ကျိုက်ထီးရိုး တန်ဆောင်မုန်းည

avatar

image

ရေးစရာ စဉ်းစားမရတော့လည်း
ဟိုယခင် ခရီးသွားခဲ့သည့်အကြောင်းအရာများကို
အတွေးမှာ ပေါ်လာသဖြင့် ပြန်ပြီးရေးသား
မိပါသည်။ ပြီးခဲ့သည့် 2017ခုနှစ်က
ကျိုက်ထီးရိုးဘုရားသို့ ရုံးအဖွဲ့သားများနှင့်
ရောက်ခဲ့သည့်ခရီးစဥ်ကို ပြန်လည်သတိရ၍
ရေးပါအုံးမည်။ တန်ဆောင်မုန်းလပြည့်
ရုံးပိတ်ရက် ရက်များ၍ ရုံးသူရုံးသားများဖြင့်
သွားရောက်ကြသည်။

ဟိုးယခင် ကျိုက်ထီးရိုးဘုရားသို့
သွားရောက်ဖူးမြော်ခဲ့စဉ်က အေးအေး
ချမ်းချမ်း၊ ဘာသာယာယာ ကြည်ကြည်နူးနူး
ဖြင့် ဖူးမြော်ခဲ့ရသည်။ ယခုအခါ
တန်ဆောင်မုန်းလပြည့်ဖြစ်၍
ကျိုက်ထီးရိုးဘုရားသွားရာ လမ်းခရီး
တလျှောက်မှာပင် ကားများကြပ်ညပ်
ပြည့်သိပ်နေ၍ လမ်းပိတ်နေလေသည်။

zc0w80.jpg

ကျွန်တော်တို့ရုံးအဖွဲ့စီးသည့်ကားမှာ
ကားကြီးဖြစ်၍ ကင်မွန်းစခန်းသွားရာ
လမ်းခရီးမှာပင် ရပ်ထားခဲ့ရသည်။
ကားများလမ်းတွင်ပိတ်နေ၍ ကင်မွန်းစခန်း
သို့ ဆိုင်ကယ်ကယ်ရီများဖြင့် သွားရောက်
ရသည်။ ဆိုင်ကယ် ကယ်ရီသမားများကလည်း
အပြိုင်အဆိုင်ခေါ်ကာ ကင်မွန်းစခန်းသို့
ပို့ပေးကြသည်။

ကင်မွန်းစခန်းတွင်ခဏနားပြီး ကျိုက်ထီးရိုးဘုရား
ပေါ်သို့တက်ရန် ကားစခန်းသို့သွားကြသည်။
ကားစခန်းတွင် လူများစွာက တောင်ပေါ်တက်မည့်
ကားများပေါ်သို့ အလုအယက်တိုးဝှေ့ စုပြုံတိုး
တက်နေကြသည်။ ကြည့်ရ မြင်ရသည်မှာ
စိတ်မသက်သာပေစွ။ ကျွန်တော်တို့အဖွဲ့သည်
လူရှင်းသည့် ကားပေါ်သို့တက်ကြသည်။
အဖွဲ့အင်အားတောင့်၍ ကားတစ်စီးနီးပါးပြည့်
သွားသည်။

docqgy.jpg

ညနေချိန်ဖြစ်၍ ကျိုက်ထီးရိုးတောင်ပေါ်လေ
တို့က အေးမြလှသည်။ တောင်ပေါ်သို့ရောက်ရှိသည့်အခါမှာ အလိုလေ တ ရအောင် များပြားသည့်
ဘုရားဖူးလာ လူအုပ်ကြီးကိုမြင်လိုက်ရပေသည်။
ဘုရားရင်ပြင်ပေါ်တွင် ခြေချစရာမရှိအောင်
များပြားသည့်လူများစွာကို တွေ့မြင်ရသည်မှာ
နောင်တဖြစ်မိသည်။ ဘုရားကိုကောင်းစွာမဖူးရ၊
တည်ခိုးခန်းမရ၊ အိပ်စရာနေရာခက်ခဲလှ၍
လမ်းဘေးမှာ ပလတ်စတစ်ဖျာများခင်း
အိပ်ရသည်။

အိပ်ရာခင်းမပါသူများက ပလတ်စတစ်ဖျာများ
ဝယ်ယူသည့်အခါ ဈေးရောင်းသူတို့က
ရောင်းကောင်း၍ ဈေးတင်ရောင်းကြသည်။
‌အလွန်အေး အလွန်ချမ်းလှသည့်
ကျိုက်ထီးရိုး၏ တန်ဆောင်မုန်းလပြည့်ညက
တစ်သက်မမေ့တော့ပေ။ ဘေးတဘက်တချက်မှ
တိုက်ခတ်သည့်လေများက အေးခြင်း၊
အပေါ်မှာကျလာသည် နှင်းစက် နှင်းပေါက်
တို့က စိုရွှဲအေးမြခြင်း၊ လေအဝှေ့ နှာဝသို့
တိုးဝှေ့လာသည့် ရှူးရှူးနံ့က တသင်းသင်းဖြင့်
ကျိုက်ထီးရိုးလပြည့်ညကို ဖြတ်သန်းခဲ့ရသည်။

နံနက် 3 နာရီအချိန် တောင်အောက်သို့
ပြန်ဆင်းသည့်အခါမှလည်း ကားများပေါ်သို့
အလုအယက်တိုးဝှေ့ စီးကြရပြန်ပါသည်။
နောင် အခါကြီး နေ့ကြီးရက်ကြီးများတွင်
မည်သည့်နေရာမျှမသွားရန် စိတ်ဆုံးဖြတ်ချက်
ချလိုက်မိသည်။ မိတ်ဆွေတို့လည်း
သတိထားမိစေရန် ဝေမျှလိုက်ပါသည်။

@htwegyi



0
0
0.000
4 comments
avatar

အခါကြီးရက်ကြီး သွားတော့ လူစည်
ကြားရက်တွေ သွားတော့ စိတ်ကြည်

0
0
0.000
avatar

ဟုတ်သပ ကြားရက်ခွင့်ယူသွားရမယ်။

0
0
0.000