Steemit အပြောင်းအလဲ Community တွေ ပျော်ပျော်နွှဲ

avatar

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
bdmxtg.jpg
ကျွန်တော်တို့ MSC ခေါင်းဆောင် ကိုဟင်နရီအောင် မှ
Steemit ရဲ့ အပြောင်းအလဲ update ထဲမှ
Community တွေကို Subscribe လုပ် Join ထားဖို့နှင့်
MSC Community မှာ Member အဖြစ် ထည့်ပေး
ရန် Steemit account user name ပေးရန် ပြော
လာခဲ့ပါတယ်။

Community အကြောင်းကို မနေ့က စသိသိခြင်း
ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာ ရနိုင်သော Community
အချို့ကို Subscribe လုပ်ထားခဲ့ပါတယ်။

အခြားCommunity တွေကတော့ ကိုယ်ပိုင် Project
တွေ၊ Game တွေ၊ DAPP တွေဖြင့် တတ်ကြွလုပ်ရှား
နေကြတာပါ။

ကျွန်တော်တို့ MSC ကတော့ ကိုယ်ပိုင်ဖန်တီးထားတာမျိုး
တစ်သီးတစ်ခြား မရှိပါဘဲ အခြားCommunity တွေ၏
Activities တွေကို ပါဝင်အားဖြည့် လုပ်ဆောင်ရင်း
Steem ဝင်ငွေရှာတာမျိုးတော့ လုပ်ကြပါတယ်။

ယခင်က MSC အဖွဲ့ဝင်ပေါင်းမှာ ၃၀၀ နီးပါးမျှထိ
ရှိခဲ့ပါတယ်။ တစ်နှစ်လောက်အကြာမှာတော့
၂၀ ဝန်းကျင်လောက် ကျန်ရှိနေပါသေးသည်။ နှစ်နှစ်ကျော်
ကာလရောက်သောအခါ ဆယ်ယောက်အောက်သာ
စတီးမစ်ပေါ်ရောက်ဖြစ်ကြသလို msc chat ထဲလည်း
စကားပြောဖြစ်ကြတော့သည်။

ယခုချိန်ခါတွင် Steemit ပိုင်ရှင် အပြောင်းအလဲ
ဖြစ်ခဲ့သလို Steem အနာဂတ်သည်လည်း ပြောင်းလဲ
ကောင်းလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။ အခြားသော
Community တွေ တတ်ကြွနေကြသည်နှင့်
SMTs project များသည်လည်း ထွက်ပေါ်လာဖို့
စိုင်းပြင်းနေကြဆဲ ဖြစ်သည်။

ကျန်ရှိနေသေးသော ကျွန်နော်တို့ MSC ဝိုင်းတော်သားများသည်
အပြောင်းအလဲရေစီးကြောင်းနှင့်အတူ မိမိတို့လိုရာပန်းတိုင်သို့
ကူးခတ်သွားနိုင်ဖို့ information and update များကို
မျက်ခြေမပြတ် စောင့်ကြည့်လိုက်နာဆောင်ရွက်သင့်ကြပါကြောင်း
တိုက်တွန်းမျှဝေလိုက်ရပါတယ်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
@golden.future



0
0
0.000
10 comments
avatar

According to the Bible, Bro. Eli Soriano: What really happened to Joseph Smith?

Watch the Video below to know the Answer...

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074

0
0
0.000
avatar

ကိုဟိန်းရဲ့ post က MSC community page မှာ မတွေ့ရဘူး... ဘာဖြစ်လို့ပါလိမ့်..

0
0
0.000
avatar

လျှောက်စမ်းနေတုန်းမို့ပါ ဘယ်လိုပိုကောင်းမလဲလို့ဗျ

0
0
0.000
avatar

အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းခြွေပါကြောင်း မိတ်အပေါင်းတို့ခင်ဗျား။ အဲ မဂျိုင်းရသေးသူမိားလည်း ဂျိုင်းထားကြပါအုံးလို့။

0
0
0.000
avatar

ကိုယ့်လူတွေနဲ့တူတူအောင်ပွဲခံချင်ပါတယ်

0
0
0.000
avatar

အမှန်ပဲ ကိုဟိန်းရေ
Update သတင်းတွေ ကိုမျက်ခြေမပျက်စောင့်ကြည့်သင့်ပါတယ်

0
0
0.000
avatar

ကဲ ကိုယ့်လူ အချစ်ကလေးကိုလည်း ဂရုစိုက်ဦး

0
0
0.000