မိုက်လား.... မိုက်လား......မိုက်လား

avatar

image

”မိုက်တဲ့ကောင်....ထွက်ခဲ့ကွ”

”တိုက်တန်းက မိုက်တဲ့ကောင် ထွက်ခဲ့”

”ဟေ့ကောင် မင်းထွက်ခဲ့”

နေ့ခင်းကြောင်တောင် ငထွေးတို့တိုက်တန်းသို့
လာပြီး စိန်ခေါ်နေသူက အရပ်ထောင်ထောင်
မောင်းမောင်းဖြစ်ပြီး လက်တွင်တက်တူးများ
ထိုးထားသည်။ အဆိုပါ ပုဂ္ဂိုလ်၏ ဆံပင်များက
ရှည်လွန်းသဖြင့် ဂုတ်ပေါ်သို့ ဝဲကျနေသည်။
တိုက်တန်း အလယ်တွင် ရပ်ပြီး နှုတ်မှအော်ကာ
စိန်ခေါ်နေခြင်းဖြစ်သည်။ တိုက်များပေါ်မှ
လူများက ဝရန်တာမှထွက်ကာ တန်းစီကြည့်
နေကြသည်။

ldkfe3jrhk.jpg

ကလေးတွေ ခွေးတွေတရုန်းရုန်းဖြင့် တိုက်တန်း
မှာ ပွက်လောရိုက်နေသည်။ အဆိုပါလူမိုက်တို့က သုံးလေးဦးဖြစ်ပြီး အုပ်စုဖွဲ့လာကြခြင်းဖြစ်သည်။
လူမိုက်တို့မှာ ဓားများ၊ တုတ်များကိုင်ဆောင်
လာကာ အော်နေကြသည်။ မည်သူတစ်ဦး
တစ်ယောက်မျှထွက်၍ မပြောရဲ မဆိုရဲကြချေ။
လူမိုက်များက ဓားများ တုတ်များ တဝံ့ဝံ့ဖြင့်
အော်ဟစ်နေကြသည်။

အဆိုပါလူမိုက်များ အော်ဟစ်ပြီး မကြာခင်မှာပင်
ရဲများရောက်လာသည်။ ရဲများရောက်လာသော
အခါ အဆိုပါလူမိုက်များ၏ အသံများမှာ
တိတ်ဆိတ်သွားသည်။ တိုက်တန်းမှာရှိသော
ကလေး လူကြီး ခွေးများပါမကျန် အုပ်စုကြီးက
ပိုမိုများပြားကာ တိုးဝှေ့ ရောက်ရှိလာကြပြန်
သည်။

”ရဲတွေလာပြီဟေ့ ရဲတွေလာပြီ”

0zd9gcsn9m.jpg

အော်သံနှင့်အတူ တိုက်တန်းတစ်ခုလုံး ပွက်လော
ရိုက်သွားပြန်သည်။ မှန်ပါသည် ရန်ဖြစ်သူ
လူမိုက်များကတော်တော် နှစ်လုံး သုံးလုံးရောင်း
သမားများက ကမ္ဘာပျက်လေသည်။

”ဟေ့ အေ လုပ်ပါအုံးဟဲ့ စာရွက်တွေ
ဖျောက်ပါဟဲ့”

”ဟဲ့ ဒီစာရင်းတွေက ဟိုချောင်ထဲ ထိုးထဲ့
ထားလေ”

”ဒုက္ခပါပဲအေ ဒီလို ပြာယာခတ်နေတာနဲ့
အကုန်မိတော့မှာပဲ”

”လုပ်ပါဟဲ့ သွက်သွက်ကလေး
အရေး အကြောင်းဆို ဒီဒူးက
တုန်နေပြန်တယ် လိုရာကို
မရောက်တော့ဘူး ငါ့နှယ်”

”ဟ... မဥမ္မာတို့ အဖွဲ့ ဘာဖြစ်နေတာလဲ
ပြာယာခတ်နေကြတာ ဧကန္တ ဘာလဲ ရဲတွေလာလို့လားဗျ”

”ဟုတ်တယ်ဟဲ့ အရေးထဲ နင်ကတစ်မျိုး
လာ စ နေပြန်ပါပြီ ဒီမှာ ရင်တုန်ရတဲ့ အထဲ”

”ဟားဟားဟား အဲ့ဒါပြောတာပေါ့
လေ့လာပါ လေ့လာပါဆိုတော့
မလေ့လာကြဘူး။ အဲ့ဒါ တကယ်ရန်ဖြစ်တာ
မဟုတ်ဘူးဗျ ရုပ်ရှင် လာရိုက်တာ”

n7pzf4y2dc.jpg

”ဘာ...သေနာလေး တကယ်ပြောတာလား”

”တကယ်ပြောတာပါဗျ မယုံရင်
ကိုယ်တိုင် သွားကြည့်ကြ။ လူကြမ်းတွေသာ
ပြောတာ တကယ့် အပြင်မှာ ဖိုက်တာတွေ
ကြနေတာပဲ။ ကျုပ်တို့် တိုက်တန်းထဲက
ကောင်တွေ တစ်ကောင်မှ သူတို့လောက်
ဗလမတောင့် မဖြောင့်ကြဘူး၊ မင်းသား
တွေထက်တောင် သူတို့်က ပိုမိုက်သေး”

”တကဲတည်းတော် လူမိုက်ချီးမွမ်းခန်းဖွင့်နေတယ်
သွားကြည့်ခိုင်းတဲ့ မိပိုက်လည်းမလာသေးဘူး
ကောင်မ သူပါတခါတည်း ရုပ်ရှင်များ
ရိုက်နေသလားမသိပါဘူးအေ”

ပြောသူ စကားမဆုံးခင် မိပိုက်သည်
ပြုံးစိစိဖြင်ပြန်လာကာ

”ဟုတ်တယ်တော့ လူကြမ်းတွေ ရုပ်ရှင်ရိုက်နေကြတာ။ ကင်မရာကြီးနဲ့ ဟိုဖက်ကရိုက်လိုက်
ဒီဖက်ကရိုက်လိုက်နဲ့။ မင်းသား မင်းသမီးများ
ပါအုံးမလားလို့ မနည်းတိုးကြည့်ခဲ့ရတာ။
အံမယ် လူကြမ်းသာ ပြောတာ အချောတွေ
တော့ မင်းသားတွေထက် ပိုမိုက်တယ်”

”ကောင်မ ဒီကဖြင့် စောင့်နေရတာအမော
ဒင်းက မိန်းမနောက်ပိုးလုပ်နေတယ်။
ကဲ ကဲ ခုနက စာရွက်တွေ သေချာပြန်ရှာပြီး
စာရင်းတွေ သေချာပြန်လုပ်ကြအုံး။
ရုပ်ရှင် ရိုက်စရာရှားလို့ တို့တိုက်တန်းမှ
လာပြီး ရိုက်ရတယ်လို့”

”ဟ အစ်မတို့ တိုက်တန်းက နာမည်ကြီးနေလို့
နေမှာပေါ့ ရုပ်ရှင်တောင်လာရိုက်တယ်ဆိုတော့”

”ဟဲ့ နင်တို့လို အလုပ်မရှိ အကိုင်မရှိတွေက
ပြဿနာရှာနေကြလို့ တိုက်တန်းက နာမည်ကြီး
တာ နေမှာပေါ့”

”အံမလေးဗျာ ခင်ဗျာကြီးတို့ကပဲ
ပြောရတယ်ရှိသေး”

လူငယ်မှာ မျက်စောင်းခဲ၍ ပြောဆိုကာ
ထွက်သွားလေတော့သည်။

@htwegyi
Photo @htwegyi
MSC.036



0
0
0.000
4 comments
avatar


Posted using Partiko Android

0
0
0.000
avatar


0
0
0.000