ခေါင်းစဥ်...

avatar
(Edited)

သူငယ်ချင်းတစ်သိုက် ဝိုင်းဖွဲ့စားသောက်နေကြ၏။
ဘီယာလေးတမျှမျှနှင့် ထွေရာလေးပါး စကားများ
ရောက်တက်ရာရာ ပြောနေကြခြင်းဖြစ်သည်။

ကျွန်တော့် မေဇင်လေးကို ဖုန်းဆက်လိုက်ဦးမယ်ဗျာ။

မင်းကတော့လုပ်ပြီ။ နွယ်နီကြီး ငုတ်တုတ်ရှိလျှက်နဲ့။

ကျွန်တော့် ဘက်က သူနဲ့စကားပြော​ ပြီး
အသံလေးကြားရရင်ကို ကျေနပ်မိတာ။ သာယာမိတာ။ နွယ်နီပေါ် ဖောက်ပြန်တာ မဟုတ်ဘူး။
ဘာပဲဖစ်ဖြစ် ​နောက်ဆုံးကျွန်တော် နွယ်နီ့ကိုပဲယူမှာ။

ဘာပဲဖြစ်ဖြစ် ရည်းစားရှိလျှက်နဲ့ တခြားကောင်မလေးအပေါ် စိတ်ရောက်နေတာက
ဖောက်ပြန်တာပဲကွ။ နှမချင်း ကိုယ်ခြင်းစာဦးကွ။

အစ်ကိုမှား နေပြီ ဖောက်ပြန်တာမဟုတ်ဘူး။ ကျွန်တော်တို့ လူငယ် သဘာဝ စိတ်ကစားတာ။
သူနဲ့ အီစီကလီ စကားလေးပြောရုံပဲ။ ဖောက်ပြန်တယ် ဆိုရအောင်သူနဲ့အတူ သွားအိပ်တာလဲမဟုတ်ဘူး။

ဟဲ့ယောင်မင်းမှားနေပြီ။ ဟုတ်လား မင်းက တခြား
ကောင်မလေး အပေါ် စိတ်ရောက်နေတာက ဖောက်ပြန်တာ မဟုတ်ရင် ဘာလဲ။ ငါ့ကိုပြောပြစမ်း
ပါ...။

အစ်ကိုတို့လည်း ငယ်ငယ်က လူငယ်သဘာဝ ဒီလို
စိတ်တော့ ရှိမှာပဲ။ လူငယ်သဘာဝ စိတ်ကစားတာ။
ကိုယ့်မှာ ရည်စားရှိလဲ တခြားလှတဲ့ကောင်းမလေးမြင်ရင် ခနတော့ စိတ်ကစားမိမှာပဲ။

ဟေ့ယောင် မင်းအဲ့တာ ငါ့ကို စော်ကားတာပဲ။

အစ့်ကို့ကို စော်ကားတဲ့ စကားတစ်ခွန်းမှ မပါဘူး။

ဟေ့ကောင် မင်းမူးနေပြီ။ အေးဆေးနေတာကောင်းမယ်။ ငါသစ္စာဆိုရဲတယ်ကွ။
ငါ့မိန်းမ မစပယ် သူနဲ့ရည်းစားဖြစ်ကတည်းက တခြား ဘယ်ကောင်မလေးပေါ်မှ စိတ်နဲ့တောင် မဖောက်ပြန်ဖူးဘူးကွ။

အဲ့တာတော့ အစ်ကို စကားကို အကုန်ပြောနေတာပဲ။
ယောကျာ်းချင်းပဲ ဘာမှ လာရွီးနေစရာမလိုဘူး။
လူငယ်သဘာဝ စိတ်စကားတာကတော့ လူတိုင်းသိတယ်။

ထိုကဲ့သို့ စကားများ အချေအတင် ငြင်းခုံကြရင်းကဖြင့် ထိုးမယ်ကြိတ်မယ် ဖြစ်ကုန်ကြ၏။ ဘေးနားက သူငယ်ချင်းများကလည်း
ဖြေဖျန်ပေးရ၏။ စကားခြေတင်များနေသူ နှစ်ယောက်က တစ်ဝမ်းကွဲ ယောက်ဖ တော်သူများ
ဖြစ်ကြသည်။ အမျိုးမကင်းကြပေ။ သောက်ရင်း
စားကြရင်းက အပျော်ကနေ အပျက်ဘက်ကို ဦးတည်
နေကြလေပြီ။

ဘေးနားမှ သောက်စားဖော်တစ်​ယောက်က ဤကဲ့သို့ အခြေနေကို ဝင်ထိန်းလေ၏။

အစ်ကိုတို့က ခေါင်းစဥ်မတူတာကို အတင်းအဖြေရှာ
ညှိနေတော့ ဘယ်မှာ ထပ်တူကြနိုင်ပါ့မလဲ။
အစ်ကိုကလည်း ယောကျာ်းတစ်ယောက်အနေနဲ့
မိန်းမရှိပြီးရင် မဖောက်ပြန်သင့်ဘူး။ ဒါအစ်ကို့
ခေါင်းစဥ်။ သူကလည်း လူငယ်သဘောဝ စိတ်ကစား
မိတာ ဒါသူ့ခေါင်းစဥ်။ အစကတည်းက ခေါင်းစဥ်မတူပဲ ငြင်းနေကြမှာတော့ ရန်ဖြစ်စကားများကြတာပဲ အဖက်တင်မပေါ့။
သောက်ကြစားကြတုန်း ပျော်ပျော်ရွှင်ရွှင် ပဲသောက်စားကြရအောင်ဗျာ။

ဤကဲ့သို့ အခြေနေကို ဝင်ထိန်းလိုက်မှ ပြေလည်သွား
ကြကာ အဲ့ဒီညလေးကို အပျော်များဖြင့် အဆုံးသတ်နိုင်တော့လေသည်။
အခုချိန်မှာတော့ တစ်ယောက်ကလည်း သူ့ရည်းစား
နွယ်နီနှင့် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ပင်
ရနေလေပြီ။ ကျန်တစ်ယောက်လည်း သူ့အိုးသူ့အိမ်နှင့်ဖြစ်နေပြီ။

temp_profile_image5862865305249374318.jpg

အတွေးလေးရလာ၍ စိတ်ထဲမှတ်မိနေသော မနှစ်က မဖြစ်ပျက်လေးတစ်ခုကို ရေးသားလိုက်ရပါသည်။

ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko



0
0
0.000
6 comments
avatar

ဒါ လောက သဘာဝ မဟုတ်လား ဟေ

0
0
0.000
avatar

အမှန်ပဲပေါ့ဗျာ။

0
0
0.000
avatar

အဖွဲ့လေး စုမိပြီဆို ...
အရေလေး ဝင်လာပြီဆို ...

0
0
0.000
avatar

အဲ့လိုလေး စကားများလိုက်ရမှ ခေါင်းစဥ်မတူတာတွေ ညှိကုန်ကြရော😁

0
0
0.000
avatar

ကောင်းလိုက်တဲ့ ခေါင်းစဉ်..... အရေးအသားနဲ့ တထပ်တည်းပဲ။ ဟုတ်သား.... ခေါင်းစဉ်တူ မှ ညှိလို့ ရမှာကိုး...

0
0
0.000
avatar

ဟုတ်တယ်ကိုဟင်ရေ... အစတည်းကမှ ခေါင်းစဥ်မတူပါဘူးဆိုနေမှ
အရေလေးက ဝင်ထားတော့ အရှိန်တွေတက်ကုန်ရော။

0
0
0.000