ကျွန်တော်သိသမျှ Torum ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ Hive platform မှ လက်တဆုပ်စာ လူစုသည် များမကြာသေးမှီရက်များက Torum ဟူသော Blockchain Social Media Platform အသစ်ပေါ်သို့ ဝင်ရောက်လာခဲ့ကြပါသည်။ ဤ Torum ဟူသော Platform သည် ကျွန်တော်တို့ မျှော်လင့်နေသော Facebook ကဲ့သို့ အသုံးပြုရလွယ်ကူသော Cryptocurrency နှင့် ပတ်သက်သော Social media platform ဖြစ်ပါသည်။

ဤ Torum အား Facebook / Hive တို့ နှင့် နှိုင်းယျဉ် ၍ တင်ပြပေးပါမည်။ Hive Platform သည် ကျွန်တော်တို့ကဲ့သို့သော သိပြီး သူများ အတွက် ကိစ္စမရှိသော်လည်း အသစ်ဝင်ရောက်လာသူအတွက် သင်ယူစရာ အများအပြား ရှိနေပါသည်။ password ထိန်းသိမ်းခြင်း မှ အစ posting key / active Key / master key အစရှိသည်ဖြင့် မှတ်သားထား ထိန်းသိမ်းထားရပါသည်။

ထို့ အပြင် မည်သို့ Post တင်ရမည် ၊ မည်ကဲ့သို့ Voting ပေးရမည် အစရှိသဖြင့် အသေးစိတ်သင်ယူကြရပါသည်။ Torum မှာ ထိုမျှလောက် ကရိကထ မများလှပါ။ Facebook သုံးတတ်သူတိုင်း Torum အား ကျွမ်းကျင်စွာ အသုံးပြုတတ်မည် ဖြစ်ပါသည်။ Torum တွင် Facebook ကဲ့သို့ ပုံ / စာ / post တင်မည် ၊ like ပေး နိုင်သလို Comment များလည်း ပေးနိုင်ပါသည်။

torum.jpeg

Torum သည် တခုကောင်းသည်မှာ Cryptocurrency သီးသန့် ဖြစ်၍ Cryptocurrency နှင့် ပတ်သက်သော သတင်းများ၊ မည်သည့် နေရာတွင် Airdrop ရနိုင်မည့် အကြောင်းများ ၊ မည်သို့ Airdrop ယူရမည့် အကြောင်းများ Cryptocurrency နှင့်ပတ်သက်သော အကြောင်းအရာ သီးသန့်သာ ဖတ်ရှုရမည် ဖြစ်ပါသည်။

Facebook ကဲ့သို့ သမီး ခရုလား / တီကောင်လား / အကိတ်လား / အစစ်လား အတုလား စသော စိတ်ပျက်စရာ Post များ ဖြင့် Attention ရှာသော Post များ မြင်ရမည် မဟုတ်ပါ။ ထို့အပြင် Torum မှ XTM ဟူသော token ထုတ်ထားသည့် အပြင် Torum platform တွင် crypto wallet တခုပါဝင်ပါသည်။

Torum အား ဤထက်ပို၍ အသေးစိတ်ရှင်းပြရလျင် Torum platform လွင့်တင်ထားသည်မှာ တနှစ်ကျော်သာ ရှိပါသေးသည်။ လက်ရှိ အချိန်တွင် Beta အဆင့် ( စမ်းသပ်ဆဲ ) အဆင့်သာ ရှိပါသေးသည်။ လက်ရှိအချိန်အထိ အကောင့်ပေါင်း ၅ သောင်း ၄ ထောင်ကျော် နေ့စဉ် ဝင်ရောက်အသုံးပြုနေပြီ ဖြစ်ပါသည်။

Beta အဆင့် ဆိုသည့် အတိုင်း လူအများအား စမ်းသပ်အသုံးပြုစေပြီး အားနည်းချက် ၊ လိုအပ်ချက်များအား ပြုပြင် ထိန်းသိမ်းနေ၍ အားလုံးစုံ အဆင်ပြေပြီဆိုလျင် ဤ Platform အား တရားဝင် လွင့်တင်မည် ဖြစ်ပါသည်။ Torem ၏ XTM token မှာ တစ်ဘီလီယံ ထုတ်လုပ်မည်ဖြစ်ပြီး ICO / token Pre-Sale ကာလမှာ ပြီးသွားခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အနေဖြင့် ဤ XTM token အားExchange site ပေါ်သို့ တင်ရောင်းမှသာ ဝယ်ယူနိုင်တော့မည်ဖြစ်ပါသည်။

torum.jpeg

Torum platform မှလည်း Xtorum ဟူသော Exchange site တခု မကြာမှီ လွင့်တင်တော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိ wallet အတွင်ရှိ XTM များအား ထို Xtorum exchange site တွင် ဝယ်ရောင်း ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ XTM token ပိုင်ဆိုင်ထားခြင်း ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား အနည်းငယ် ဖေါ်ပြပေးလိုပါသည်။

XTM token များ သည် Hive ကဲ့သို့ Vote / like ပေးရာတွင် အသုံးပြုရမည် မဟုတ်ပါ။ Xtorum Exchange site ထွက်လာပြီးနောက်ပိုင်းတွင် Torum မှ NFT project အများ အပြား ထွက်ပေါ်လာမည် ဖြစ်သလို ထို NFT project များ မှ ထွက်လာသော token များသည်လည်း Xtorum တွင် ဝယ်ရောင်း ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

အလွယ်ကူဆုံး ဥပမာ ပေးရလျင် Hive platform မှ Hive Engine exchange site ထွက်လာသလို ထို Hive engine တွင် Hive မှ ထွက်လာသေ NFT project များဖြစ်သည့် Leo / CCC / PAL token များ ဝယ်ရောင်း နိုင်သလိုသာ ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း XTM token ပိုင်ဆိုင်ထားသူတို့ Torum မှ ထွက်လာသော NFT project များအား Vote ပေးနိုင်မည် ဖြစ်ပါသည်။ like မဟုတ်ပါ။

torum.jpeg

Project များအား vote ပေးခြင်း ဖြင့် မိမိတို့ NFT token များထွက်လာသည့် အခါ မိမိတို့ XTM stake လုပ်ထားသလောက် အချိုးကျ ရရှိနိုင်မည် ဖြစ်ပါသည်။ Torum မှာ Facebook ကဲ့သို့ပယ် မိမိတို့ Project များအား boost လုပ်နိုင်သလို token စီးပွားရေးများအား ကြေညာနိုင်သော နေရာတခု ဖြစ်လာပါလိမ့်မည်။ ထို့အပြင် Torum Finance တွင် ဝင်ရောက်ရင်းနှီးမြုပ်နှံနိုင်သလို Mining pool များလည်း မကြာခင် ထွက်လာပါလိမ့်မည်။

ဤမျှ လောက်ရှင်းပြရလျင် Torum platform အကြောင်း အနည်းအကျဉ်းမျှ နားလည်နိုင်ပြီ မျှော်လင့်ပါသည်။ အချုပ်ဆိုရလျင် Torum သည် ကျွန်တော်တို့ မျှော်လင့်နေသော Killer App ဟု ခေါ်ရမည့် Blockchain Social Media platform တခု ဖြစ်လာလိမ့်မည်ဟု ထင်ပါသည်။

ယခု Torum တွင် ရောက်ရှိနေကြသော ကျွန်တော့ မိတ်ဆွေများကလည်း အလကားရသည့် XTM များအား နေ့စဉ် တတ်နိုင်သလောက် စုထားစေချင်ပါသည်။ တရက်နောက်ကျလျင် မိမိ အတွက် တရက်စာ Token နှစ်နာ သွားမည် ဖြစ်ပါသည်။ ကျွန်တော်တို့ Hive platform တွင် တပြားရရ နှစ်ပြားရရ စုခဲ့ကြ၍ သာ ယခု ၄ သီး ၅ သီး စားနိုင်ကြခြင်း ဖြစ်ပါသည်။

Torum တွင်လည် ထို အတိုင်းသာ ဖြစ်ပါသည်။ မိမိ နောက်ကျ နေလျင် မိမိ အတွက် နှစ်နာ မည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့လို Token ဝယ်မထည့် နိုင်သူတို့က Steemit တွင် ဖြစ်စေ / Hive တွင် ဖြစ်စေ / Torum တွင် ဖြစ်စေ မိမိ ဝရိယ အားကိုး၍သာ ရှေ့ဆက်ရမည် ဖြစ်ပါသည်။ ကံကောင်း၍ Torum ပေါ်သို့ ရောက်ရှိလာကြပါပြီ။ ဝရိယ မရှိလျင်တော့ အခြားသူများအား အားကျနေယုံသာ တတ်နိုင်ပါလိမ့်မည်။

Henry Aung ( Kachin )

05/06/2021 - Saturday - 11;26 Pm



0
0
0.000
16 comments
avatar

အလားအလာကောင်းတွေ အတော်များပါ့။
လုပ်ယူနိုင်ဖို့ပဲ လိုအပ်တယ်။

0
0
0.000
avatar

ကျွန်တော်ကတော့ အတော်ကို သဘောကျပါတယ်။ ဒါပေမယ့် wallet / mission မှာ မရှင်းတာတွေရှိနေသေးတယ်။

0
0
0.000
avatar

တော်တော်မိုက်တယ် ဗျို့ လောလောဆယ် torum မှာ ဖုန်းက verify
မဖြစ်သေးတော့ ခက်တာ။

0
0
0.000
avatar

ဖုန်းက ဘာဖြစ်သွားလို့လည်း.... ဖုန်းနံပါတ်မှားရိုက်မိလို့လား..?

0
0
0.000
avatar

အခု ရသွားပြီး ကိုဟင်

0
0
0.000
avatar

အဲဒါဆိုရင် လှုပ်ရှားလိုက်တော့ ခပ်သွက်သွက်လေး...

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်

0
0
0.000
avatar

နေ့တိုင်းပုံမှန်၀င်ယူနေပါတယ်ဗျ

0
0
0.000
avatar

ကောင်းပါတယ်.... wallet ပွင့်ဖို့အတွက် တော့ စောင့်ရမယ်.... ဒါပေသိ တရက်နည်းနည်း နဲ့သွားရင် မရစရာ အကြောင်းမရှိပါဘူး။

0
0
0.000
avatar

Torum အကြောင်းရှင်းပြထားတာ အတော်လေးပြည့်စုံပြီး အားတက်စရာကောင်းသော blockchain social media platform တစ်ခုဖြစ်ပါသည်။XTM Token များများရအောင် ကြိူးစားထားရမှာပေါ့။

0
0
0.000
avatar

နေ့တိုင်း ပုံမှန်သာယူ သွားပါ။ တလ ကျော်ကျော် လောက်ဆို wallet ပွင့်သွားပါလိမ့်မယ်။

0
0
0.000
avatar

ဘဝမှာ ကွိုင်ရှာရမယ်လို့ တခါသားမှ မတွေးခဲ့မိဘူးရယ်
😁

0
0
0.000
avatar

အခုတော့ ကွိုင်ရှာချင်နေပြီ ပေါ့လေ......

0
0
0.000
avatar

Acc တော့ဖွင့်ထားလိုက်ပီ ဖုန်း verify ဖြစ်ဖို့တော့ခက်သား ကိုဟင်

0
0
0.000
avatar

ဟုတ်လား ..... ဦးထွေးတို့ ကိုမိုးဟိန်း တို့ မေးကြည့်ပါအုံး သူရို့လည်း ဖုန်း verify လုပ်တာကြာတယ်ပြောကြတယ်။ ဘယ်လို လုပ်လိုက်တယ်မသိ။

0
0
0.000
avatar

Points Boosting refund to @kachinhenry! 🤓
Due to one of these reasons:
1. Post is not published via Ecency.
2. Post is already curated by our team.
3. Post is not curated by our curators within 24 hours.
4. Post might be too old post, try more recent content.
5. Author already received vote in last few hours, try again later.
Install Android: https://android.ecency.com, iOS: https://ios.ecency.com mobile app or desktop app for Windows, Mac, Linux: https://desktop.ecency.com
Learn more: https://ecency.com
Join our discord: https://discord.me/ecency

0
0
0.000