Let Us Power Up At SPUD5 (01/09/2019)

avatar

မင်္ဂလာပါ...
Screenshot_2019_0823_163956.png
ဒီနေ့ 23/08/2019 ရက်နေ့ ဖြစ်သောကြောင့် လကုန်ဖို့
တစ်ပတ်သာ လိုပါတော့မယ်။
1/09/2019 ရက်နေ့အား SPUD5 Power Up နေ့
ဟု @streetstyle မှ ကြေငြာထားခဲ့ပါတယ်။
ယခင်လကတော့ ကျွန်တော်က ပထမ ရခဲ့တာမို့
Steem Power Delegation များ လေးပတ်တိတိ
ရရှိခဲ့တာကြောင့် ယခုလ ကျွန်တော်၏ Steemit
Reward များမှာ SP အပေါင်း Steem 100 ဝန်းကျင်
ရလိမ့်မည်ဟု ခန့်မှန်းမိပါသည်။ ယနေ့ထိဆို 70 လောက်
ရရှိပြီး ဖြစ်ပါသည်။

HF21 လွှင့်တင်မည်မှာလည်း လေး-ငါးရက်သာ လိုတော့သည်။
၎င်းပြီးလျှင် Reward ပေးသည့် စနစ်မှ အပြောင်းအလဲ
ဖြစ်မှာဆိုတော့ SP များသောသူများသာ အကျိုးထူးပါလိမ့်မည်။
ထို့အတွက် SP ပို လိုအပ်လာလိမ့်မည်ဟု ထင်မြင်ရပါသည်။
SP ပိုမို လိုလာမည် ဖြစ်သောကြောင့် Power Up,ခြင်းများ
ပိုမို လုပ်ဆောင်လာကြသလို Steem ဝယ်ယူခြင်းများလည်း
ပိုမိုလာမည် ထင်ရပါသည်။ ထိုအခါ Steem price သည်လည်း
အနည်းငယ် ဦးမော့လာနိုင်အံ့ ထင်မိပါသည်။
ကျွန်တော်၏ အထင်အမြင်သာ ဖြစ်၍ မှန်မည် မှားမည်
မသေချာ မရေရာပါ။
ခန့်မှန်းသည် ဆိုရာဝယ် အတွေ့အကြုံ ဗဟုသုတ မပါ
မကောင်းပါက မိမိလိုရာ ဆွဲတွေးခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင် ဆိုစေကာမူ
ကျွန်တော်လို Steemit အပေါ် ရူးသွပ်စွာ ယုံကြည်နေသူများ
အဖို့တော့ ရေရှည်အစီအစဉ် အရ Power Up ကြပေလိမ့်မည်။

ထို့ကြောင့် 01/09/2019 #SPUD5 နေ့၌
ကျွန်တော် Power Up ပါမည်။ ဆုထပ်ရခဲ့လျှင်တော့
ဖိုးကံကောင်းပေါဗျာ😁😁😁

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193
@golden.future



0
0
0.000
2 comments
avatar

လုပ်ကြပါ တော်တို့က ပထမဆု ရထားတဲ့သူတွေပဲဟာ 😁

0
0
0.000