သီတင်းကျွတ်ကုသိုလ်

avatar
(Edited)

သီတင်းကျွတ်လမှာ မိဘ၊ဆွေမျိုး၊ လူကြီးသူမ၊ ဆရာသမားများကို လက်ဆယ်ဖြာထိပ်မှာမိုး၍ မိမိတတ်နိုင်သလောက် ငွေကြေး၊ မုန့်၊ ပစ္စည်းများနှင့် ကန်တော့ခြင်းဟာ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာပါ။

img_0.36426931598706386.jpg

အခုသီတင်းကျွတ်မှာ တူလေးတို့မိသားစုက စဉ့်ကိုင်မြို့နယ်က ဇာတိရွာမှာ လူကြီးသူမဘိုးဘွား (၄၀)ကျော်တို့အား အချိုရည်နှင့် အလှူငွေတို့ကို ကန်တော့ပြီး ရွာဦးစေတီမှာ စတုဒီသာအဖြစ် ပုလောဟင်း(ကျမတို့အခေါ် ပုဇွန်‌ခြောက်ကိုကြက်သွန် နီနှင့်ကြော်ထားသည်) ငရုပ်သီးကြော်၊ ငပိကြော်နှင့် သီးစုံချဉ်ရည်ဟင်း တို့ကိုကျွေးမွေးပါတယ်။ ရွာနီးချုပ်စပ်ကနေ စက်ဘီးလေးတွေစီးပြီး ထမင်းလာစားကြတာ ပျော်စရာပါ။

img_0.5651363561723959.jpg

img_0.6991427627059079.jpg

စတုဒီသာသို့ လာရောက်သုံးဆောင်သောရွာသူရွာသားများအား
အလှူပွဲကို ကျောက်ဆည်ဆင်အကဖြင့် ဧည့်ခံဖျော်ဖြေပါသေးတယ်။ ပွဲငတ်နေတဲ့ ရွာသူရွာသားတွေဟာ ထမင်းစားပြီး မြန်ကြတော့ပါဘူး။ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ နေရာယူရင်း ဆင်ပွဲကြည့်ကြတာပေါ့။ ကျမကတော့ မှတ်တမ်းတင်သူပါ။

img_0.11435937028083362.jpg

img_0.5803805272287057.jpg

ည‌နေမှောင်စပျိုးအချိန်ရောက် တော့ ရွာဦးစေတီအား ဆီမီး(၁၀၀၀)ဖြင့် ပူဇော်ပါတယ်။ ရွာက ကလေး၊ လူကြီးအားလုံး ဝိုင်းပြီး မီးပူဇော်ကြရတာ ပျော်ဖို့ကောင်းပါတယ်။ကျမတို့ရဲ့ hand made ဆီမီးခွက်လေးတွေမြင်တော့ ကလေးတွေက အထူးအဆန်းဖြစ်နေကြသေးတယ်။ ဘုရားကိုမီးပူဇော်ပြီး အိမ်ပြန်ခဲ့ကြပါတယ်။

img_0.7039625777955099.jpg

img_0.8387205356221309.jpg

အိမ်ပြန်ရောက်တော့လည်း အိမ်ရှေ့မြေကွက်လပ်မှာ ဆီမီး ပူဇော်ပါသေးတယ်။ ဒီဇိုင်းကို ပန်းပွင့်ပုံလေးဖန်တီးလိုက်ပါတယ်။ အိမ်ရှေ့မှာ မီးအလင်းရှိလို့ ကျမမီးပူဇော်ထားတာလေးက သိပ်မလှပါဘူး။ မီးပူဇော်ကြ၊ မီးပုံးပျံလွှတ်ကြ၊ မီးသရဲဆော့ကြရင်း သီတင်းကျွတ်ညလေးကို ပျော်ရွှင်စွာဖြတ်သန်းကြပါတယ်။

img_0.4558340943710818.jpg

@nweoomon
20-10-2021



0
0
0.000
16 comments
avatar
(Edited)

ကောင်းမှုကုသိုလ်များအတွက် သာဓုပါဗျာ။ !PIZZA

0
0
0.000
avatar

ကျေးဇူးပါရှင်။ တူလေးမိသားစုကောင်းမှုပါ။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped nweoomon (x1)
@htwegyi(3/10) tipped @nweoomon (x1)
kachinhenry tipped nweoomon (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

သီတင်းကျွတ် ကုသိုလ် လေးလုပ်ဖြစ်တာ ကေင်းလှပါတယ်။သာဓု သာဓု သာဓုပါ

0
0
0.000
avatar

ကြည့်ရတာတအားအေးချမ်းတယ်နော်။

0
0
0.000
avatar

ဟုတ်တယ်။ စိမ်းစိမ်းစိုစိုလယ်တောတွေနဲ့။ သာယာတယ်။

0
0
0.000
avatar

တဲတွေက ထန်းရွက်မိုး တဲတွေလား.... စိတ်ဝင်စားလို့။ ခုလို ရပ်ရွာ အကြောင်း ရေးပြလို့ ကျေးဇူးတင်ပါတယ်။ နောက်တခါ ပုလောဟင်း ချက်ပြပေးပါ။ ယခု post အတွက် Ecency point 20 လက်ဆောင်ပေးလိုက်ပါတယ်။ !PIZZA

0
0
0.000
avatar

ကျေးဇူးပါရှင်။ ထန်းရွက်မိုးထားတဲ့တဲလေးပါ။ ပုလောဟင်းက ငါးခြောက်ကြော်လိုမျိုးပဲ။ ငါးခြောက်နေရာမှာပုဇွန်ခြောက်ကြီးတွေ ကြော်ထားတာပါ။ ကြက်သွန်နီရောပြီးပေါ့။ ရွာအခေါ်ကျပုလောဟင်းတဲ့။

0
0
0.000
avatar

သီတင်းကျွတ် အမှတ်တရ ကုသိုလ်တွေပ။
!PIZZA

0
0
0.000
avatar

ဟုတ်တယ်။ တကယ်ပျော်စရာကောင်းတယ်။

0
0
0.000