Oredoo sim card နှင့် 1111 VPN ကို အသုံးပြု၍ Internet အသုံးပြုနိုင်ခြင်း

avatar
(Edited)

Hive Myanmar Community မိသားစုဝင်များအားလုံး
မင်္ဂလာရှိသော နေ့လေဖြစ်ပါစေ...

အခုချိန်မှာ အားလုံးအတွက် မင်္ဂလာရှိသော နေ့တစ်နေ့
မဖြစ်နိုင်ဟု မှန်းသိပါသည်။ အခက်ခဲများ နေ့စဥ်နဲ့အမျှ
ကြုံတွေ့ကြရမှာပင်။ အဲ့ဒီအခက်ခဲများတွင် Internet
လိုင်းမကောင်းခြင်း၊ အသုံးပြု၍ မရခြင်းကလည်း
တစ်ခုအပါအဝင်ဖြစ်ပါလိမ့်မည်။ ကိုယ်ပိုင်အိမ်တွင် Wifi
တပ်ဆင်ထားနိုင်သူများအတွက်တော့ ဒီပိုစ်က အကျိုးရှိမည်
မဟုတ်ပါ။

ဒီနေ့ကတော့ Oredoo ကဒ်နဲ့ 1111 VPN အသုံးပြု၍ internet လိုင်းကောင်းစွာနဲ့ အသုံးပြု၍ ရကြောင်း
ဖော်ပြပေးသွားပါမည်။

ရှေးဦးစွာ Oredoo ကဒ်ထဲ့ပါ။ ပြီးလျှင် 1111 VPN
ကို အောက်ပါလင့်ကနေ Download လုပ်နိုင်ပါသည်။
1111 VPN

အောက်ပုံပါပြ ထားသည့်အတိုင်း အလည်က အဖွင့်အပိတ်
ကို ဖွင့်လိုက်လျှင်အလိုလို ချိတ်သွားပြီး Connected
ဟု စာသားပေါ်လာလျှင် Internet ကို စတင်
အသုံးပြု၍ ရနိုင်ပါပြီ။ လိုင်းလည်း ကြာလျှင်
ကောင်းလာပါသည်။ အခုကျွန်တော် ဒီပိုစ်ကို Ecency app
ကနေ တင်လိုက်ခြင်းဖြစ်ပါသည်။

img_0.20887885578847418.jpg

မိတ်ဆွေများ သည်ပိုစ်ကို ဖတ်မိပြီး အင်တာနက် အခက်ခဲ
ဖြေရှင်းသွားနိုင်လျှင် ကျွန်တော် ပိုစ်တင်ရကျိုး နပ်ပေပြီ။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုကိုမိုးဟိန်း

Remember!

We are meeting here by one comment.
I am very active in
comment section. Leave a comment and get some PIZZA!

Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein



0
0
0.000
9 comments
avatar

အင်း မိတ်ဆွေတစ်ဦးပြောတာ သုံးတာတွေ့တယ်။
ကိုယ်တွေက ooredo ကတ်မရသွံးတော့ ကတ်ပြောင်းသုံးရမလားပဲ။

0
0
0.000
avatar
(Edited)

ဟုတ် ဝယ်လို့ အဆင်ပြေမယ်ဆိုရင်တော့ သုံးကြည့်စေချင်တယ်။

!PIZZA

0
0
0.000
avatar

အဲဒီ တစ်လေးလုံး အတော်သုံးကြတယ်။ လိုင်းဆွဲအား ကောင်းတယ်လို့ ပြောကြတယ်။

0
0
0.000
avatar
(Edited)

ဟုတ်တယ် ကိုဟင် ပုံတင်စာရေး အတော်လေးကောင်းတယ်။
တစ်ခြားဟာတွေထက် အဆင်ပြေတယ်ဗျ။

!PIZZA

0
0
0.000
avatar

Ooredoo ကဒ်တော့ မရှိဘူး။
1111 down ဖို့လည်း wifi ရတဲ့ဆီ ပြေးရဦးမယ် ထင်တယ်

0
0
0.000
avatar

ဟုတ် Oredoo ကဒ် အဆင်ပြေတယ်ဆိုရင်တော့ သုံးစေချင်တယ်ါ
ဒီနေ့ Wifi ဆိုင်မသွားရတော့ဘူး။😁

!PIZZA

0
0
0.000