အ႐ွိန္ စ ယူ (@aggamun)

avatar

စတင်လာတော့ မယ့် ခရီး တစ်ခု ရဲ့ အစ က မကြာခင် အသက်ဝင် လာဖို့ ရှိနေ တယ်။ ပုံစံ တွေကို အားလုံး လိုက်ပါ စီးမျော နိုင်ဖို့ အတွက် တစ်ပိုင်းချင်းစီ ကို သဘောပေါက် နားလည် အောင် သိထား ရပါမယ်။ သူကိုယ် တိုင်လည်း ရှုပ်ထွေး မှာ စိုးရိမ် နေလို့ အခုလို အချိန် အတိုင်း အတာ ပေးထားလား မသိပါဘူး။ ရေရှည် ခရီး ဆိုတော့ လည်း ဒီလောက် အချိန်ကာလ လောက်တော့ ပေးထားရတာ တကူးတက ပြောစရာတော့ မဟုတ်ခဲ့ပါဘူး။

အဓိက တိုက်ခိုက်မှုတွေ ကို လေ့လာ လို့ရအောင်လည်း @jarunik ရဲ့ simulator မှာ အသင့်အနေအထား ရှိနေတယ်။ ဖြစ်ချင်တဲ့ ပုံစံ တွေကို လိုအပ်သလောက် အတိုင်းအတာ အထိ ပိုစ့်တွေ မှာ ရှင်းလင်း ပြသထားတယ်။ ဘယ်လိုပင် ရှင်းလင်းနေပေမယ့် တကယ် ပါဝင် ကစားမှသာ အထာ ကျကျ သဘောပေါက် မှာ ဖြစ်ပါတယ်။ simulator ရှိတယ် ဆိုပေမယ့်လည်း သူ့မှာ အားနည်းချက်က လည်း ရှိသေးတယ် မလား။

လက်ရှိ မှာ Battleship ထုတ်လုပ်မှု ကို အာရုံအပြည့်ထား ထုတ်လုပ်နေပါတယ်။ အဲဒီလို ထုတ်လုပ်ရင်း နဲ့ battle မှာ သုံးတဲ့ skill တွေကိုပါ အတူ Lvl တင်နိုင်ဖို့ ကြိုးစား နေပါတယ်။ battle နဲ့ ပတ်သတ်တဲ့ skills များက RSS သုံးတာ မျှ သလို အချိန်လည်း သိပ်မပေးရတာ ကြောင့် အချိန်မီ ုပြီးဆီးနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ကံကောင်းရင် တော့ skills အားလုံး အပြည့် တင်ပြီးသား တောင် ဖြစ် နေမလား ပဲ။

အစ ကတည်းက ဒီ NC ကို ရေရှည် စွဲ ကစားအောင် တည်ဆောက် နေပါတယ်။ ကြားထဲမှာ အကျိုးအမြတ် မရသေးလို့ အနည်းငယ် လေးလံပြီး မကစားချင် ဖြစ်နေခဲ့ ပေမယ့် အရှိန်ကတော့ မပြတ် ရှေ့ဆက် နေခဲ့လျက်ပါ။ အခုတော့ အရှိန်တင် မောင်းနှင်ပြီး အသားကုန် ပြေးရမယ့် အချိန် ရောက်ပြီ ဖြစ်ပါတယ်။ planet အသစ်တွေ လည်း အချိန်မီ လေး နောက်ထပ် ၁၀ လုံး လောက် တော့ လိုချင်ပါ သေးတယ်။ Battleship တွေ များများ ထုတ်ထား ချင်လို့ပါ။


Source

စတင္လာေတာ့ မယ့္ ခရီး တစ္ခု ရဲ႕ အစ က မၾကာခင္ အသက္ဝင္ လာဖို႔ ရွိေန တယ္။ ပုံစံ ေတြကို အားလုံး လိုက္ပါ စီးေမ်ာ နိုင္ဖို႔ အတြက္ တစ္ပိုင္းခ်င္းစီ ကို သေဘာေပါက္ နားလည္ ေအာင္ သိထား ရပါမယ္။ သူကိုယ္ တိုင္လည္း ရႈပ္ေထြး မွာ စိုးရိမ္ ေနလို႔ အခုလို အခ်ိန္ အတိုင္း အတာ ေပးထားလား မသိပါဘူး။ ေရရွည္ ခရီး ဆိုေတာ့ လည္း ဒီေလာက္ အခ်ိန္ကာလ ေလာက္ေတာ့ ေပးထားရတာ တကူးတက ေျပာစရာေတာ့ မဟုတ္ခဲ့ပါဘူး။

အဓိက တိုက္ခိုက္မႈေတြ ကို ေလ့လာ လို႔ရေအာင္လည္း @jarunik ရဲ႕ simulator မွာ အသင့္အေနအထား ရွိေနတယ္။ ျဖစ္ခ်င္တဲ့ ပုံစံ ေတြကို လိုအပ္သေလာက္ အတိုင္းအတာ အထိ ပိုစ့္ေတြ မွာ ရွင္းလင္း ျပသထားတယ္။ ဘယ္လိုပင္ ရွင္းလင္းေနေပမယ့္ တကယ္ ပါဝင္ ကစားမွသာ အထာ က်က် သေဘာေပါက္ မွာ ျဖစ္ပါတယ္။ simulator ရွိတယ္ ဆိုေပမယ့္လည္း သူ႕မွာ အားနည္းခ်က္က လည္း ရွိေသးတယ္ မလား။

လက္ရွိ မွာ Battleship ထုတ္လုပ္မႈ ကို အာ႐ုံအျပည့္ထား ထုတ္လုပ္ေနပါတယ္။ အဲဒီလို ထုတ္လုပ္ရင္း နဲ႕ battle မွာ သုံးတဲ့ skill ေတြကိုပါ အတူ Lvl တင္နိုင္ဖို႔ ႀကိဳးစား ေနပါတယ္။ battle နဲ႕ ပတ္သတ္တဲ့ skills မ်ားက RSS သုံးတာ မွ် သလို အခ်ိန္လည္း သိပ္မေပးရတာ ေၾကာင့္ အခ်ိန္မီ ုၿပီးဆီးနိုင္မယ္လို႔ ေမွ်ာ္လင့္ ထားပါတယ္။ ကံေကာင္းရင္ ေတာ့ skills အားလုံး အျပည့္ တင္ၿပီးသား ေတာင္ ျဖစ္ ေနမလား ပဲ။

အစ ကတည္းက ဒီ NC ကို ေရရွည္ စြဲ ကစားေအာင္ တည္ေဆာက္ ေနပါတယ္။ ၾကားထဲမွာ အက်ိဳးအျမတ္ မရေသးလို႔ အနည္းငယ္ ေလးလံၿပီး မကစားခ်င္ ျဖစ္ေနခဲ့ ေပမယ့္ အရွိန္ကေတာ့ မျပတ္ ေရွ႕ဆက္ ေနခဲ့လ်က္ပါ။ အခုေတာ့ အရွိန္တင္ ေမာင္းႏွင္ၿပီး အသားကုန္ ေျပးရမယ့္ အခ်ိန္ ေရာက္ၿပီ ျဖစ္ပါတယ္။ planet အသစ္ေတြ လည္း အခ်ိန္မီ ေလး ေနာက္ထပ္ ၁၀ လုံး ေလာက္ ေတာ့ လိုခ်င္ပါ ေသးတယ္။ Battleship ေတြ မ်ားမ်ား ထုတ္ထား ခ်င္လို႔ပါ။

Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=147


0
0
0.000
1 comments