မြန်မာ့နိုင်ငံရေးသည် Crypto Earning သမားများအတွက် ဆိုးယုတ်စေသည်

avatar

မြန်မာ့နိုင်ငံရေး အခြေအနေသည် အမှောင်ဆုံးအချိန်ကို ရောက်နေပါပြီ။
သန်းခေါင်ယံ ကို ကျော်လွန်ပြီးလျှင် ရောင်နီလာမည်ဟု ယုံကြည်မိပါတယ်။
ယခုအခါ ကျွန်တော်တို့သည် ကိုယ်ပိုင် ဖုန်းဖြင့် Internet အသုံးပြု၍ မရပါ။
WiFi ရရှိသော နေရာသို့ သွားရောက် အသုံးပြုနေရပါသည်။
အကြမ်းဖက်စစ်အုပ်စုသည် WiFi စက်များကိုလည်း ဖမ်းဆီး ပိတ်သိမ်းခိုင်းနေသည်များ ရှိ‌ပါသည်။
နိုင်ငံရေးသတင်းများ အမှန်အကန် လွှင့်သော Media များကိုလည်း ပိတ်သိမ်းမှု ဖမ်းဆီးမှုများ ရှိသောကြောင့် သတင်းများကို လျှို့ဝှက် ကြည့်ရှုနေရပါသည်။
အခြေအနေအရ WiFi အသုံးပြု၍ မရတော့လျှင် ကျွန်တော်သည်လည်း Online ပေါ်မှာ ရှိနေနိုင်မည် မဟုတ်တော့ပါ။
ကျွန်တော် Online ပေါ်မှာ ရှိမနေနိုင်လျှင် ကမ္ဘာကြီး နှင့် အဆက်အသွယ်ပျက်ကာ Crypto အကြောင်းများလည်း မြင်သိနိုင်တော့မည် မဟုတ်ပါ။
အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံသားများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုနေဆဲ ဖြစ်သည်။
အိမ်မှာနေသော ၁၀ နှစ်အောက် ကလေးများကိုပင် သေနတ်ဖြင့် ပစ်သတ်ခံရသည်များ ရှိသည်။
ပြည်သူလူထုကို အကြောက်တရား ကြီးစိုးအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။
သို့ဖြစ်၍ ပြည်သူလူထုသည် ဝင်ငွေရသော အလုပ်များကို မလုပ်ဆောင်နိုင်ပဲ ရှောင်တိမ်းနေရသည်များ ရှိသည်။
ထိုအခါ ပြည်သူလူထု၏ စီးပွားရေးမှာ ကျဆင်း ပျက်စီးလျက် ရှိလာပြီ။
ယခုအခါ သူဌေးများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများမှ ဆင်းရဲသားများ သို့မဟုတ် ဒုက္ခရောက်နေသူများကို ငွေများ၊ စားစရာများ ကူညီပေးကြသဖြင့် တော်သေးသည်။
သို့သော် စစ်အာဏာသိမ်းမှု လများစွာ ကြာလျှင် ပြည်သူလူထုသည် အလုပ်အကိုင် ပျက်စီးမှု၊ ဝင်ငွေ မရရှိမှုများကြောင့် ရေရှည် ရပ်တည်နိုင်မည် မထင်ပါ။
ထိုအခါ နိုင်ငံတော် ပျက်စီးဆုတ်ယုတ်မှု ပိုမို ဆိုးဝါးလာလိမ့်မည်။
ပြည်သူလူထုသည် အဓိက စားဝတ်နေရေး မပြေလည်ကြတော့လျှင် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။
ထိုအကြောင်းကို ကျွန်တော် မတွေးမြင်ချင်ပါ။

ယုအခါ Online ပေါ်မှာ Cryptocurrencies အဖြစ် ကျွန်တော် စုဆောင်းထားသည်များလည်း ဘာမှ အသုံးပြု၍ မရပါ။
ကျွန်တော် ပိုင်ဆိုင်သော Crypto digital assets များမှာ အနာဂတ် အတွက်သာ မျှော်လင့်လို့ ရနေပါတော့သည်။
ယခုအခါ ကျွန်တော်တို့ နိုင်ငံသားများသည် စီးပွားရေး အလုပ်အကိုင်များ ထက် တစ်ကိုယ်ရည် လုံခြုံရေးကိုသာ ဦးစားပေးနေရပါသည်။
လွတ်လပ်ပြီး တရားမျှတမှု မရရှိသော ကျွန်တော်တို့မှာ အနာဂတ် မျှော်လင့်ချက်များ အဘယ်သို့ ထားရှိနိုင်ကြမည်လဲ။
စစ်အာဏာရှင် ကျဆုံးဖို့ကိုသာ ဦးစွာ ဆောင်ရွက်ရပေတော့မည်။

img_0.6107910624845385.jpg

ယနေ့တွင် HIVE and HBD ဈေးနှုန်းများမှာ ၂၀% နီးပါးမျှ ပြန်လည် ကျဆင်းခဲ့သည်။
ကျလျှင် ဝယ်၊ တက်လျှင် ရောင်းချလေ့ ရှိသော ကျွန်တော်သည် ကိုယ်ပိုင် Internet အသုံးမပြုနိုင်သောကြောင့် ထိုအရာတွေ မလုပ်နိုင်ပေ။
ထိုအခါ ကျွန်တော့်မှာ Online Earning လျော့နည်းကျဆင်းနေပါတော့သည်။

မိတ်ဆွေတို့ ဘယ်လို အကြံဉာဏ်များ ပေးချင်ပါသလဲ။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

Tin Aung Soe



0
0
0.000
2 comments
avatar

ရတဲ့ချိန်လေး ကြိုးစားတင်နေရတာပ။
အကြမ်းဖက်အုပ်စု အမြန်ကျဆုံးပါစေ...

0
0
0.000
avatar

လိုင်းမကောင်းတော့ ဘာမှမလေ့လာရတော့ စာကောင်းမရေးနိုင်

0
0
0.000