ချစ်သူ့ကုက္ကိုတန်း

avatar

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

မအားတဲ့ကြားက အရအမိ စတီးမစ်မှာ ပို့စ်တင်လိုက်ပါတယ်။
ဒီနေ့ အကြောင်းအရာကိုတော့ ချစ်သူ့ကုက္ကိုတန်း ဟု
အမည်ပေးလိုက်ပါတယ်။
1p0j03.jpg
အမှန်တကယ်တော့ ထိုနေရာကို ချစ်သူစုံတွဲတွေ ချစ်ပွဲ
ဆင်နွှဲဖို့ ကုက္ကိုပင်တွေ တန်းစီ စိုက်ထားခဲ့တာ မဟုတ်ပါဘူး။
မန္တလေး ရန်ကုန် အမြန်လမ်း၊ မန္တလေးမြို့ထွက် အရိပ်ရစေရန်
သော်လည်းကောင်း၊ ခရီးသည်များ အရိပ်အာဝါသ ရစေရန်
သော်လည်းကောင်း၊ လမ်းဘေးအလှ စိုက်ထားခြင်း
ဖြစ်မှာပါ။

သို့ပေသော်လည်း ရွှေမြန်မာလူငယ်တို့မှာ လူငယ်ဘာဝ
ချစ်စကားပလီပလာ တီတာခြွေရင်း နှစ်ကိုယ်တူစုံ ချစ်တင်းနှော
ကြဖို့ အရိပ်ချောင်ခို ပျော်ပါးတတ်ကြပါတယ်။
ငွေကြေး ခြွေတာရသော မြန်မာလူငယ်တို့မှာ ဘာသာဘာဝ
ချစ်ရည်းစားထား ပျော်ပါးကြရာဝယ် ဟိုတည်၊တည်းခိုခန်းတွေ၌
မသွားနေနိုင်ကြပါဘူး။ ငွေကုန်ကြေးကျ မရှိသော
သစ်ရိပ်ပဲ ခိုကြရတာပေါ့ဗျာ။

ဤသို့သော ဖြစ်စဉ်ပုံမှာ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီလှသည်
တော့ မဟုတ်ပါ။ သို့သော်ငြားလည်း ခေတ်ရေစီးကြောင်းရဲ့
တိုက်စားမှုအရ မြန်မာလူငယ်စုံတွဲများမှာ ဤသို့သော
အလေ့အထအမူအကျင့်လေးတွေ ရှိနေတတ်ကြပါတယ်။

ဒါကြောင့်သာပဲ ထိုနေရာကုက္ကိုတန်းကို ချစ်သူ့ကုက္ကိုတန်း
ဟု အမည်ပေးရင်း အမြင်မတော်တာ ပို့စ်တင်သရော်လိုက်ရ
ပါတော့သည်။

မိတ်ဆွေများရော ဘယ်လိုသဘောရကြပါလဲဗျ။

အားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 194
@golden.future



0
0
0.000
3 comments
avatar

According to the Bible, Ask Bro. Eliseo Soriano: Is Jesus God? or Man?

Watch the Video below to know the Answer...

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074

0
0
0.000
avatar

Jesus is not a man.... He's the son of God he's the second in command in heaven

0
0
0.000