Crytocurrency ကို ချောင်းကြည့်ခြင်း

avatar

image

BTC ဈေးက တရိပ်ရိပ်တက်လာနေသည်။
ကိုယ်တွေရဲ့ HBD က 1$ ကနေ အောက်ပြုတ်ကျသွားသည်။ ဆိုးချက် Hive က တော့ တက်‌ယောင်
ပြသည်။ HBD က 1$ ကနေ တက်လိုက် ကျလိုက်
ဖြင့် မခံချင်အောင် စ နေသလိုပင်။ ကိုယ်တွေရဲ့
အဆက်ဟောင်းကြီး SBD ကတော့ 3$ ကျော်ပင်
ရောက်ရှိနေသည်။

အများတကာတွေ ဈေးတက်တာမြင်တော့
ကိုယ်တွေရဲ့ HBD နဲ့ Hive ကိုလည်း
ဈေးတက်စေချင်ပါသည်။ BTC ရှာခဲ့စဉ်
ဟိုးအတိတ်ကို ပြန်သတိရမိသည်။
ငယ်ရွယ်စဉ် မျက်စိလည်းကောင်း
Wi Fi က ဖရီးရ၊ အလုပ်ကလည်းမများ
ဆိုတော့ BTC တွေ ရှာနိုင်ခဲ့သည်။

img_0.663042328215082.jpg

ကိုယ်တွေ BTC ရှာစဉ်က 5000၊ 6000 သာ
ရှိခဲ့သော BTC သည် ခုအခါမှာ 23000$ ကျော်
ဖြစ်နေသောအခါ မယုံနိုင်စရာ မဟုတ်ကြောင်း
ဒိဌ တွေ့မြင်နေရသည်။ ကိုယ်တွေရဲ့ Hive သည်လည်း တစ်နေ့ 10$ 100$ မဖြစ်ဘူးလို့ မည်သူ
ပြောနိုင်ပါမလဲလေ။ မျော်လင့်ချက်နဲ့
အသက်ဆက်ကြသလို Hive ဈေးတက်ဖို့
အတွက် စာရေးကြတာပေါ့။

ခုချိန်မှတော့ ကိုဗစ်ကာကွယ်ဆေးများပေါ်
ပေါက်လာသလို့ Crytocurrency များသည်လည်း
အသီးသီး အလျှိုလျှိုအစိမ်းရောင်များသန်းလာ
နေပေသည်။ ဒီတော စာရေးရသူ ကိုယ်တွေအဖို့
အားတက်စရာဖြစ်ပေသည်။ ဘယ်ဟာတွေ
ဘယ်လိုဈေးတက်ပါစေ အဲ့ဈေးတက်သည့်အထဲ
ကိုယ်တွေရဲ့ Hive ပါဝင်ဖို့ အရေကြီးပေသည်။

img_0.7899109596833795.jpg

Crytocurrency ဆိုသည်မှာ မမြင်ရသော
အင်တာနက်ငွေကြေးလုပ်ဆောင်မှုဟု
ကျွန်တော်အသိမှာ မှတ်သားထားသည်။
မှားယွင်းပါက မန့်မှာ ထောက်ပြပေးကြပါ။
ယခုထိ Crytocurrency ကို သေသေချာချာ
လုံးစေ့ပတ်မ မသိသေးပါ။ မည်သည့်ကွိုင်းများကို
ဝယ်ယူ စုဆောင်၍ မည်သည့်အချိန်မှာ
ပြန်လည်ရောင်းချရမည်ကို သိရပါလျှင်
ကိုယ်တက်နိုင်သည့် ဆုံးရှုံးနိုင်သည့်ပမာဏဖြင့်
Crytocurrency ကိုတော့ ဆော့ကစား
ကြည့်ချင်မိပါသေးသည်။

@htwegyi



0
0
0.000
9 comments
avatar

ဟုတ်ပဗျာ
ကိုယ့်ရှိတဲ့ဟာလေးတွေ တက်ရင် ကောင်းမှာပဲ

0
0
0.000
avatar

Hive တွေဈေးတက်ရင် ပျော်စရာကောင်းမှာပါ

0
0
0.000
avatar

ဒီအောက် မကျနိုင်ပါဘူး။
တက်ရင် အဆင်သင့် ဖြစ်အောင် ကိုယ်ကသာ စုထားနိုင်ဖို့ အရေးကြိးပါတယ်။

0
0
0.000
avatar

ဟုတ်ကဲ့ပါ ကိုဟိန်းရေ ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်
အမြဲတမ်းပဲ ရေးလို့ထားပါမယ်

0
0
0.000
avatar

BTC ကို ကျွန်တော်က 2018 မှ စသိခဲ့တာ။ အသိနောက်ကျလေခြင်းဗျာ။

0
0
0.000
avatar

ကိုယ်တွေက သိတာစောလည်း အရောင်းအဝယ် မလုပ်တတ်သေးဘူး

0
0
0.000
avatar

BTC ဈေး ကြည့်ပြီး အားကျနေလားဗျ

0
0
0.000
avatar

အဟုတ် အားကျစရာကောင်းချက်

0
0
0.000