ကျောက်တော့ ကျောက်

avatar
(Edited)

image

ကျိန်စာသင့်မြေဟု ကိုဟင် ကပိုစ့်ရေးတင်သည့်အခါ
ကျွန်တော်က ကိုဟင့်ပိုစ့်အား ကွန်မန့်ရေးသားခဲ့သည်။ ကိုဟင်က ကျွန်တော်ကွန်မန့်‌ရေးထားသည့်
အကြောင်းကိုရေးပေးရန် ပြန်၍ မန့်ခဲ့သည်။
ကိုဟင်ရေးသားထားသည်မှာ ကချင်ပြည်နယ်
ကျောက်စိမ်းများထွက်သဖြင့် သယံဇာတကျိန်စာ
သင့်နေသည်။ လူငယ်များက ဖြတ်လမ်းနည်းဖြင့်
ချမ်းသာချင်ကြသဖြင့် ကျောက်စိမ်းမှော်များသို့
သွားရောက်တူးကြသည်။

ထိုသို့ကျောက်စိမ်းတူးကြရာတွင် ကချင်ပြည်နယ်မှ လူငယ်များအပြင် မြန်မာပြည်အရပ်ရပ်မှ
လူငယ်များစွာလဲ သွားရောက်၍ လောပန်အိပ်မက် မက်ကြသည်။ လူငယ်တို့သည် စွန့်စားချင်ကြ
သည်။ ကြီးပွားလိုကြသည်။ သို့သော် ရေရှည်ကို
မစောင့်စားလို၊ ရေတိုကိုလိုက်သူများလေသည်။
လောပန်းမဖြစ်ပဲ အများအားဖြင့် ဆေးစွဲသူ၊
ငှက်ဖျားမိသူသာများသည်။

မြန်မာပြည်အရပ်ရပ်က လူငယ်တွေအနက်
မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့လူငယ်
များဖြစ်သည့် ကျွန်တော့်အစ်ကိုနှင့် သူ့
သူငယ်ချင်းများအကြောင်းမန့်ထား၍
ရေးသားပြပါမည်။ဖားကန့်ကျောက်စိမ်းတွင်းနဲ့ပတ်သက်၍မန္တလေးမြို့မှာ အားကျစရာ
စိတ်ကူးယဉ်စရာဇာတ်လမ်းတစ်ခုရှိခဲ့သည်။

wim2c9.jpg
မန္တလေးမြို့တွင် ယခင်ကဟိုတယ်များ ယခုလောက်
မပေါများပေ။ တည်ခိုးခန်းများသာရှိသည်။
ထိုခေတ် ထိုအချိန်က ဖားကန့်ကျောက်စိမ်းတွင်းမှ
ကျောက်အောင်လာသူတစ်ဦးသည် လမ်း80
ပေါ်တွင် ဟိုတယ်ကြီးတစ်ခုဖွင့်၍ အကြီးအကျယ်
ကြီးပွားချမ်းသာခဲ့ဖူးသည်။ ထိုသူကို
အားကျ၍ ဖားကန့်ကျောက်စိမ်းတွင်းသို့
သွားရောက်သူများခဲ့သည်။

ကျွန်တော့်အစ်ကိုနှင့် သူငယ်ချင်းနှစ်ယောက်
ပေါင်းသုံးယောက်လဲ လောပန်းဖြစ်ရန်
ကျောက်စိမ်းမြေသို့ ချီတက်ကြလေသည်။
သူတို့သွားသည့်အချိန်က မိုးရာသီနှောင်းပိုင်း
ဖြစ်သည်။ မိဘများက အတန်တန်တားသည့်
ကြားက သူဌေးဖြစ်ချင်သူသုံးယောက်သည်
မြစ်ကြီးနားရထားကြီးစီး၍ စွန့်စားခန်းခရီး
စခဲ့ကြ‌လေသည်။

မိုးရာသီမှာ ကျွန်တော်တို့ရဲ့မြန်မာ့မီးရထား
လမ်းပိုင်းများသည် ထိုခေတ်က အမြဲမပျက်
လမ်းရေကျော်၊ ရေတိုက်စားခြင်း ခံရသည်။
မြစ်ကြီးနားလမ်းပိုင်းဆိုတော့ အထူးပြောစရာ
မလိုပေ။ အစ်ကိုတို့ သူငယ်ချင်းများစီးသွားသည့်
ရထားသည် မြစ်ကြီးနားမရောက်မှီ လမ်းမှာပင်
ရထားလမ်းရေကျော်ပါလေတော့သည်။
ဟိုဖက်ဒီဖက် ရထားပြောင်းစီးရမည်ဖြစ်သည်။

မန္တလေးမြို့အခေါ် ငါးပြ ခြောက်ပြခန့် လမ်းလျှောက်သွား၍ ရထားပြောင်းစီးရမည်ဖြစ်သည်။
အစ်ကိုတို့သူငယ်ချင်းများသည် မြို့မှာနေပြီး
ပင်ပန်းစွာလုပ်ကိုင်သူများမဟုတ်ရကာ
ကိုယ့်အထုပ်ကိုယ်ထမ်း မိုးထဲရေထဲ ရထား
ပြောင်းစီးရခြင်း၊ ရထားလမ်းပိတ်၍
စရိတ်ပျက်ခြင်းဒဏ်တို့ကြောင့်
ဖားကန့်ကျောက်တွင်းမရောက်မှီ
လမ်းခရီးတစ်ဝက်မှာပင် မိမိတို့နေအိမ်များသို့
ပြန်လည်ရောက်ရှိလာကြသည်။
အိမ်ပြန်ရောက်ပြီး တစ်ပတ်ခန့်အကြာ
သူတို့သုံးယောက်ထဲမှ တစ်ဦးသည်
ငှက်ဖျားမိလာ၍ အပြင်းအထန်
ဆေးကုသလိုက်ရပါ‌တော့သည်။

@htwegyi



0
0
0.000
8 comments
avatar

ဖားကန့်တောင် မရောက်လိုက်ရဘူးပေါ့.... ကျိန်စာ မသင့်တော့ဘူးလိုပဲ မှတ်ယူရမှာပေါ့။

0
0
0.000
avatar

ဒါတောင် အဖျားခတ်သွားတယ်ထင်ပ။

0
0
0.000
avatar

ကျောက်ရချင်တာများ အုန်းချောမှာ ပေါပါ့ဗျာ
ကျောက် တော့ ကျောက်ပဲ

0
0
0.000
avatar
(Edited)

အဲ့တာ ထုံးဘိုကျောက်ရထားနဲ့ ကျောက်ပုံတွေပ။

0
0
0.000
avatar

ဟိုရောက်ခဲ့ရင် အချီကြီးပွမှာမို့ အဖျက်အမှောင့် အနှောက်အယှက်ဝင်တဲ့သဘောဗျ..
နောက်တစ်ခေါက်လောက်ထပ်တက်ရမှာ 😂😂

0
0
0.000
avatar

အဟားဟား အသာလုပ်ပါ ခုထိ ကျုပ်အစ်ကို ဖားကန့်လိုအသံကြားရင်၊
ဖားကန့်သွားရအောင်လို့ ပြောရင်တောင် မျက်ထောင့်နီနဲ့ ကြည့်သဗျို့ 😁

0
0
0.000
avatar

ဖားကန့်မှာ ကျောက်ပုံပြိုတာကြီး ကြည့်ပြီး သွားဖို့ လုံးဝ စိတ်မကူးရဲ😁။

0
0
0.000
avatar

အခုခေတ်လူငယ်တွေက အမြင်ကျယ်ပါတယ်။

0
0
0.000