Torum အကြောင်း တစေ့တစောင်း ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ဒီနေ့တော့ Torum အကြောင်း ကျွန်တော်သိထားသလောက် ဝေမျှပေးမည် ဖြစ်ပါသည်။ Cryptocurrency နှင့်ပတ်သက်လျင် ကျွန်တော့ အနေဖြင့် ကျွမ်းကျင်သူ အဆင့်မဟုတ်သော ကြောင့် အမှား တစုံတရာ ပါဝင်သွားလျင် ကျွန်တော်၏ လေ့လာမှု အားနည်းချက်ကြောင့်သာ ဖြစ်သည်ဟု ကြိုတင်ဝန်ခံ အပ်ပါသည်။

ကျွန်တော်တို့ အနေဖြင့် Steemit မှ စပြီး Blockchain Social media လောကသို့ ဝင်ရောက်လာပြီး Cryptocurrency ရှာဖွေနေကြသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ Steemit တွင်ရှိစဉ်က Golo ဟူသော Blockchain တခုကို တွေ့ခဲ့ဘူးသလို အခြားအခြားသော Blockchain တို့ကိုလည်း တွေ့ခဲ့ကြရပါသည်။

သို့သော် Blockchain Social media များတွင် Steemit လောက်မည်သည့် blockchain Social Media မှ အောင်မြင်ခဲ့ခြင်း မရှိပါ။ Hive အနေဖြင့်လည်း အောင်မြင်ပါသည် ဟု ဆ်ုနိုင်ခြင်း မရှိသေးပါ။ Mass Adoption ဟုခေါ်သော လူအများ အုံးအုံးထ မသုံးရမနေနိုင်အောင် ဖြစ်သော Blockchain အဆင့်သို့ မရောက်သေးသမျှ အောင်မြင်သည်ဟု မခေါ်နိုင်ပါ။

ဤသို့ဖြင့် Steemit သည်လည်း မျှော်လင့်ချက်ကြီးကြီးမားမား ပေးကာ နောက်ဆုံးတော့ ပေးထားသည့် ကတိများအား ဝန်ဆောင်မှု ပေးနိုင်ခြင်း မရှိရကာ Blockchain တခုလုံးအား အခြားသူများလက်သို့ ထိုးရောင်းလိုက်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရပါသည်။

ယခုလည်း လာပါပြီ Torum ဟူသော Blockchain Social Media ။ ကတိတွေ အကြီးကြီးပေးထားသော Platform ဖြစ်ပါသည်။ Torum က မည်ကဲ့သို့ ကတိပေးထားသည်ကို ကြည့်ကြပါအုံးစို့။

၁ - Community များအား အထောက်အပံ့ပေးမည်။ XTM token အား အသုံးပြုပြီးအခြားသူများအား မတူညီသော လက်ဆောင်များ NFT များ ပေးပို့ကြမည်။ ဥပမာ မိမိက အခြားသူအား Pizza token ၁ ခု လက်ဆောင်ပေးလျင် ထိုသူ၏ အကောင့်ထဲတွင် Pizza ပုံလေးတခု လာပေါ်နေမည်။ ထို့အတူ စိန်တုံး များ ခွေးများ ကြောင်များ အစရှိသော ပတ်သက်ရာ ပတ်သက်ကြောင်း NFT များ ပေးပို့နိုင်ကြမည်။ ထို NFT များသည်လည်း သူ့တန်ဖိုးနှင့် သူ ရှိမည် ဖြစ်ပါသည်။ Hive Engine token များအား မြင်ယောင်ကြည့်ပါ။

၂ - Community များအတွက် XTM များ ဝယ်ရောင်း လုပ်ရန်နှင့် Project များမှ ထွက်လာသော NFT များ ဝယ်ရောင်း နိုင်ရန် ဈေးကွက် ဖန်တီးပေးမည်။ သိပ်မထူးပါ။ Hive Engine token များအား Hive ဖြင့် ဝယ်ရောင်းလုပ်ကြသည်ကို မြင်ယောင်ကြည့်ပါ။

၃ - Community များအတွက် Torum Finace ဟူသော Di-Fi များသို့ ဝင်ရောက် ရင်းနှီ မြုပ်နှံစေမည်။ ဆိုလိုသည်မှာ XTM Staking လုပ်ထားလျင် မည်သို့ အတိုးရမည် ၊ XTM များ ချေငှား၍ အခြား Project များတွင် ရင်း နှီမြုပ်နှံနိုင်မည် ။ Farming / XTM များအား project များတွင် ထည့်သွင်းထား၍ အတိုးရယူမည်။ XTM များအား အခြား coin / token များ ဖြင့် တိုက်ရိုက် Swap လုပ်ယူနိုင်မည်။ သိပ်မထူးခြားပါ။ Hive power များအား Leofinance သို့ Delegate လုပ်၍ နေ့စဉ် Loe token အချိုးကျ ရယူ နိုင်သည်နှင့် တူပါသည်။ De-Fi သည်လည်း Leofinance ၏ Cub finance အတိုင်းသာ။ staking / farming / swap အားလုံး လုပ်နိုင်သည်။

၄ - XTM များ အသုံးပြုကာ မိမိ post များအား Boost လုပ်နိုင်မည်။ မိမိ Cryptocurrency project များ စီးပွားရေးများအကြောင်း ရေးသားထားသည့် Post များ ၊ ကြေညာများအား လူအများ ပိုမြင်စေရန် XTM နှင့် Boost လုပ်နိုင်မည်။ မထူးခြားပါ။ မိမိတို့ post များအား Ecency တွင် Point များဖြင့် မိမိ လိုသလောက် boost လုပ်နိုင်ပါသည်။

၅ - XTM များအား အသုံးပြုကာ Mining Simulator များအား ဝယ်ယူ၍ NFT များအား mining လုပ်နိုင်မည်။ Mining များမှာ Game အသွင် ဖြစ်၍ ရရှိလာသော XTM များအား မိမိ Mining စက် ကောင်းသထက် ကောင်းလာစေရန် အဆင့် မြှင့်တင်နိုင်သည်။ ဥပမာ Mining လုပ်သော စင် အကောင်း စား upgrade လုပ်မည်။ Mining အတွက် cooling system ထည့် မည်။ Mining power မြှင့်တင်မည်။ power အားကောင်းလာလေ ရရှိသော NFT များ ပိုများလာမည်။ တနည်ူဆိုရလျင် XTM အသုံးပြုကာ ကစားရသော mining game ဖြစ်၍ NFT Rewards ရသော Mining game ဆိုလျင် ပိုမှန်မည် ထင်ပါသည်။ ဤ တချက်ကတော့ Hive တွင် မရှိသေးပါ။ Leo တို့ Pal တို့ ၏ mining ကတော့ တကယ် mining လုပ်ခြင်းပါ။ Game မဟုတ်ပါ။

၆ - Community များ အတွက် Airdrop အစိအစဉ်များ ဆောင်ရွက်ပေးမည်။ Airdrop ကတော့ ယခုလည်း ပွထနေပါသည်။ Airdrop clan များသည်ပင် နည်းနည်းနောနောမဟုတ်။ Hive တွင်တော့ ဤ အစီအစဉ် မရှိပါ။

၇ - XTM များအား အသုံးပြုကာ Torum အတွင်းရှိ အထူးအစဉ်များအား ပါဝင်နိုင်မည်။ အထူးသဖြင့် Premium Feature အား Subscrib လုပ်ထားခြင်းဖြင့် Projectများ၏ အထူးအစီအစဉ် တွင် ပါဝင်နိုင်မည်။ ဥပမာ ဆိုရလျင် ဤ အထူးအစီအစဉ် လစဉ် 10 XTM ပေး၍ Subscribe လုပ်ထားလျင် Project များ၏ ICO များတွင် အခြားသူများထက် ဦးစွာ ဈေးပေါပေါဖြင့် ဝယ်ယူနိုင်မည်။ Hive တွင် မရှိသေးသော အစီအစဉ် ဖြစ်ပါသည်။

၈ - မိမိတို့ XTM များ ဖြင့် Project များအား Voting ပေးနိုင်မည်။ ဤ အစီအစဉ် မှာ ICO သဘောမျိုး ဖြစ်မည် ထင်ပါသည်။ ကျွန်တော့ အထင်သာ ဖြစ်ပါသည်။ တကယ်ဟု မယူဆစေလိုပါ။ သဘောမှာ မိမိအနေဖြင့် Project တခုအား XTM 100 ဖိုး ပေးပို့၍ Voting ပေးထားလျင် လူ အယောက် မည်မျှ Vote ၍ လုံလောက်သော XTM ရလျင် Project စရန် အရင်းအနှီးရပြီ ဖြစ်ပါသည်။ ထိုProject ထွက်လာသောအခါ မိမိ XTM vote ထားသလောက် NFT အချိုးကျ ပြန်ရမည် ဖြစ်ပါသည်။ ဤသို့ ဖြစ်မည် ထင်ပါသည်။ အဘယ့် ကြောင့် ဆိုသော် Voting အတွက် rewards/ profit ဖေါ်ပြမထားသောကြောင့် ဖြစ်ပါသည်။

အချုပ်ဆိုရလျင် Torum platform တကယ်လွင့်တင်လိုက်လျင် ကျွန်တော်တို့ အတွက် တော့ အသုံးပြုရသည်မှာ ခက်လှသည်တော့မဟုတ်ပါ။ Torum သည် Hive ထက်အသုံးပြုရပိုလွယ်သလို အကောင့်ဖွင့်ရသည်မှာလည်း Hive ထက်ပိုလွယ်ပါသည်။

Hive အား သေချာ အသုံးပြုနိုင်ရန် လေ့လာသင်ယူမှု ပြုလုပ်ရပါသည်။ Torum ကတော့ Facebook သုံးတတ်သူတိုင်း အသုံးပြုနိုင်ပါသည်။ အခြား အားသာချက်တခုမှာ Hive တွင် password ပျောက်သွားလျင် မည်သို့မျှ ပြန်ဆယ်၍ မရပါ။ Torum တွင်တော့ ပြန်ဆယ်၍ ရနိုင်ပါသည်။

အမှန်ဆိုရလျင် Torum သည် Steemit အကောင်အထည် မဖေါ်နိုင်ခဲ့သော လမ်းစဉ်များအား အကောင်ထည် ဖေါ်နေခြင်း ဖြစ်ပါသည်။ Mass Adoption / SMT ( NFT ) / Cryptocurrency ဤသုံးမျိုးအား တစုတစည်းတည်း တနေရာတည်း ပေါင်းစပ်ပေးမည့် သဘော ဖြစ်ပါသည်။

ဤ နေရာတွင် Cryptocurrency project များ အားလေ့လာသုံးသပ်သူ Steve Walters ၏ Torum အပေါ် ပေးထားသော မှတ်ချက်အား ဖေါ်ပြပေးလိုပါသည်။ Steve က “ Torum သည် တကယ်တမ်း အောင်မြင်အောင် ပေးထား ဖေါ်ပြထားသော ကတိကဝတ် များအား အကောင်ထည် ဖေါ်နိုင်ပါက အလွန်အောင်မြင်သော Platform တခုဖြစ်လာပါလိမ့်မည်။

သို့သော် လက်ရှိ Torum ( team ) လူအင်အားနှင့်သူဖေါ်ပြထားသော လမ်းစဉ်များအား အကောင်ထည် ဖေါ်ရန်မှာ ဖင်မနိုင်ပဲ ပဲကြီးဟင်း စားနေသည်နှင့် တူနေကြောင်း နှင့် အဆုံး သတ်တွင် နောင်တော်ကြီး Steemit ကဲ့သို့ အဖျားရှူးသွားလိမ့်မည်ဟု မှတ်ချက်ပြုထားပါသည်။

အဘယ့် ကြောင့် Steve အနေဖြင့် ဤသို့ မှတ်ချက်ပြုရသနည်း ဆိုသော် Steve သည် Steemit အကြောင်း ကောင်းကောင်း သိသူဖြစ်ပါသည်။ Steemit သည် project တဝက်ခန့်ရောက်သော အခါ Data Sever / ရုံးခန်း / ၂၄ နာရီ ဖွင့်ထားရသော လျပ်စစ်မီး နှင့် / Blockchain Engineer များအတွက်လစာ / အခြား အသုံးစရိတ်များ ပြတ်လပ်လာကာ ၇၀ % နှုန်းသော အဖွဲ့သားများအား အလုပ်ထုတ်လိုက်ရသော ကြောင့် နောက်ပိုင်းတွင် နာလန်မထူ ဖြစ်သွားရပါသည်။

မည်သို့ပင် ဆို စေ Torum သည် ကောင်းသည် ဆိုးသည်ကို အထက်တွင် ကျွန်တော်ရေးပြထားသော အကြောင်းအရာများအား ထောက်ရှုကာ မိတ်ဆွေကိုယ်တိုင်သာ ဆုံးဖြတ်စေချင်ပါသည်။

Henry Aung ( Kachin )

14/06/2021 - Monday - 12;50 Pm



0
0
0.000
10 comments
avatar

အချို့ ဟာတွေနားမလည်ဘူး နားလည်သလောက်ဆို Facebook
လို သုံးရတယ်၊ ဗုတ်တွေ၊ မန့်တွေ၊ ပိုစ့်တွေတင်ရင် xtm တွေရတယ်
ဂလောက်ပဲသိသေး။

0
0
0.000
avatar

အဲဂလောက်သိရင် ရပြီလေ.... သူက function အတော်များများ မပါသေးဘူး။ ခုမှ Beta Version လေ

0
0
0.000
avatar

ကိုယ်တတ်နိုင်တာ ရှာကြံ လုပ်ယူရုံပါပဲဗျာ။
!PIZZA

0
0
0.000
avatar

ဟုတ်ပါ့။ အကောင်းဆုံး ဖြစ်လာမယ်လို့ မျော်လင့်ရတာပါ့။

0
0
0.000
avatar

အသိတိုးစေပါတယ်အစ်ကို။ကောင်းမွန်သော Post လေးတစ်ခုပါ။

Posted Using LeoFinance Beta

0
0
0.000
avatar

ကျေးဇူးတင်ပါတယ်။

0
0
0.000