ပြန်ရခဲ့ပေပြီ

avatar

FB_IMG_1620886161722.jpg

Atomic Wallet ကို သိကြမည် ထင်၏။ Atomic Coin (AWC) ပေးသည့် App တခု ဖြစ်၏။ AWC က စျေးတော့ ရှိနေပြီ ဆိုပေမယ့် စျေးကွက် မပေါ်သေး၊ မဖောက်ကြသေးဟု ပြောလို့ရပြီ ထင်၏။ (မိမိ နိုင်ငံ အနေဖြင့်)

ထုတ်မရသေးသည့် AWC တွေကို stake ပြန်လုပ်ထားလို့ရ၏။ အတိုးရသည်ပေါ့။ သို့နှင့် ထုတ်လည်း မထူးသေးသည့် အတူတူ အတိုးရအောင်လို့ ပြန် stake ထားဖို့ပဲ ရည်ရွယ်လိုက်၏။ သို့ပေမယ့် ဒီအတိုင်း stake လို့ မရပေ။ Wallet ထဲ BNC အနည်းဆုံး ဘယ်လောက်ရှိမှ ဆိုပြီး သတ်မှတ် ထား၏။ ခက်ပြီ။ သို့နှင့် feebitcoin.io ကနေ free claim ထားသည့် btc 0.002 ထဲမှ 0.0003 ကို (၂) ကြိမ် (၂) ခါ တိတိ လွှဲရ၏။ btc ကနေ BNC exchange လုပ်ဖို့ amount မလုံလောက်ခြင်းကြောင့် ဖြစ်၏။ exchange fee က အတော်လေး များ၏။ 0.0006 ဖြစ်နေပေမယ့် မလောက်သေးပေ။

နောက်ဆုံးမှာတော့ ကိုဟင် @kachinhenry နား အကူအညီတောင်းပြီး လိုအပ်သည့် BNC ကို ရယူလိုက်၏။ AWC လည်း steak လို့ ရသွား၏။ သို့နှင့် wallet ထဲ ကျန်နေသည့် BTC တွေကို ပြန်ထုတ်ဖို့သာ ရှိတော့ ၏။ wallet ထဲ ထားလည်း ဘာမှ မထူးနေဘဲကိုး။

Fee များလျှင် မြန်မြန် ထုတ်လို့ ရပြီ၊ ဒါပေမယ့် ပြန်ရမယ့် btc ပမာဏက နည်းမည်။ ကြာလျှင် ကြာပါစေ fee နည်းနည်း နှင့် ထုတ်မယ်ပေါ့။ fee ကို ချိန်ညှိလို့ ရသဖြင့် တော်သေး၏။ ထုတ်ပြီး ထားလိုက်၏။ pending က အတော်ကို ကြာ၏။ ဘယ်လောက် ကြာဆို လနှင့်ကို ချီပြီးကြာ၏။ ဘာလို ဘာမှားနေမှန်း မသိ။ ကိုယ် သတ်မှတ် လိုက်သည့် fee ပဲ နည်းလွန်းသွားလို့လား။

အတော်ကြာသွားပြီးနောက် အဆို btc များသည် မူလ Atomic Wallet ထဲသာ ပြန်ရောက် နေ၏။ ပြီးခဲ့သော တပတ်ကတော့ ဒုတိယ တကြိမ် ပြန်ကြိုးစား ကြည့်၏။ ဒီတခါမှာတော့ ယခင်ထက် fee နည်းနည်း တိုးပေးလိုက်၏။ ၃ ၊ ၄ ရက်နေတော့ မိမိ လွှဲလို့သည့် account ထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။ သြော် ပထမ တခါက fee နည်းလို့လား AWC ရယ်။ ဘာပဲ ဖြစ်ဖြစ် ထုတ်လို့ ရခဲ့ပြီမို့ ကျေးဇူး တင်ပါ၏။

Posted Using LeoFinance Beta



0
0
0.000
3 comments
avatar

LeoFinance မှာကိုဒွန်ပို့ ပေါ်ပြီလား။ Reward ရပြီလား။ ဘယ်လိုလုပ်သလဲဗျ။

0
0
0.000
avatar

မပေါ်သေးဘူး ကိုဟိန်းရေ

0
0
0.000