စတီးမစ်တွင် တင်ခဲ့သော ဆောင်းပါးများ(၁)

avatar

လမင်းရဲ့တစ်ဖက်ခြမ်း

မနေ့ကလိုပဲ ဒီနေ့ကို ပုံစံတူမိတ္တူကူး ဖြတ်သန်းရင်း အတွေးအခေါ်တွေက တစ်နေ့တခြား အိုးမင်းဟောင်းနွမ်းလာတယ်။ အိပ်ယာထ၊ အလုပ်သွား၊ အလုပ်ပြန်၊ ဖုန်းကြည့်၊ အိပ်ယာ၀င် ၊၊၊၊ စတဲ့သမာရိုးကျဆိုတဲ့ စကားနွံထဲ နစ်မွန်းမှန်းမသိ နှစ်မွန်းနေခဲ့။ အသက်ရှူသံတွေ အရင်လို မချိုမြိန်တော့သည်မှာ ဘာကြောင့်ပါလဲ။ ပုံမှန်ဆိုတဲ့ အမြင်ကို ဦးနှောက်က လက်ခံလိုက်တဲ့အခါ နှလုံးသားက အလိုလို မြေမြုပ်ပစ်ခံလိုက်ရတယ်။

ဟေ့ သယ်ရင်း အခြေနေဘယ်လိုလဲ ``

ပုံမှန်ပါပဲကွာ `

အရာအားလုံးဟာ ပုံမှန်ပါပဲလား`` ဆိုတဲ့အတွေးကို ဘောင်ခက်လိုက်တဲ့အခါ လူတွေဟာ မြင်လျှက်နဲ့ကန်းနေကြရတယ်။ မမြင်နိုင်တဲ့ နောက်ကွယ်က အရာအားလုံးဟာ ပုံမှန်ဟုတ်မနေနိုင်မှန်း မမြင်နိုင်တော့ပါ။ လပြည့်ညတွင် ထိန်ထိန်သာနေသော လရောင်ရဲ့အေးမြမှုကို ကျွန်တော်တို့ခံစားနေရသော်လည်း အခြားကမ္ဘာတစ်ဘက်ခြမ်းတွင် ထိုလမင်းဟာ လကွယ်ညဖြစ်နေကာ အမှောင်တိဖြစ်နေပါလိမ့်မယ်။ ဒီလိုပဲ ထွန်းလင်းတောက်ပနေသော လမင်းရဲ့တစ်ဖက်ခြမ်းမှာ အမှောင်ထုရှိသလိုပဲ လူတိုင်းလူတိုင်းမှာ မမြင်နိုင်သော အမှောင်ကမ္ဘာရှိနေပါတယ်။

ရွှင်ပြုံးသော မျက်နှာဖြင့် ဆီးကြိုနေသော အရောင်းစာရေးမလေးတွင် အိမ်မှ မောင်လေး၊ ညီမလေးများရဲ့ကျောင်းစရိတ်နဲ့မိသားစုစား၀တ်နေရေး အတွက် စိုးရိမ်ပူပန်နေရေတဲ့ ဒုက္ခကို မမြင်နိုင်သလို၊ တစ်ယောက်တည်း အထီးကျန် ငေးမှိုင်နေတက်တဲ့ လူတစ်ယောက်မှာ အချစ်ရဆုံးသူငယ်ချင်း ဆုံးပါးသွားခြင်းကြောင့် ခံစားနေရတဲ့ ဝေဒနာကို မမြင်နိုင်ပါ။ အဲ့ဒီလိုမျိုးပါပဲ လူတိုင်းဟာ မမြင်နိုင်တဲ့ အမှောင်ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ထားကြပါတယ်။

အချိန်မှာ ည၇နာရီ ၊ ဘုရားစေတီအနီးက ကွမ်းယာဆိုင်မှာ ကျွန်တော့်နဲ့ သူငယ်ချင်းက ကွမ်း၀င်ထုတ်တော့ မလမ်းမကမ်းတွင် အမေအိုကြီး တစ်ယောက်၊ ခွက်လေးတစ်လုံးရှေ့ချထားပြီး အ၀တ်စုတ်တစ်ထည်ကို ခေါင်းပေါ်ခြုံလို့ ငြိမ်ငြိမ်လေးထိုင်နေတာကို မြင်မိတယ်။ ကျွန်တော်နဲ့ သူငယ်ချင်း တစ်ပြိုင်တည်း ထိုအမေအိုကြီးကို ကြည့်နေမိတာကို မြင်တော့ ဆိုင်ရှင် အစ်ကိုကြီးက မမေးပဲနဲ့ ပြောလာတယ်။

ညနေ၆နာရီလောက်ဆို လူကြီးတစ်ယောက်က ဆိုင်ကယ်နဲ့ ဒီအမေအိုကြီးကို အဲ့ဒီနေရာမှာ လာလာပြီး ချသွားတာပဲ။ ဘယ်ကလည်းတော့ မသိဘူး။ ပြီးရင် ည၈နာရီကျော်လောက်ဆိုရင် ပြန်လာပြီး အဲ့ဒီအမေကြီးကို ပြန်ခေါ်သွားတယ် ။ ဘာလို့ ဒီလိုလုပ်တာလဲတော့ မသိဘူး ။ အမေအိုကြီးခဗျာသနားပါတယ်။ ဆောင်းတွင်းကြီးအေးကအေးနဲ့

အရမ်းအေးနေလို့ထင်တယ် အမေအိုကြီးမှာ တစ်ချက်တစ်ချက် တုန်နေတယ်။ ဘယ်လို၀ဋ်ကြွေးများကြောင့် ဒီလိုမျိုး ဒုက္ခခံနေရတာလဲ။ သားသမီးတွေရော မရှိကြဘူးလား။ လာပြီးချသွားတဲ့ လူကြီးနဲ့ရော ဘယ်လိုပက်သက်နေသလဲ။ အခုဆိုရင် ဘိုးဘွားရိပ်သာတွေ အများအပြားရှိနေတာပဲမဟုတ်လား ။ စတဲ့စတဲ့ မေးခွန်းတွေ ကျွန်တော့်ရင်ထဲမှာ မေးနေမိတယ်။

အဲ့ဒီညတစ်ညလုံး ထိုအမေအိုကြီးရဲ့ ပုံရိပ်က ကျွန်တော့် အမြင်အာရုံမှာ စွဲထင်ကျန်နေခဲ့တယ်။ ဒီအမေအိုကြီးရဲ့ မမြင်နိုင်တဲ့ အမှောင်ကမ္ဘာထဲက နာကြည်းစရာ လျှို့၀ှက်ချက်တွေက ဘာများလဲဆိုတာ သိချင်စိတ်များက အာရုံမှာ ပြေးလွှားလှုပ်ရှားနေတယ်။ အပြင်မှာ လမင်းကြီးကလဲ ထိန်ထိန်သာနေတယ်။ ၀ရန်တာအပြင်ဘက်ထွက်ရင်း ဆောင်းလေအေးအေးကို အားရပါးရတစ်ချက်ရှူရှိုက်လိုက်တယ်။ ပြီးတော့ လမင်းကြီးကို မော့ကြည့်လိုက်တယ်။ ပြီးတော့ ခပ်အဲ့အဲ့လေးပြုံးလိုက်တယ်။ လှောင်ပြုံလား၊ သနားပြုံးလား မသိပါ။ လမင်းကြီးကတော့ တိမ်တိုက်တွေကြားထဲ ပျောက်ကွယ်သွားခဲ့တယ်။

ကျွန်တော်လည်း အိမ်ထဲပြန်၀င်ပြီး မှက်စုစာအုပ်လေးကို ကောက်ကိုက်လိုက်တယ်။ ပြီးတော့ စိတ်ထဲသိချင်နေတဲ့ လူတွေရဲ့မမြင်နိုင်တဲ့ အမှာင်ကမ္ဘာအကြောင်း ချရေးလိုက်မိတယ်။ ခေါင်းစဉ်ကတော့

လမင်းရဲ့ တစ်ဖက်ခြမ်း ``

စတီးမစ်တွင် တင်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။
ဤစာစုလေးသည် Steemit တွင်တင်ခဲ့ခြင်းဖြစ်ပါသည်။
Zawgyi ဖြင့်ရေးသားထားသောကြောင့် နှောင်တစ်ချိန်တွင်ပျောက်ပျက်သွား မည်းစိုး၍ Hive platfrom ပေါ်တွင်
Unicodeဖြင့်ပြန်လည်တင်ရခြင်းဖြစ်ပါသည်။

တရားပါတယ်လို့ ... မပြောနဲ့

တောအုပ်နှင့် မနီးမေ၀း အတော်အတန်ကျယ်ပြန့်တဲ့ကွင်းပြင်တစ်ခုတွင် အကောင်ရေ ၃၀ခန့်ရှိသော ကျွဲအုပ်တစ်အုပ်သည် နွေဦးရာသီ၏ နှင်းရည်လူးထားသော မြတ်စိမ်းနုနုတို့ကို မြိန်ရည်ယှက်ရည် စားသောက်နေကြလေသည်။ ဤကဲ့သို့သော မအေးလွန်းမပူလွန်းသော ရာသီဥတုသည် ၄င်းတို့အတွက် နတ်စည်းစိမ်ပင် မဟုတ်ပါလော။ ကံကောင်းခြင်းတွေနောက်ကွယ်မှာ ဆိုးရွားတဲ့ အန္တရယ်အငွေ့သက်က ပတ်၀န်းကျင်တစ်၀ိုက်တွင် ပျံ့လွင့်လျှက်ရှိသည်ကိုတော့ ထိုကျွဲအုပ်သိပုံမပေါ်။

ထိုကျယ်ပြန့်တဲ့ကွင်းပြင်အနီးနားမှ ခြုံပုတ်တစ်ချို့မှာ တစ်ချက်ချက် လှုပ်ရှားလျှက်ရှိသည်။ ထိုအခြင်းအရာသည် အန္တရယ်ဆိုးကြီး၏နိမိတ်တစ်ခု သို့မဟုတ် သေမင်းတမန် ဖြစ်လိမ့်မည်ဆိုတာ ဘယ်ကျွဲတစ်ကောင်တလေမှ မရိတ်မိပေ။ ထိုခြုံပုတ်ထဲတွင် သွေးဆာနေသော သေမင်း သို့မဟုတ် တောဘုရင် ခြငေ်္သ့မင်းသည် မိမိ၏အစာ(သားကောင်) ကိုစိတ်ကြိုက်ရွေးချယ်နေလေသည်။ မုဆိုးသည် ကိုယ့်ကို ပြန်ပြီးမတိုက်ခိုက်နိုင်သော၊ အင်းအားအနည်းဆုံးသားကောင်ကို အစာအဖြင့် ရွေးချယ်သက်မှက်လိုက်ပြီး မိမိ၏အမဲလိုက်စွမ်းရည်ကို အစွမ်းကုန်ပြသလေတော့သည်။

ခြုံပုတ်တစ်ခုထဲမှ ဘွားခနဲပေါ်လာသော အရာတစ်ခုသည် ဘယ်နည်းနဲ့မှ မိတ်ဆွေမဖြစ်နိုင်မှန်း ထိုကျွဲအုပ်သတိပြုမိလိုက်သည်။ သို့သော် အသိကောင်းပေမဲ့ အခါနှောင်းသွားခဲ့လေပြီ။ အကြောက်တရားကိုယ်စီဖြင့် ကျွဲများအားလုံး ဆောက်တည်မရ ပြေးလွားကြကုန်သည်။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုသလိုမျိုးဖြစ်သည်။ သိပ်ပြီးကြာကြာ မပြေးလိုက်ရပေ။ အခြေနေအားလုံးငြိမ်သက်သွားလေပြီ။ ခြငေ်္သ့မုဆိုးသည် သားကောင်၏ ဂုတ္ကို ချွန်မြသော အစွယ်နှစ်ချောင်းဖြင့် ထိုးစိုက်ကိုက်ပြီး အောင်ပွဲ၏ အရသာကို ခံစားလျှက်ရှိသည်။

ကျွဲအုပ်သည်လည်း မလှမ်းမကမ်းမှ နေ၍ မိမိတို့အတွက် အသက်ပေးကယ်တင်သွားသော ကယ်တင်ရှင်အား ဂရုဏာမျက်လုံးများဖြင့် ငေးကြည့်နေရုံမှတစ်ပါး ဘာမှမတက်နိုက်ကြပေ။ ဘယ်ကျွဲတစ်ကောင်တလေမှ ဒါဟာ မတရားအနှိုင်ကျင့်မှု ၊ ရက်စက်သော ၊ စာနာထောက်ထားမှုမရှိသော ဆိုးယုတ်မှု ဆိုပြီး ထိုတော်လိုက်မုဆိုးအား ခိုက်ရန်ပြုခြင်းမရှိပေ။ ထိုကျွဲများ၏စိတ်တွင် အကြောက်တရားတို့ကသာ ကြီးစိုးနေသည်။ မတရားတာကို တရားပါတယ်လို့ ခေါင်းငုံ့လက်ခံနေသည့်ပုံမျိုးဖြစ်နေသည်။ ထို့ကြောင့်ပဲ ကျွဲအုပ်သည် တစ်နေ့တစ်ကောင်နှုန်းဖြင့် တစ်ဖြုတ်ဖြုတ်သေကြေကြရပြီး တောဘုရင်ခြေငေ်္သ့မင်း၏ အစာဖြစ်ကြရလေတော့သည်။

ဒီလိုဖြစ်ရပ်များကို Discovery တွင် မရိုးစတမ်းကြည့်ကြရမည်သာဖြစ်သည်။
တစ်နေ့က ဖေ့စ်ဘတ်ခ် သုံးရင်း Daw Aung San Suu Kyi page တွင်တင်ထားသော
အမေစုပြောတဲ့စကားလေးကို ဖတ်မိပြီး ဤဆောင်းပါးလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

မတရားတာကို မတရားဘူးလို့ မပြောရဲရင်
ပါးစပ်ပိတ်ထားလိုက်ပါ။
တရားပါတယ်လို့တော့ မပြောပါနဲ့...

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein
@myanmarkoko

14 jul 20
temp_profile_image5862865305249374318.jpg



0
0
0.000
4 comments
avatar

ပြန်တင်နေပြီပေါ့
ကိုယ်လည်း စိတ်ကူးနေတာ

0
0
0.000
avatar

ဟုတ်တယ် ကိုဟိန်းရေ။
နောက်ကျ အလွယ်တကူ ရှာမရတော့မှာစိုးလို့။

0
0
0.000
avatar

တစ်နေ့နစ်နေ့ ပုံမှန် ဆိုတာကြီး စိတ်ပျက်နေပါပြီ။

0
0
0.000
avatar

ဟုတ်တယ်ဗျာ။
တစ်နေ့တစ်မျိုးတော့ အသိတိုးဖို့ လိုနေပြီပေါ့ဗျာ။

0
0
0.000