Dreaming Journey (အိပ်မက်ခရီး)

avatar

မင်္ဂလာပါ မိတ်ဆွေတို့ရေ
a70l9y7yrt.jpg
တစ်နေ့တစ်နေ့ ဓာတ်ပုံတွေ ရိုက်လိုက် ပို့စ်တင်လိုက်၊
Game ကစားလိုက် ပို့စ်တင်လိုက်၊ စာတွေရေးလိုက် ပို့စ်တင်လိုက်
နဲ့ နားရက်ကို မထားမိပါဘူး။

ဖုန်းကီးဘုတ်ပေါ် လက်ရောက်တာနဲ့ စိတ်ထဲ ရှိတာ ရိုက်ရင်း
ပိုစ့်တွေ တင်နေတာ အမြင်များ ကပ်နေကြပြီလားဗျာ။

ထူးမခြားနား စကားလုံးတွေနဲ့ အမျိုးမျိုးဖွဲ့နွဲ့ ရေးပေမယ့်
ရင်ထဲ ခံစား အချိန်များ မပေးအားလေဘဲ ထွက်ကျလာတဲ့
စာတွေ ဆိုတော့လည်း အရည်အသွေးက ပါမလာခဲဘူး။

တစ်ချိန်တုန်းကတော့ မြန်မာစာ အရေးအသား အရည်အသွေး
နှင့် မြန်မာနိုင်ငံ ဂုဏ်ရှန် တတ်ရလေအောင် ကြိုးစားကြမယ်ဟဲ့
ဆိုတဲ့ စိတ်တူရည်တူ အဖွဲ့လေးနဲ့ မြိုင်ဆိုင်ဝေဆာခဲ့ဖူးပါတယ်။

စတီးမစ် ဆိုတာကြီးက တစ်ကယ့် မာရသွန်တာဝေးသမားတွေ
အတွက်ပေလား။ တော်တန်ရုံ ဇွဲ ကြိုးစားမှုနဲ့တော့ ဘာမှ
ထူးခြားလာမယ် မဟုတ်သလို ပြေးလမ်းပေါ်က ဆင်းသွားကြသူ
တွေလည်း အများသားပါပဲ။

ဇွဲ ရှိတယ် ထားဦး အရည်အသွေး ပြည့်ဝ Creative တွေ
အသစ် မဖန်တီးနိုင်ရင်လည်း ရလဒ်က အကျိုးမများပေဘူး။
ကြိုးစားတယ် ထားဦး SP တောင့်တင်းတဲ့ နိုင်ငံခြားမိတ်ဆွေတွေ
နှင့် မဆက်ဆံနိုင်ရင်လည်း ရလဒ်က တိုးပွားမြန်ဖို့ မလွယ်ဘူး။

ဒီလိုနဲ့ အမြင့်ပျံ ငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးမှာ
အတောင်ညောင်းလို့ ကျန်ခဲ့သူတွေနှင့် အတောင်ကျိုးလို့
မဟန်တဲ့သူတွေက တစ်ပုံကြီးပေ။

ဒီထဲကမှာ နားလိုက် ခတ်လိုက် ပုံမှန် ရှေ့တတ်နေသူတွေကတော့
အိပ်မက်ခရီး ပြီးမြောက်ကြလိမ့်မယ် ထင်ပါရဲ့။

တစ်ဘူတာပြီးတစ်ဘူတာ ဆိုသလို ဟဒ်ဖော့တွေ၊ ပရောဂျက်တွေ
အမျိုးမျိုး ဆိုက်ခဲ့ရဖူးပြီမို့ ၂၀၂၀ အက်စ်အမ်တီစက် ဆိုတဲ့
မျှော်လင့်ချက်ရောင်နီဘူတာကြီး ရောက်ဖို့လည်း မဝေးတော့ပါဘူး။

အဲ့ဒီဘူတာ ရောက်ရင်တော့ဖြင့် ကျွန်တော်တို့အိပ်မက်လေးတွေ
ပြည့်စုံလို့ ပျော်ရွှင်ရမယ် ထင်ပါရဲ့ဗျာ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
@golden.future



0
0
0.000
10 comments
avatar

ဟုတ်ပ့ဗျာ...

0
0
0.000
avatar

ဟုတ်ပါ့ဗျာ ဆိုတော့ ဘာထပ်ပြောရမယ် မသိ

Posted using Partiko Android

0
0
0.000
avatar

ဟုတ်ပ bro

Posted using Partiko Android

0
0
0.000
avatar

စစ်သားတွေ လက်နက်တပ်ဆင်တာ ပြောပြဦ

Posted using Partiko Android

0
0
0.000
avatar

item ရောင်းသလိုပဲ bro
ဒါပေမဲ့ ကိုယ်အိမ်ဝယ်ထားတဲ့မြို့မှာပဲဆင်လို့ရမယ်ထင်တယ် ။
အိမ်ဝယ်ထားတဲ့မြို့က house ထဲဝယ်ပြီးတော့ accommodation ထဲဝင်ပြီး ဆင်မဲ့ item တွေကို ထောက်ပြီး ထည့်ရုံပဲ bro

Posted using Partiko Android

0
0
0.000
avatar

House ဝယ်ထားတဲ့ မြို့မှာ house ထဲ item ထပ်ဝယ်ပြီးမှ ထည့်လို့ ရတာလား

Posted using Partiko Android

0
0
0.000
avatar

ကိုယ့်မှာ ရှိတဲ့ resources တွေနဲ့ item လုပ်ပြီး ထည့်လို့ရတယ် bro
လုပ်တာကတော့ house ဝယ်ထားတဲ့ မြို့မှာပဲ လုပ်လို့ရတာ bro

Posted using Partiko Android

0
0
0.000