အရသာရှိတဲ့ နာကျင်စရာတွေ

avatar

လှပတဲ့လောကကြီး ။ လှပတဲ့ တိမ်စိုင်တေ ။ လှပတဲ့ကောင်းကင် ။ လှပတဲ့နေရာ ။ အကုန် သာယာဖွယ်ရာနဲ့ ပြည့်ဝနေတာ ဟုတ်ရဲ့လား ? နာကျင်စရာတွေက ကျွှန်တော်တို့အတွက် ပိုများတယ် ။ တစ်ချို့နာကျင်စရာတွေကိုတော့ အရသာ တစ်ခုအဖြစ် ခံစားလိုက်ကြတယ် ။ တစ်ချို့ကလဲ ခံစားမှု အရသာတွေအတွက် တစ်ချိန်မှာ နာကျင်မှုတွေ ပေးဆပ်ရလိမ့်မယ် ။ ဒါပေမဲ့ ကျွှန်တော် အဲ့ဒီ နာကျင်စရာတွေ ဒုက္ခတွေ ထဲမှာပျော်နေမိတယ် ။


1563952721375.jpg
Image source

ကျွှန်တော်တို့ ကိုယ်တိုင် မသိဘဲ နာကျင်မှုတွေအပေါ်မှာ သာယာနေမိတယ် ။ ရုန်းမထွက်နိုင်ဘဲ ထိုအရာတွေကိုသာ တမ်းတနေမိတယ် ။ ယားတဲ့အခါ ကုတ်လိုက်မှ နေသာထိုင်သာရှိသတဲ့ ။ ကုတ်လိုက်တဲ့အချိန် ယားတဲ့ခံစားချက် အမြင့်ဆုံးကို တက်သွားတယ် ။ ဒါမျိုးကို ကျွှန်တော် သာယာနေမိပြန်တယ် ။ ကျွှန်တော်တို့က ကိုယ်ကောင်းတယ် ထင်ကြတဲ့အရာတွေကို လိုချင်နေကြတာပါ ။ တစ်ကယ်ရော ကောင်းပါ့မလား ။ အရာရာ ဟာ အစစ်အမှန် ဟုတ်ချင်မှ ဟုတ်မယ် ။ ကြောင်တစ်ကောင်ရဲ့ မျက်လုံးတွေက ကျွှန်တော်တို့ မြင်သလို မြင်ကြပါ့မလား ? ။


CC0M28.jpg
Image source

ပုတ်နေတဲ့ အသီးတစ်လုံးထဲက ပိုးလောက်တွေက သူတို့ စားကောင်းသောက်ဖွယ်တွေ သုံးဆောင်နေရတယ် ထင်လိမ့်မယ် ။ ကျွှန်တော့်ရဲ့ စားကောင်းသောက်ဖွယ်တွေကရော ? ကျွှန်တော်တို့ရဲ့ နေထိုင်မှုတွေကရော ။ ကျွှန်တော်တို့ ချစ်မြတ်နိုးနေတဲ့ အရာတွေကရော ။ တစ်ခါတစ်လေ လွမ်းနေမိတယ် အဲ့တာလေးကို ခံစားပြီး သာယာအိနေသလို ။ ချစ်ခဲ့မိတာ နောင်တမရသလိုလို ။ သူ့ကို တွေ့လိုက်ရင် ဒါဏ်ရာတွေက ခံစားချက်ကောင်းတွေ ပြောင်းသွားသလိုလို ။ အော် ငါလဲ နာကျင်နေရတာဘဲ ကောင်းပါတော့တယ်လေ ။

@domelay



0
0
0.000
4 comments
avatar

ချစ်မိပြီ ဆိုတာနဲ့ ပျော်စရာ လွမ်းစရာ ရင်နာစရာတွေက အဖော်တွေပေါ့

0
0
0.000
avatar

အတူတူ ကပ်ပါလာကြတာတွေ ခ်ခ်

0
0
0.000
avatar

အမှန်တော့ ကိုယ့်စားကောင်းသောက်ဖွယ်လေးတွေကို စားသွားတဲ့အကောင်လေးတွေကို ကြော်စားလိုက်ရင် ကိုယ့်အတွက် စားကောင်းသောက်ဖွယ် အသစ်လေးတစ်ခု ရလာတယ်လေ 😜 😜

0
0
0.000
avatar

ငှဲ့ သူပြောမှဘဲ အသဲကိုစားသွားတဲ့ ကောင်မလေးရှာပြီး ကြော်စားပလိုက်ရမလို ။

0
0
0.000