ထိန်းချုပ်ခြင်းမဲ့ ဟူသည်မှာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယနေ့ နံနက် ကွန်ပြူတာ ဖွင့်ပြီး ဟိုဟိုသည်သည် cryptocurrency အကြောင်း ကြည့်လိုက်သည်နှင့် အံ့ဩစရာ တခုအား သွားတွေ့ပါသည်။ ထိုအရာမှာ ကျွန်တော်တို့ အလကားရထားသော Blurt Token မှာ ၂၄ နာရီ အတွင်း 46$ အထိ တက်သွားသည် ဟူ သော သတင်း ဖြစ်ပါသည်။

ကျွန်တော်လည်း ရုတ်တရက်တော့ ပျော်သွားပါသည်။ ကျွန်တော့ တွင်လည်း Blurt များကျန်သေးသည်မဟုတ်လား ။ ဆိုတော့ Coinmarket Cap အား ဖွင့်ကြည့် လိုက်တော့ 17$ သို့ ပြန်ကျ နေပြီ ဖြစ်ကြောင်း တွေ့ရပြန်ပါသည်။ 17$ လည်း မဆိုးဘူး ဟုတွေးတောရင်း ကျွန်တော် Blurt token အား trade နေကြ Ionomy သို့ ဝင်ကြည့်လိုက်သောအခါ Blurt token မှာ ဈေးမတက်သည့် အပြင် ယထင်ကထက်ပင် ပိုလို့ ကျနေပါတော့သည်။

ဆိုတော့ ဘယ် Exchange Site ကများ ဆွဲတင်နေသနည်း ကြည့်လိုက်တော့ STEX ဟူသော Exchange Site တွင် ဆွဲတင်နေကြခြင်း ဖြစ်ပါသည်။ ၂၄ နာရီ ဝယ်လိုအား ရောင်းလိုအား ကြည့် လိုက်တော့ 696$ ဟူလို။ ရှိစေတော့ ။ ခဏတာ တော့ ဝမ်းသာ သွားရသည် မဟုတ်လား။

အမှန်တော့ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကျွန်တော်တို့ Cryptocurrency စုထားသူတိုင်း မျှော်လင့်ကြသည်သာ ဖြစ်ပါသည်။ မိမိစုထားသော coin / token များ ရုတ်တရက် ဈေးခုန်တက်သွားသော အခိုက်အတန့် ။ အမှန်တော့ ကျွန်တော် Blurt အား သဘောမကျပါ။ ထို့ကြောင့် ထုတ်နိုင်သမျှ Blurt များ ထုတ်ရောင်းကာ Leo token ဝယ်စုထားခဲ့ပါသည်။

စုမိသော Leo token များအား လည်း အချို့အား Power up ကာ အချို့အား UniSwap ၏ Wleo- Eth pool တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံ ထားခဲ့ပါသည်။ ယခုထိတော့ အခြေ အနေမသိရသေ။ သို့သော် ရှုံးမည်ဟု ထင်ပါသည်။ WLeo 230 ခန့် အတွက် အဝင် အထွက် ပေးရသော Eth မှာ ဒေါ်လာ $50 ခန့် ရှိပါသည်။

ယခု အချိန် အထိ WLeo က ပထမတုန်းကလောက် ရေပန်းစားမှု မရှိ။ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ဂဏန်းသို့ ရောက်မည့် ပုံမပေါ်သေး။ ရှိစေတော့။ မည်သို့ ပင်ဆိုစေ Leofinance ကတော့ Hive Platform ထက် ခြေတလှမ်း ပို သွက်လျက်ရှိဆဲပင် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် Leofinance သည် သူ၏ platform အောင်မြင်မှု အတွက် ကြေငြာ ကုမ္ပဏီ တခုနှင့် စကား ပြောလျက် ရှိကြောင်း သိရသောကြောင့် ဖြစ်ပါသည်။

လက်ရှိအနေအထား ဖြင့် Leofinance သည် သူ၏ Leo token အား METAMASK အသုံးပြု၍ Eth နှင့် တိုက်ရိုက် လဲလှယ် နိုင်သည်။ ထို့ အပြင် Uniswap ကဲ့သို့သော DiFi တွင် ရင်နှီးမြုပ်နှံသူများအား အတိုင်းအတာတခုအထိ ဆွဲဆောင်ထားနိုင်သည် ဟူသော အချက်များမှာ Hive Platform ထက် ပိုမိုသာလွန် ကောင်းမွန် နေသည်ကို ဖေါ်ပြနေခြင်း ဖြစ်ပါသည်။

ထို့နောက် ယခုတဖန် Leo platform အား ကြေငြာ အား ကောင်းကောင်း ဖြင့် ပြင်ပလောက ရှိ Investor များအား ဆွဲဆောင်လိုက်လျင်။ အမှန်ဆိုရလျင် Leofinance သည်လည်း Blogging လုပ်ခြင်းဖြင့်သာ ရှေ့ဆက်သွားရလျင် အောင်မြင်မှု ရရန် အတော် လေး ကြိုးစားရလိမ့်မည်ဟု ထင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ရှေ့တွင် Steemit နှင့် လက်ရှိ Hive platform တို့က သက်သေဖြစ်ပါသည်။ ယခု ကဲ့သို့ ဝင်ငွေရရှိနိုင်သော Blogging site တခု အောင်မြင်လာလျင် လူအများစုပြုံ ဝင်လာကြသည်။ ပိုက်ဆံရသည် ဆို၍ Copy ကူးတင် ၊ ဖြတ်ညတ်ကတ်တင် ...... မိတ်ဆွေတို့ သိပြီးသားမို့ အထွေအထူး မရှင်းပြတော့ပါ။

ထို့ကြောင့် ဝင်ငွေရလမ်းရှိသော Blogging site တခု အောင်မြင်ရန် အလွန်ခက်ခဲပါသည်။ Leofinance အနေဖြင့် ယခုအထိတော့ သန့်ရှင်းလျက်ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် Blogging အကြောင်း နားလည်သော တနည်းအားဖြင့် စည်းကမ်း နားလည်သူတို့သာ ရှိနေသေးသော ကြောင့် ဖြစ်ပါသည်။

အကယ်၍ Leo token သည် USD 1$ ခန့် ဖြစ်လာလျင့် သို့မဟုတ် ထိုထက်ပိုလာပါက Blogging လုပ်သူများ စည်းကမ်းပျက်လာကြပါလိမ့်မည်။ မိတ်ဆွေတို့ သိပြီး ဖြစ်သည့် အတိုင်း ပြင်ပတွင် Token ဈေးတက်လေ ၊ Voting power အားကောင်လေ ဖြစ်ပါသည်။

ဤတွင် Power အားကြီးသူတို့က Vote ရောင်းစားခြင်း ဖြင့် Blogger များအား ဖျက်ဆီးပါတော့သည်။ Power အားကြီးသူများကလည်း မိမိတို့ ရင်းနှီးမြုပ်နှံထားရသဖြင့် ငွေပြန်ဖေါ်လိုကြသည်။ Bloggers များကလည်း Vote ဝယ်ယူ၍ ရသဖြင့် အမြတ်ထွက်သည် ဆိုလျင် မိမိတို့ ရေးသောစာ သည် Quality ဖြစ်သည် မဖြစ်သည် ဂရုစိုက်ကြတော့မည် မဟုတ်ပါ။

Steemit Platform ကျဆုံးသွားရခြင်း ၏ အဓိကမှာ ထိုပြသနာ ဖြစ်ပါသည်။ Hive အနေဖြင့်လည်း ထို့ပြဿနာ အား အဖြေမရှာနိုင်သေးသရွေ့ Steemit နောက်သို့ လိုက်သွားရမည်သာ ဖြစ်ပါသည်။ ဤ အချက်တွင် Leofinance က ကန့်သန့်ချက် အနည်းငယ်ဖြင့် ထိန်းချုပ်ထားပါသည်။

Leofinance Platform တွင် Post တင်၍ Vote လိုချင်သူအများစုမှာ ငွေကြေးအကြောင်း ဆိုင်ရာ ၊ cryptocurrency အကြောင်း ဆိုင်ရာများသာ ရေးသားရန် သာခွင့်ပြုထားခြင်း ဖြစ်ပါသည်။ ကျွန်တော့ အထင် Leofinance သည် blogging တခုတည်းဖြင့် ရှေ့ဆက်မည် ဟုမထင်ပါ။

အခြားသော နည်းများ ဖြစ်သည် Uniswap ကဲ့သို့သော DiFi နေရာများတွင် မိမိတို့ Leo token အား ပိုမို အသုံးဝင် တွင်ကျယ်လာစေရန် ပြုလုပ်လိမ့်မည်ဟု ထင်ပါသည်။ Blogging site ကတော့ Leofinance တခုလုံး၏ အခြားအခြားသော လုပ်ငန်းဆောင်တာများ ၏ အကြောင်းအရာများ ရေးသားရန် နေရာ ၊ ကြေညာရန် နေရာ ၊ ရှင်းပြရာ နေရာတခု ဖြစ်လာလိမ့်မည်ဟုထင်ပါသည်။

ဤသို့ ဆိုလျင် Leofinance သည် Hive platform ထက်များစွာပို၍ အလားအလာရှိသော Project တခု ဖြစ်လာပါလိမ့်မည်။ တခုရှိသည်မှာ Blockchain base Social Media platform များ ပေါက်သွားသည် အောင်မြင်သွားသည်ဟု ယခု အထိတော့ မရှိသေးပါ။ Steemit တခုတည်းသာလျင် အတိုင်းအတာ တခုအထိ ရောက်ခဲ့သော်လည်း ထို အောင်မြင်မှုအား ထိန်းထားနိုင်ခြင်း မရှိခဲ့ပါ။

Steemit ၏ နောက်တွင် Hunt platform / ထို့နောက် Hive platform / ယခု Leofinance စသည်ဖြင့် တခုပြီး တခု ထွက်ပေါ်လာခဲ့ပါသည်။ Leofinance အနေဖြင့်တော့ အတော်လေး အခြေအနေကောင်းနေသည်ဟု မြင်မိပါသည်။ တိကျသော လမ်းပြမြေပုံရှိသည် ၊ လမ်းပြမြေပုံ အတိုင်းလည်း လုပ်ဆောင်နေသည်။ သုံးစွဲသူ Community များဖြင့် လည်း မပြတ်ထိတွေ့လျက်ရှိပါသည်။ ကျွန်တော်တို့ အနေဖြင့်တော့ စောင့်ကြည့်နေယုံသာ တတ်နိုင်ပါလိမ့်မည်။

Henry Aung ( Kachin )

20 /11 / 2020 Friday - 13;00 Hrs



0
0
0.000
6 comments
avatar

စောင့်ကြည့်ရင်း လက်ဦးမှု ရယူနိုင်က ကောင်းလေစွ။

အဲတော့ Blurt က ပေါက်ဈေးကောင်းတဲ့ နေရာ သွားရောင်းလို့ ရလား။

0
0
0.000
avatar

မရောင်းရပါဘူးဗျာ.... သူက Attention ရအောင် ယူတဲ့ သဘောပါ။

0
0
0.000
avatar

WLEO က အသွင်းအထုတ် Fee က ဆော်တော့ Pool က ဘယ်လောက် ရမယ်မှန်း မသိတော့ အရှုံးအမြတ် မတွက်နိုင်သေးပါ။
Roadmap ကို လက်တွေ့ အကောင်အထည် ဖော်ရင်း ဈေးကောင်းလာရင်တော့ ရှယ်ပေါ့ဗျာ။

0
0
0.000
avatar

ကျွန်တော်လည်း စမ်းချင်လို့သာ ထည့်သာ ထည့်လိုက်တာ... ရှုံးမယ် ထင်တာပဲ....

0
0
0.000
avatar

ကံ ပေးတဲ့တစ်နေ့ မမျှော်လင့်စရာများဖြစ်လာခဲ့ရင်
ပျော်စရာလေးတွေဖြစ်စေသတည်း။

0
0
0.000
avatar

ပျော်နိုင်မဲ့ အချိန် စောင့်စားရင်း...

0
0
0.000