က ဘုရားကြီး အရှေ့မုခ်မှာ
နေသည့် ရုံးမှမိတ်ဆွေက ငါးအူဆီပေါင်းသုတ်
ယူလာသည်။ ငါးအူဆီပေါင်းဆိုသည်က
ယခင်က အလွန်ပေါသည်။ ယခုအခါမှာ
အလွန်ရှားပါးသွားသည်။ ငါးအူဆီပေါင်း
သည် ငါးဗိုက်အတွင်းမှ အဖြူရောင်
လေဖောင်အလုံးလေးနှစ်လုံးကို ခေါ်ခြင်း
ဖြစ်သည်။

ယခုအခါ ရှားပါးသွားရခြင်းမှာ တရုတ်ပြည်မှ
ဆေးအဖြစ်အသုံးပြုရန် ဝယ်သည့်အတွက်ဖြစ်သည်။
ငါးအူဆီပေါင်းနှင့် ငါးအတွင်းကလီစာများကို
ကျွန်တော်အစ်မက ပူပူနွေးနွေးချက်ကျွေးတာ
စားဘူးသဖြင့် ကြိုက်သွားသည်။ ‌အေးသွားပါက
ခဲသဖြင့် စားမကောင်းပေ။

အဆိုပါမိတ်ဆွေ၏ အိမ်နီးချင်းသည် ငါးအူဆီပေါင်းများကို ဝယ်ပြီးအခြောက်ခံကာ တရုတ်ပြည်သို့
တင်ပို့ရောင်းချသည်။ ငါးအူဆီပေါင်းတွင်
အတွဲလေးနှစ်ခုပါရှိသည်။ ထိုနှစ်ခုအနက်
တစ်ခုသာ အခြောက်ခံပြီး ရောင်းချ၍ရသည်။
အခြားတစ်ခုအား စားသုံးသူများထံ အစိုအတိုင်း
ပြန်လည်ရောင်းချသည်။

20200209_094023.jpg

ထိုပြန်လည်ရောင်းချသည်သည့် အစိုငါးအူဆီပေါင်း
ကို မိတ်ဆွေဖြစ်သူက ဝယ်၍ သုပ်ယူလာခြင်းဖြစ်သည်။ကျွန်တော်က အိမ်သားများစားရန် မိတ်ဆွေထံသို့ ငါးအူဆီပေါင်းမှာယူ၍
သုပ်ကြည့်သည်။ထိုအခါ ငါးအူဆီပေါင်းမှာ
ငါးဗိုက်ထဲမှ ထုတ်ယူပြီးပြီးခြင်း ချက်သည်လောက် စားမကောင်းချေ။

ငါးအူဆီပေါင်းကို မည်သို့ပြုလုပ်ထားသည်မသိ
ပျော့သွားအောင် ရေအတော်ပြုတ်ယူရသည်။
လတ်လတ်ဆတ်ဆတ်ငါးအူဆီပေါင်းလောက်
စားမကောင်းပေ။ သုပ်စားသည့်အခါ အနည်းငယ်
မာ၍ ဆက်တောက်‌တောက်ဖြစ်သည်။

@htwegyi
MSC.036



0
0
0.000
11 comments
avatar

According to the Bible, The Mark of a True Witness: No More, No Less

Watch the Video below to know the Answer...

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074

0
0
0.000
avatar

စားဖူးဘူးဗျာ
ရှာဝယ်သုပ်ကြည့်ဦးမှ

0
0
0.000
avatar

ဒီမှာတော့ရှားသွားပြီ

0
0
0.000
avatar

အစားအစာဆိုတာကလေ ပြုလုပ်ပေးသူရဲ့ လက်ရာပေါ်မှာမူတည်တယ်ဗျ

0
0
0.000
avatar

ဒါလဲဟုတ်တာပ

0
0
0.000
avatar

ငါးဥပေါင်း မစားဖူသေးဘူးဗျ
နောက်မှစားဦးမ​ယ်ဗျာ

0
0
0.000
avatar

အိမ်သူသက်ထားကို ချက်ကျွေးခိုင်းပါလေ။

0
0
0.000
avatar

ဟာ... မေ့နေတာရယ် အဲဒီ ငါးအူစီပေါင်း.... ငါးအကောင်ကြီး ရဲ့ အူ တွေပေါ့.... သတိရသွားပြီ...

0
0
0.000
avatar

ဟုတ်တယ်ကိုဟင် ငါးအကြီးကြီးဆိုတာ ပင်လယ်ထဲကငါးအူဆီပေါင်း
တော့ မစားဘူးဖူး။

0
0
0.000
avatar

ဟုတ်ပအေ ဟိုတုန်ကဆို ဘယ်သူမမှ အဟုတ်လုပ်မစားကြတော့ စျေးပေါ အခုများကြ တော့

0
0
0.000
avatar

အဲ့ဒါပဲ အဓိက ကတော့

0
0
0.000