"ကွီးရွှေနှင့် RC"

avatar
(Edited)

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

img_20180804_102247.jpg

ကျွန်တော်ကွီးရွှေ စာမရေးနိုင်ပါ။ ယမန်နေ့က နေ့စဉ်ပိုစ်မတင်ဖြစ်လိုက်ပါ။ အကြောင်းမှာကား ကျွန်တော်၏ RC နဲနေ၍ဖြစ်ပါသည်။ ဘယ်လိုကနေ ဘယ်လို RC ကျသွားသည်မသိ အရင်းမြစ်ကို လိုက်ရှာဖွေစဉ်းစားနေမိသည်။

အကြောင်းရင်းတော့ရှိရမည် မြင်းစီးပီး အထီးမှန်းအမမှန်းမသိသူက ကျွန်တော်ကွီးရွှေဖြစ်၍နေပါသည်။ ခက်ကပီ မောင်ကွီးရွှေ ဟုသာ ညီးတွားမိသည်။ ဟိုအရင်စတီးမစ်ကာလမှသည် ယခုဟိုဗ်ရေယဉ်ကြောမှာ ရွက်လွှင့်ခရီးဆက်နေသော်လည်း မိမိလုပ်ဆောင်နေသော ဤဟိုက်ဗ်ဘလော့ချိန်းကြီး၏ သဘောသဘာဝကို အသေချာနားမလည်သေးပါ။

rc.jpg

အကြောင်းရင်းကို သိရပါပီ ယမန်နေ့က ဘလော့များအတွင်း သွားရောက်လည်ပါတ်ရင်း မိတ်ဆွေအတော်များများနှင့် ကွန်မန့်ပေးမိသည်။ ဖော်လိုးလိုက်ခြင်းများလည်း ပြုလုပ်မိသည်။ ထိုသို့ နေ့စဉ်ပြုလုပ်နေသည်မှာ ယခင်နေ့များကပြုလုပ်ခြင်းများထက် ပို၍ပြုလုပ်မိနေသည်ဟု ကျွန်တော်သတိထားမိသည်။ ထို့ကြောင့်ပင် ကျွန်တော်၏ လက်ရှိပါဝါအနေအထားက RC ကိုအချိန်မှီဖြည့်ပေးနိုင်ခြင်းမရှိပဲ လိုက်မမှီနိုင်အောင်ထိုးကျသွားပါတော့သည်။

ဤပိုစ်အားရေးနေရင်းစဉ်းစာမိသည်က လုပ်ချင်သည်ကများများ လုပ်နိုင်သည့်အတိုင်းအတာက နည်း၍နေသေးသည်။(ပါဝါနည်းနေသည်ကိုဆိုလိုပါသည်)။ ထို့ကြောင့် ကိုဟင်အပါအဝင် ရှေ့ဆောင်လမ်းပြများက ပြောကြသည်က "ပါဝါသည်အဓိက"ဟုပင်။ ပါဝါရှိနေပါက သင်သည် ထမင်းစားလက်မှတ်ရရှိထားသော ရွာသူကြီးတစ်ယောက်နှင့်တူနေမှာအမှန်ပင်။

ဘယ်အိမ်ဝင်သွားသွား သင့်အားငြင်းလွှတ်မည့်သူမရှိ ထမင်းပွဲအဆင့်၊ အချိုပွဲအဆင်သင့်ပါပေ။ ဟိုလူကလည်း လာလည်ပါအုန်း၊ ဒီလူကလည်း လာလည်ပါအုန်းစသည်ဖြင့် ဖိတ်မံတကပြုကြပါလိမ့်မည်။ စီးပွားရေးသမားများကလည်း ကျွန်တော်တို့နှင့် စပ်တူလုပ်ပါ ပူးပေါင်းပါဝင်ပါနဲ့ စီးပွားရေးစကား ကမ်းလှမ်းခံရမည်။ စသည် စသည်နှင့် ပါဝါသည် အလွန်မျက်နှာပွင့်လှသည်။

ဒီလို အကြောင်းများကို ကြိုမြင် ကြိုသိနေနှင့်သလား ဆရာ့ဆရာကြီးများက နောင်ရေးအတွက် ပါဝါစုကြပါလို့ တိုက်တွန်းခဲ့ကြသည်။

ကျွန်တော် မောင်ကွီးရွှေ ယခုပိုစ်အားတင်ပီးလျှင် RC သည် ဖင်ကပ်သွားမည်ထင်ပါသည်။ သို့ပါ၍ ဤသုံးရက်ခန့်အား ကျွန်တော်၏ RC အားချွေတာရတော့မည်။ မိတ်ဆွေများ၏ပိုစ်များအားလုံးသို့ ကွန်မန့်များပေးခြင်း လျော့နည်းသွားမည်ဖြစ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးကြပါရန် ကြိုတင်၍ တောင်းပန်အပ်ပါသည်။

image.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
25.10.21: PM
image.png



0
0
0.000
9 comments
avatar

စုလိုက်အုံး။
!PIZZA

0
0
0.000
avatar

စုနေရတာပေါ့ဗျာ ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped htwegyi (x1)
htwegyi tipped nyinyiwin (x1)
uthantzin tipped nyinyiwin (x1)
kachinhenry tipped nyinyiwin (x1)
@nyinyiwin(3/10) tipped @kachinhenry (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

RC လေးစုလိုက်ပါအုန်း။

0
0
0.000
avatar

RC နည်းရင်တော့ စုချိန်ပေးမှရမယ်။ !PIZZA

0
0
0.000
avatar

ဟုတ်ပါ့။ အတူတူပဲ။ ကျနော်လည် ကွန်မန့်ပေးများသွားလို့ RC နည်းတာသတိမထားလိုက်မိဘူး။ ခုခိ 100မပြည့်နိုင်တော့ဘူး။ တချို့စာတွေကျ မမန့်ပဲမနေနိုင်ဘူးလေ။

0
0
0.000
avatar

ဟုတ်တယ် စာဖတ်ပီးရင် မမန့်ပဲ မနေနိုင်ဆိုတော့။

0
0
0.000
avatar

နောက်ဆို RC ကို ချွေတာပါလေ...!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်ရေ ခုတော့ချင့်ချိန်သုံးပီး ပြန်စုနေပါတယ်ဗျ။ !PIZZA

0
0
0.000