ကြည်တင်နဲ့ ညားခြင်း

avatar

image

လူတွေနဲ့ဝေးဝေး ဝေးတဲ့နယ်မြေ
တစ်နေ့ရရှိရှိ ရှိရမယ်လေ။ ကိုဗစ်နဲ့ဝေးတဲ့
နေရာမှာ ရှာဖွေ၊ လူစုစုနေရာ
မသွားကြနဲ့လေ။ ဘာမှမဟုတ်ဘူး
ကိုပစ်ကြောင့် ညစ်နေတဲ့စိတ်တွေ
သက်သာသွားအောင် ‌ပေါက်တတ်ကရ
ရေးမိခြင်းဖြစ်သည်။

ရပ်ကွက်ထဲက အဲ တိုက်တန်းထဲက
ရီစရာအဖြစ်ပျက်ကလေးတစ်ခု
ရေးပြပါမည်။ ကျွန်တော့်အသိမိတ်ဆွေ၏
အမျိုးသမီးအကြောင်း ဖြစ်သည်။
သူမက အလွန်စေးနှဲသူဖြစ်သည်။
အလွန်စေးနှဲဆို ခင်ပွန်းဖြစ်သူ၏
လစာနဲ့ မိသားစုစားလောက်အောင်
စီမံရရှာသည်။

တစ်နေ့ သူမအိမ်ဘေးက အိမ်ရှင်မတစ်ဦးက
ဟင်းမချက်သဖြင့် စားသောက်ဆိုင်မှ
ပြည်လုံးချမ်းသာဆိုသည့်ဟင်းဝယ်စားသည်။
သူမကိုလည်း အနည်းငယ်ကျွေး‌သည်။
သူမက ကြိုက်နှစ်သက်၍ လစာထုတ်ရက်၌
ဝယ်စားရန် စိတ်ကူးသည်။

20200914_170540.jpg

လစာထုတ်ရက်၌ သွားရောက်ဝယ်လေသည်။
ဆိုင်ရောက်သည့်အခါ ဈေးမေးရာ 6000ကျပ်
ဟုပြောသည်။ သူမစိတ်တွင် 6000ကျပ်ဆို
မိသားစုအတွက် 3ရက်စာဖြစ်သည်။စားရ
ကောင်းမလား၊ မကောင်းလားစဉ်စားနေစဉ်

"ကြည်တင် တစ်ပွဲပေးပါဟေ့"

အော်သံကြားလေသည်။ သူမစိတ်တွင်
ကြည်တင်က ဘာပါလိမ့်သိချင်မိသည်။
စားပွဲထိုးလေးအား ကြည်တင်ကတစ်ပွဲ
ဘယ်လောက်လဲဟု မေးရာ 3000ကျပ်ဟု
ပြောသည်။ သူမစိတ်တွင် ကြည်တင်က
3000၊ ပြည်လုံးချမ်းသာက 6000ဆိုတော့
ထက်ဝက်ကွာသည်။ ကြည်တင်ဝယ်ရန်
ဆုံးဖြတ်လိုက်သည်။

စားပွဲထိုးလေးက အစ်မ ကြည်တင်ရပြီဟု
ပြောသံကြား အထုပ်ကိုကြည့်မိသောအခါ
ကြက်သားတုံးလေး နှစ်တုံး သုံးတုံးကို
တွေ့မြင်ရသည်။ ဟဲ့ပလုတ်တုတ်
ကြည်တင်ဆိုတာ ဒါကြီးပါလား ငါ့ဈေးထဲ
ဝယ်ချက်ရင် တစ်ထောင်ဖိုးလောက်ရှိတာ
3000‌ ပေးခဲ့ရပါလား။ ပြည်လုံးချမ်းသာ
ဝယ်တာမှ ဟုတ်အုံးမယ်။ သူမစိတ်တွင်
စကားများပြောနေ‌လေသည်။

အိမ်သို့ရောက်သောအခါ ယောင်္ကျားဖြစ်သူ
အား

" ကြည်တင်ဆိုတာ ပြည်လုံးချမ်းသာလို
အများကြီးရမယ်မှတ်လို့ ဝယ်လိုက်တာ
ခုလိုရမယ်မှတ် မဝယ်ပါဘူး။ ရှင် ဘယ်သူမှ
လျှောက်မပြောနဲ့နော်၊ ကျုပ်ကြည်တင်နဲ့
ညားခဲ့တာကို"

@htwegyi



0
0
0.000
10 comments
avatar

ကြည်တင် မကြားဖူး မစားဖူးဘူးဗျ

0
0
0.000
avatar

ကျွန်တော်လည်းမစားဖူးဘူး ကြက်ကို ကြပ်တင်ပြီး‌ ကျော်ထားတာလို့ထင်တာပဲ။

0
0
0.000
avatar

အရေနဲ့ ဟုတ်ဘူးလားဗျ

0
0
0.000
avatar

ပန်းချီပုံလေးက လှသဗျာ

0
0
0.000
avatar

ဆရာပေါ်ဦးသက်ပုံလေးတွေ လိုရင်သုံးဖို့ ယူထားတာပါ

0
0
0.000
avatar

image source ဂရုစိုက်ဦးဗျ

0
0
0.000
avatar

ဟုတ်ကဲ့ပါဗျို့

0
0
0.000
avatar

တယ်နှိပ်တဲ့ကြည်တင်ပါကလား😁

0
0
0.000
avatar

သူ့ခမျာ မနှိပ်ရှာဘူးရယ်

0
0
0.000