အလင်းရောင်လေး (@aggamun)

avatar

အင်း အလင်းရောင်လား ဘာလား တော့ မသိ ဝိုးတဝါး တော့ ထွက်လာပါပြီ။ အချိန်က တော့ တော်တော် ကြီး ခွာထားပါတယ်။ ဒီတချက်တော့ နည်းနည်း သံသယ ရှိပါတယ်။ ကျန်တာကတော့ ကိုယ့် အပိုင်းပဲ ထင်ပါတယ်။ ပေးတဲ့ သူက ပေးတော့ မယ်ဆိုတော့ ယူတဲ့သူက ယူဖို့ လိုပါတယ်။ ပေးသူက ဘယ်လောက် ပေးပေး ယူသူက မယူတတ်ရင် တော့ ရင်းထားခဲ့ တာတွေက ရေထဲ ပစ်ချရင်တောင် ပလုံလို့ အသံလေး ကြားရ နိုင်ပါသေးတယ်။

အခုလို တရားဝင် ကြေညာချက်လေး ထွက်လာတော့ လည်း စိုးရိမ်စိတ်တို့က အနည်းငယ် လျော့ပါး သွားပါတယ်။ ဒါ့အပြင် ကစား ရတာလည်း အရင်ကထက် တက်တက်ကြွကြွ ပိုရှိလာတယ်။ ခုချိန် ပိုင်ဆိုင်မှုတွေ ပြန်လှန် ကြည့်လိုက်မိတော့ နည်းပါးလွန်းပြီး အားမရ ဖြစ်မိတယ်။ လက်ရှိ အဆင့် တစ် ကနေ ငါးဆယ် က ကစားသမားတွေက အနည်းဆုံး planet အလုံးရေ ၃၀ စီ ပိုင်နေကြသည်။ ကိုယ်ကတော့ ၂၀ စွန်းစွန်းရယ် ပါ။

တကယ့်အချိန်ကောင်းမှာ အဆင့် ငါးဆယ် တောင် ထိန်းထားနိုင်ပါ့မလား မလွယ် ကြောပါ။ ကိုယ့် အောက်ဘက်က အဆင့်တွေမှာလည်း ကိုယ့်ထက် ပိုင်ဆိုင်မှု များတဲ့ ကစားသမားတွေ တွေ့နေ ရပြန်သေးတယ်။ အချိန်မရွေး ကိုယ့်ကို ကျော်တက်နိုင်စွမ်း ရှိသူတွေ မဟုတ်ပါလား။ ကိုယ့် လှုပ်ရှား နိုင်စွမ်း အကုန်လုံး ပေါင်းက သူတို့ အတွက် အပျင်းပြေ သက်သက် ပဲ ရှိလောက်တဲ့ ပုံ။

အပေါ် မှာ ပြောခဲ့သလို အချိန် ကွာဟ ချက်က သံသယ ဖြစ်စရာ ကောင်းသလို ပြင်ဆင်ချိန် ရတာကလည်း ကိုယ့်အတွက် အဆင်ပြေတဲ့ အချက်ပါပဲ။ တကယ်တော့ အချိန်ပေး ကစားခိုင်းတာက လည်း Nextcolony ရဲ့ စတိုင် ပဲလေ။ သူ စ တာထွက်လာ ကတည်းက ဒီပုံစံပဲ ဆိုတော့ ပြောရခက်ပါတယ်။ ဒီ အတောအတွင်း Battleship တွေ များများ ရအောင် စုထားဦးမှ ဖြစ်မယ်။ planet တွေ ရသလောက် ရှာထားမှ ဖြစ်မယ်။ စိုက်ပျိုး ထားတာတွေ မကြာခင် ပြန် ရိတ်သိမ်း ခွင့် ရတော့မလား မသိပါဘူးဗျာ။


Source





Written by @aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=140


0
0
0.000
0 comments