Waiting for (@aggamun)
avatar
NC ရဲ့ နှိုးဆော်လိုက်တဲ့ တပ်လှန့်သံဟာ အားလုံးကို နိုးနိုးကြားကြား ဖြစ်စေခဲ့ ပါတယ်။ ပြင်ဆင်ချိန် ရက်ပေါင်း အနည်းငယ်လေးက နောင်လာမည့် အချိန်အပိုင်း အခြားအတွက် လုံလောက်တဲ့ ပြင်ဆင်မှုကို ပြင်ဆင်ခွင့် ရှိပါတယ်။ အင်အားကြီးသူများ အဖို့တော့ ထူးထူးခြားခြား ပြောင်းလဲသွားစရာ မရှိပေမဲ့ အင်အားနည်းသူများ အဖို့တော့ အင်နဲ့အားနဲ့ အင်ပြည့်အားပြည့် ကြိုးစားပြီး ပြင်ဆင် ဖို့အချိန်ကောင်း ဖြစ်ပါတယ်။
ဒီအချိန်လေးမှသာ သေသေချာချာ မပြင်ဆင် နိုင်ခဲ့ဘူး ဆိုရင်တော့ NC ကို မကစားတာ ပိုကောင်းပါလိမ့်မယ်။ ခုချိန်မှ NC ကိုကစားမယ် ဆိုရင် အနည်းငယ်တော့ နောက်ကျကောင်း နောက်ကျနေပါပြီ။ အဓိကတော့ အချိန်မှာပဲ Building time ကိုတော့ ဘယ်လိုမှ ချုံ့လို့ မရပါ။ RSS ကတော့ STEEM ဖြုန်းနိုင်သ၍ ရရှိနိုင်ပါသေးသည်။ Planet တွေလည်း STEEM ဖြုန်းနိုင်သ၍ အများကြီး ပိုင်ဆိူင်နိုင် ပါသေးသည်။ အချိန်ကိုတော့ ဘယ်လိုမှ ပိုမိုမြန်ဆန်အောင် အချိန်မကြန့်ကြာအောင် တားထားလို့ မရပါ။
လက်တစ်ကမ်းသာ လိုတော့တဲ့ NC ရဲ့ Reward တွေကတော့ ရောက်လာတော့မှာပါ။ အားလုံးအတွက် မျှတတဲ့ ပိုင်ဆိုင်ခွင့် ဖြစ်စေမယ်လို့ ပြောခဲ့တဲ့ အတိုင်း လုပ်ဆောင်မှာလို့ သိရပါတယ်။ ရှေ့ကထွက် ရှိခဲ့တဲ့ Game များရဲ့ အားနည်းချက် များကို ကောင်းကောင်း ပြုပြင်ပြီး ထွက်ရှိလာပုံ ရပါတယ်။ ကစားသမား များရဲ့ အာရုံစူးစိုက်မှုကို အပြည့်အဝ ရရှိစေဖို့ ဗျူဟာ ကျကျ ခင်းကျင်းလာမှ ရေရှည်မှာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဇီးသီးဗန်း မှောက်သလိုပဲ ဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့လည်း မောခဲ့သမျှ ပန်းခဲ့သမျှ လန်းဆန်းတော့မယ့် အရိပ် အယောင်တွေကြောင့် ခုရက်ပိုင်း Planet အသစ်တွေ မတွေ့ပေမဲ့လည်း ကစားရတာ အနည်းငယ် စိတ်ချမ်းသာ နေပါတယ်။ နောက်ရက်အနည်းငယ် အတွင်းမှာ မိမိရဲ့ တပ်အင်အားကို အကောင်းဆုံး ပြင်ဆင်ရ ပါအုံးမည်။ အခုလက်ရှိတော့ Battleship ကနှစ်ထောင် ရှိပါတယ်။ လုံလောက်တဲ့ အင်အားမဟုတ် ပေမဲ့လည်း Battleship သုံးထောင်ပြည့်အောင်တော့ ကြိုးစားစုဆောင်းမည် ဖြစ်ပါတယ်။
Source
Written by @aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=143
0
0
0.000
2 comments
avatar
တော်တော်ရေးနိုင်တယ်နော်
0
0
0.000