သူ့စိတ်ကိုယ့်စိတ် သူ့ဘဝကိုယ့်ဘဝ ဒိုင်ယာရီရေးကြမလား

avatar

မင်္ဂလာပါ...
7tediqs36y.png
စတီးမစ် အသုံးပြုလာတာ နှစ်နှစ်ကျော်ခဲ့ပါပြီ။
ခရစ်တိုတွေကို စိတ်ဝင်စားမိရာကနေ စသိခဲ့ပြီး
ဒစ်ဂျစ်တယ်ငွေကြေးလေးများ ရရှိစေရန် ရည်ရွယ်ခဲ့တာပါ။
အားလပ်သမျှ အချိန်လေးတွေကို အကျိုးရှိရှိ
ဖြစ်ထွန်းစေရန် ရနိုင်သမျှ ကိွုင်တွေ တုန်ကင်တွေကို
စုဆောင်းခဲ့ပါတယ်။ ကြိုက်ဈေးရရင် ထုတ်မယ်ပေါ့...

ဒီလိုနဲ့ စတီးမစ်ကြီးကို အစွဲလန်းကြီး စွဲလန်းခဲ့ရပါတယ်။
အွန်လိုင်းဝင်ငွေ မျိုးမျိုးမြတ်မြတ်လေးများ ရမလား
မျှော်လင့်ပြီး စလုပ်ခဲ့သော်လည်း ခုများတွင်
မရလည်း လုပ် နည်းလည်း လုပ်နှင့် အစွဲတစ်ခုဖြင့်
ဆက်လုပ်နေဖြစ်ပါတယ်။

ကိုဟင်နရီအောင် သည်ကား စတီးမစ် အပေါ်
အတော် ယုံကြည်ခဲ့သူ တစ်ဦး ဖြစ်ပေမည်။ နှစ်ရှည်အစီအစဉ်
ဆွဲထားဟန်လည်း ရှိသည်။ သူ့ရဲ့ နောက်မျိုးဆက် အတွက်ပင်
ရည်မှန်းထားခဲ့လေသည်။ ထို့ကြောင့် စတီးမစ်ပို့စ်တွေကို
ဂရုတစိုက်ရေး တင်ခဲ့သလို ဘဝဒိုင်ယာရီ အဖြစ်တောင်
ကျန်ရစ်စေလိုသူ ဖြစ်သည်။ ဂုဏ်ယူစရာကောင်းပါတယ်။

ကျွန်တော်သည်ကား သူကဲ့သို့ မဟုတ်ခြေ...
အကျိုးအမြတ်တစ်စုံတစ်ရာကို ပိုမို မျှော်ကိုးမိသည်။
အရည်အသွေးထက် အရေအတွက်ကို ပိုဦးစားပေးမိသည်။
ထို့ကြောင့် ရနိုင်သမျှ ပို့စ်တွေ လျှောက်တင်သည်။
ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်နိုင်စွမ်းတို့ကို
ဖယ်ထားကာ ဖြစ်သလို လုပ်နေခဲ့သည်။ ရှက်မိပါသည်။

သို့သော် အစွဲတစ်ခု ဖြုတ်မရသေးသောကြောင့်
လောလောဆယ် အမြတ်မထွက်သည်ကို ရူးသွပ်စွဲလန်းစွာ
ဇွဲကောင်းနေမိပါတော့သည်။ သည်းခံခွင့်လွှတ်ပေးကြပါကုန်။
future
အီးလို ရေးဖို့လည်း အချိန်ပေး အားမထုတ်ချင်...
မြန်မာလိုလည်း ဖတ်သည့်သူ သိတ်မရှိလှ...
ဒီလိုအခြေအနေမျိုးမှာ ဒီလိုပို့စ်လေးတွေပဲ တင်နေမိတော့သည်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193
@golden.



0
0
0.000
3 comments
avatar

ကိုဟိန်းရေ…ခင်ဗျားလည်း ဇွဲကောင်းပါတယ်ဗျ…))

0
0
0.000