လမ်းကြောင်းကြီး (၄)

avatar

image

ကျွန်တော်တို့သည် သုံးရက်အကြာမှာ
ပွဲစားထံမှ GP လွှဲစာရရှိခဲ့သည်။
ကျမ်းကျိန်စာရပြီးနောက် GP ရရှိသည်မှာ
ဗုဒ္ဓဟူးနေ့ ညနေမှရသည်။ မန္တလေးစည်ပင်သာယာရုံးတွင် မြေဂရန်သက်တမ်းတိုးမှုအား
နေ့ရက်အလိုက် မြို့နယ်များခွဲထား၍
ပြုလုပ်ပေးသည်။ ကျွန်တော်တို့မြေကွက်
ရှိသည့် ပြည်ကြီးတံခွန်မြို့နယ်သည်
တနင်္လာနှင့် ဗုဒ္ဓဟူး‌နေ့တို့ဖြစ်သည်။

ထိုကြောင့် တနင်္လာနေ့တွင်
1-မြေဂရန်မူရင်း၊ မိတ္တူများ၊
2-သေဆုံးကြောင်းရပ်ကွက်
ထောက်ခံစာနှင့် ဒေသန္တရထောက်ခံစာ၊
3-ကျမ်းကျိန်စာချုပ်
4-GP
5-အိမ်ထောင်စုဇယား
6-မှတ်ပုံတင်မူရင်းနှင့်မိတ္တူများ
7-တရားဝင်ဇနီးဖြစ်ကြောင်း ရပ်ကွက်ရုံး
ထောက်ခံစာများကို
စုစုပေါင်း 4စုံကူး၍ မန်းစည်ပင်သို့
ချီတက်ခဲ့ကြပါသည်။

မန်းစည်ပင်ရုံးသို့ 27လမ်းမှ ဝင်ရောက်ရပါသည်။
ရုံးအဝင်တွင် လုံခြုံရေးအတွက် ကွန်ပျူတာဖြင့်
မျက်နှာကိုဖတ်ခြင်း၊ မှတ်ပုံတင်နံပါတ်ရေးသွင်းခြင်း
များ ပြုလုပ်ရသည်။

20200709_101502.jpg

မန်းစည်ပင်သို့ လျှောက်လွှာတင်ရန် 6ထပ်
အဆောက်အဦအောက်ရှိ မြေစာရင်းဌာနရုံးခန်းသို့သွားရသည်။ ထိုရုံးခန်းတွင် လျှောက်လွှာပုံစံကို
လက်နှိပ်စက်မှရိုက်ပေးသည်။ လက်နှိပ်စက်ရိုက်သူ
တော်တော်နှင့်ပေါ်မလာသဖြင့် နာရီဝက်ခန့်
ထိုင်စောင့်ရသည်။ လက်နှိပ်စက်ရိုက်သူအား
လက်ဖက်ရည်ဖိုး 2000 ကျပ်ပေးလိုက်သည်။
(သူက မတောင်း ကိုယ့်ဟာကိုယ်ပေးခြင်းဖြစ်)

အဆိုပါ လက်နှိပ်စက်ရိုက်ထားသည့်
လျှောက်လွှာလေးကိုကိုင်ကာ မြို့တော်ခန်းမ(1)
အတွင်းရှိ စုံစမ်းရန်နေရာသို့ သွားရောက်သည်။
ကျွန်တော်တို့ ကံကောင်းသည်ဟုဆိုမလား
မြို့တော်ခန်းမအတွင်း၌ စာပွဲခုံများတန်းစီ
ချထားပြီး မြေဂရန်သက်တမ်းတိုးခြင်း၊
အိမ်ဆောက်မိန့်လျှောက်ထားခြင်းနှင့်
ဂရန်အမည်ပြောင်းလဲခြင်း အစရှိသဖြင့်
အခြားအမျိုးမျိုး‌သောကိစ္စများစွာကို
စီမံချက်သဘော လုပ်ဆောင်ပေးနေသည်။

မြို့တော်ဝန်ကြီး‌ တော်ပေစွ။
ကျွန်တော်တို့အရင် ဦးစွာဂရန်သက်တမ်း
တိုးသူများ ယခင်က တစ်ရုံးခန်းဝင်
တစ်ရုံးခန်းအထွက် သွားရောက်
လုပ်ဆောင်ရသည်ဟုပြောသည်။
ယခုမူ ခန်းမအတွင်း ခုံများတန်းစီချထားပြီး
ခုံများပေါ်တွင် မြို့နယ်အမည်များ၊
ဆောင်ရွက်ရမည့်ဌာနအမည်များကို
ရေးသားဖော်ပြထားသည်။

ထိုအပြင် နားမလည်ပါက မေးမြန်းစုံစမ်းရန်
နေရာကိုလည် စားပွဲတစ်လုံးဖြင့် သုံးလေးငါးဦးက
ရှင်းလင်းပြောကြားပေးသေးသည်။
နှစ်ရက် သုံးရက်လုပ်ရမည့် အလုပ်များကို
တစ်မနက်အတွင်း ပြီးစီးခဲ့ရသည်။
သတင်းစာကြော်ငြာခ 37000ကျပ်အတွက်
40000ကျပ်ပေးလိုက်သည်။ ကိုယ့်ဟာကိုယ်
ပေးခြင်းဖြစ်သည်။ နောက်ထပ်လျှောက်လွှာ
ခများအတွက် 4000ကျပ်ပေးရသည်။
ဤသို့ဖြင့် မြေဂရန်သက်တမ်းတိုးခြင်း
ပထမတစ်ရစ် အောင်မြင်စွာပြီးဆုံးခဲ့သည်။

@htwegyi



0
0
0.000
8 comments
avatar

လမ်းကြောင်းကြီးက ဖောက်လို့ ပြီးသေးဘူးလား

0
0
0.000
avatar

ပြီးသေးဘူးဗျို့။

0
0
0.000
avatar

လမ်းကြောင်းဖောက်လိုက်တော့ လျှောလျှောရှူရှူ ဖြစ်သွားတာပေါ့

0
0
0.000
avatar

ဟုတ်သဗျို့

0
0
0.000
avatar

လမ်းကြောင်းကြီး ဖေါက်တာ ပထမ အဆင့်ပဲ ပြီးသေးတာပေါ့..... ကောင်းပါလေ့ ကောင်းပါလေ့

0
0
0.000
avatar

ဒုတိယအဆင့်က ကြေး/မြေတိုင်းရုံးကို ဆက်သွားရအုံးမှာ။

0
0
0.000
avatar

လမ်းကြောင်းကြီးများ နဲနဲ ပြောင်းလဲလာကြပြီပေါ့။

0
0
0.000