Today My Crafts Paper Pen Box

avatar

ဒီနေ့တော့ခဲတံ၊ဘောလ်ပင်၊စတာတွေထည့်လို့ရတဲ့pen boxတစ်ခုပြုလုပ်ထားပြီး၊ပြုလုပ်နည်းကိုပုံနဲ့စာတို့ဖြင့်အဆင့်ဆင့်ဖော်ပြထားပါတယ်။ဒီဘောက်စ်ကနှစ်မျိုးအသုံးပြုလို့ရပါတယ်။ဘောလ်ပင်တွေထည့်ပြီး၊အဖုံးဖုံးပြီးအဖွင့်အပိတ်ပြုလုပ်၍အသုံးပြုနိုင်သလို၊ဒီအတိုင်းထားလို့ရတဲ့ဘောက်စ်နှစ်ခုအသုံးပြုလို့ရတဲ့ပုံစံမျိုးပြုလုပ်ထားပါတယ်။ကတ်ထူဘူးခွံ၊ရောင်စုံစက္ကူ၊ခဲတံ၊ပေတံ၊ကော်စသဖြင့်အသုံးပြု၍ပြုလုပ်ထားတာပါ။ပထမအဆင့်မှာကတ်ထူဘူးခွံတစ်ခုကိုယူပြီး၊ပုံပြထားတဲ့အတိုင်းအကြီးတစ်ခု၊အငယ်တစ်ခုဖြတ်လိုက်ပါတယ်။ပြီးနောက်အစိမ်းရောင်စာရွက်ဖြင့်ကော်ကပ်ပြီး၊အနားတွေကိုပန်းရောင်စာရွက်အပိုင်းများဖြင့်အနားကွပ်လိုက်ပါတယ်။ပြီးနောက်ထိုဘောက်စ်ရဲ့အလျားအတိုင်းအခြားကတ်ထူတစ်ခုပြုလုပ်ပါတယ်။ထိုကတ်ထူကိုအလယ်မှတစ်ဝက်တိတိဖြတ်၍ခေါက်ချိုးလို့ရအောင်ပြုလုပ်ပါတယ်။အပြာရောင်စက္ကူဖြင့်ကော်ကပ်လိုက်ပြီး၊ဘောက်စ်ရဲ့ကျောဘက်မှာကော်ကပ်လိုက်ပါတယ်။

img_0.552319353390891.jpg

img_0.0395726259269963.jpg

img_0.8590938816445113.jpg

img_0.3723417353189749.jpg

img_0.24335563452664005.jpg

ဒီအဆင့်မှာဘောက်စ်ရဲ့အဖွင့်အပိတ်လုပ်တဲ့နေရာမှာကတ်ထူနဲ့အနီရောင်စက္ကူဖြင့်အသည်းပုံစံလေးနှစ်ခုညှပ်ပြီး၊ကော်ကပ်လိုက်ပါတယ်။ပန်းပွင့်များပြုလုပ်၍အလှမဆင်တော့ပဲ၊ဘောက်စ်မှာပန်းပွင့်ပုံလေးတွေဆွဲပြီး၊အလှဆင်လိုက်ပါတယ်။

img_0.9294982509861548.jpg

img_0.0657397508348955.jpg
Written by @asterkame
By my photos & made by me



0
0
0.000
3 comments
avatar

အလှအပအသုံးအဆောင်လေးတွေ လုပ်ပြီး ရောင်းဘူးလား

0
0
0.000
avatar

ရောင်းဖို့အစီအစဉ်ရှိပါတယ်😊

0
0
0.000