Taking a rest (@aggamun)
avatar
Source
ဒီနေ့ စူပါဆန်းဒေး ဘောလုံးပွဲစဉ် တွေ ကောင်းကောင်း ကြည့်ချင်စရာ ရှိပါတယ်။ အလုပ် အလုပ် အလုပ် နဲ့ အမြဲတမ်း အလုပ်ချည်း မလုပ်နိုင်ကြပါ။ လုပ်လည်း မလုပ်သင့်ပါ။ အချိန်ကြာလာတာနဲ့ ကျန်းမာရေး ထိခိုက် လာနိုင်ပါတယ်။ တပတ်လုံး ပန်းခဲ့ နွမ်းခဲ့ သမျှ ဒီအချိန် လေးတော့ လန်း သင့်ပါတယ်။
ထိုသို့ လန်းနိုင်အောင် မနက် ကတည်းက ကြိုတင်စီစဉ် စရာ ရှိတာကို စီစဉ်ပြီး လုပ်စရာ ရှိတာကို ကြိုတင် လုပ်လိုက်တာ စာရေး ဖို့တောင် နောက်ကျ သွား ပါတော့တယ်။ အဲ့ ဆန်းဒေး ဆိုတော့လည်း မိတ်ဆွေ အချို့ က အိမ်လာလည် တတ်သလို ဆွေမျိုး ညီအစ်ကို မောင်နှမ တွေကလည်း လာရောက် လည်ပတ် တတ်ပါတယ်။ ဒီလိုမျိုး ဆိုရင်လည်း အလုပ်တွေ ကို ရွှေ့ သင့်တန် ရွှေ့ ပေါ့ဗျာ။
ဒီနေ့ည တကယ့် ပွဲကောင်းလို့ ထင်ရတာက ထိပ်ဆုံးက ပြေးနေတဲ့ ကြိုးကြာနီ နဲ့ ပြန်လည် ရှင်သန်ဖို့ ကြိုးစားနေဆဲ သရဲပြာ တို့ရဲ့ ပွဲစဉ်ပါ။ ပုံမှန် အားဖြင့်တော့ ကြိုးကြာနီ တို့ရဲ့ ရစ်သမ်ဟာ သရဲပြာတို့ အတွက် အသက်ရှူ မှားစေနိုင် ပါတယ်။ ဒါပေမယ့် ဘောလုံးက လုံးတယ် ဆိုတဲ့ သီအိုရီ ရယ်၊ ဤအရာကို ပရီးမီးယားလိဂ် ဟု ခေါ်သည် ရယ်၊ သရဲပြာတို့ ရဲ့ လူငယ် ခြေတက် များရဲ့ စိတ်ဝင်စားဖွယ် ကကြိုး တွေက ပွဲရဲ့ အရှိန်အဝါကို မပျက်စီး အောင် ထိန်းသိမ်း ထားနိုင်ဆဲ မဟုတ်လား။
ကြိုးကြာနီ တို့ အတွက် အဓိက ဖိအား အနေနဲ့ အနီးကပ်ဆုံး ပြိုင်ဘက် သိန်းငှက်ပြာကြီးက မနေ့က ပွဲမှာ ဂိုးမိုးရွာပြီး အမှတ်ပြည့် ရထားတာ ပဲ ရှိပါလိမ့်မယ်။ ပြီးတော့ ကြိုးကြာနီ တွေက ခုထိ အမှား မရှိ သေးဘူး။ ကြားပွဲ ကစား ထားလို့ ပွဲပန်း နေနိုင်မယ်။
တဖက်က သရဲပြာ ကို ကြည့်ရင်လည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ရလာဒ် ကောင်း ရထားတယ်။ ကြားပွဲ မှာ ရှုံး ထားပေမယ့် ဒီအရှုံးက ဒီပွဲကို သက်ရောက်မှု ရှိမည် မထင်ပါဘူး။ ပထမပိုင်း ကြိုးကြာနီ တို့ရဲ့ တိုက်စစ်ကို ကောင်းကောင်း ခုခံနိုင်ရင် အခွင့်အရေး ရလာနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အခွင့်အရေး လည်း ဖြစ်နိုင်သလို ထောင်ချောက် လည်း ဖြစ်နိုင်ပါတယ်။
Source
Written by @aggamun
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=123
0
0
0.000
2 comments
avatar
Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You published a post every day of the week
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard supports the SteemFest⁴ Travel Reimbursement Fund.
You can upvote this notification to help all Steem users. Learn how here!
0
0
0.000