စိတ်ကောက်ခြင်းသည် ကျန်းမားရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

avatar

စိတ်ကောက်ခြင်းသည် ကျန်းမားရေးကို
ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

စာအုပ်နာမည်ကလေးဖတ်ပြီးတော့ ဒီစာအုပ်က
ကျန်းမားရေး စာအုပ်ဖြစ်ရမယ်ပေါ့။ အတက်တွေး
လိုက်မိတာပြောပါတယ်။ ကျွန်တော်တို့ ရင်းနှီးနေ
ကျ ကျန်းမားရေး စကားတစ်ခွန်းကလည်း ရှိတယ်
မဟုတ်လား။ ဘာတဲ့...

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို
ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။...

အဲ့သည်လို သိထားတာကိုများ ဘာလို့ ဆေးလိပ်
ရောင်းခွင့်ပေးတုန်းဗျ။ ရောင်းသူရှိမှတော့
မသောက်တက်ရင်တောင် လက်တည့်စမ်းချင်တဲ့
လူငယ်တွေက သောက်မိကြမှာပဲ...။
ထားပါတော့ ဒါက လူအများလည်း တွေးမိကြ
မှာပဲ။

တကယ်တမ်း သည်စာအုပ်ကလေးကို ဖတ်ပြီး
ချိန်မှာတော့ စဖတ်ကတည်းက အဆုံးထိ
ပါးစပ်ကို ပိတ်ရတယ်မရှိဘူး။ တဟားဟားနဲ့
ရယ်နေလိုက်ရတာဖြင့်။ ဟုတ်ပါတယ် သည်
စာအုပ်လေးဟာ ကျန်းမာရေးစာအုပ်ပါပဲ။
ရယ်မောခြင်းကလည်း ကျန်းမာရေးကို ကောင်း
မွန်စေတယ်လို့ ပညာရှင်တွေက ပြောထားကြတယ်
မဟုတ်လား။

အဲ့တာကြောင့် သည်စာအုပ်လေးသည် ဟာသစာအုပ်
မဟုတ်ပါ။ ကျန်းမာရေး စာအုပ်ဖြစ်ပါသည်။
သည်စာအုပ်ထဲမှာ လူတွေရဲ့ စရိုက်သဘာတွေ၊
အပြင်မှာ တကယ်ဖြစ်ပျက်တက်တဲ့ လူတွေရဲ့
အတွေး အမြင်တွေကို ကွက်ကွက်ကွင်းကွင်း
ဖော်ပြထားပါတယ်။ စာဖတ်သူများ လက်လှမ်းမီ
နိုင်မယ်ဆိုရင် ရှာဖွေဖတ်ရှူဖို့ အကြံပေးလိုက်ရပါတယ်။

သူများကို ဒုက္ခမပေးဘူးဆိုလျှင်
အရူးသည် အဖြူရောင်ဖြစ်၏...

IMG_20201019_105054.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko



0
0
0.000
2 comments
avatar

ဘယ်သူမှလည်း မန့်သူမရှိ ကိုယ်ဟာကိုယ်ပြန်မန့်တယ်ဗျာ😁

0
0
0.000
avatar

အားပေးသူ တယ်ရှားနေပြီကိုးဗျ😁...

0
0
0.000