LeoBridge ခေါ် Leo တံတား ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ February 1 ရက်နေ့မှ စပြီး အင်တာနက် ပြတ်တောက်သွားပြီး Hive platform နှင့် အဆက်ပြတ်သွားချိန်တွင် Leofinance တွင် အရေးကြီးသော အပြောင်းအလည်း တခု ဖြစ်ပေါ်ခဲ့ပါသည်။ ထိုအရာမှာ Cubfinance ဖြစ်ပါသည်။

ဤ Cubfinance ဟူသည်မှာ Leofinance ၏ ကြီးကျယ်သော အပြောင်းအလည်းတခုဖြစ်ပါသည်။ အကျယ်ရှင်းပြပါမည်။ Leofinance ၏ Leo token အား ပြင်ပ Exchange တွင် ဝယ်ရောင်း နိုင်ရန် Ethereum ၏ METAMASK အသုံးပြုကာ Uniswep တွင် ဝယ်ရောင်း နိုင်ပါသည်။

Ethereum တွင် ERC-20 ပိုင်ဆိုင်ထားသူတိုင်း Uniswep အားအသုံးပြုကာ Wleo ဖြင့် တိုက်ရိုက် ဝယ်ရောင်း နိုင်ပါသည်။ သို့သော် WLeo သည် Uniswep သို့ဝင်ရောက်သွားခြင်းသာ ဖြစ်၍ ယခု Cubfinance မှာ အနည်းငယ်ထူးခြားပါသည်။ အရှင်းဆုံးပြောရလျင် Cubfinance မှာ Uniswep ကဲ့သို့သော De-Fi platform တခုဖြစ်ပါသည်။

Cub token ရှိရမည်။ Staking လုပ်ထားလျင် အချိုးကျ အတိုးရမည်။ ထူးခြားသည်မှာ Cubfinance တွင် Binance ၏ Binance Smart Chain နှင့် တွဲဖက်ထားခြင်း ဖြစ်သည်။ ဆိုရလျင် ကျွန်တော်တို့ Ethereum wallet သို့ ဝင်လိုလျင် METAMASK အား အသုံးပြုရသလို Binance Smart Chain သို့ METAMASK အသုံးပြု၍ ဝင်ရောက်နိုင်ပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ Ethereum wallet, Ether Scan တို့အား ကျွမ်းကျင်ကြပါသည်။ Binance တွင်လည်း BscScan ဟူ၍ ရှိပါသည်။ Binance မှလည်း BEP-20 token များထုတ်ပါသည်။ Ethereum ၏ ERC-20 ကဲ့သို့သာ ..... Binance မှ ထုတ်သော token အသေးစိတ်ကို Binance Launch Pad တွင် ကြည့်နိုင်ပါသည်။

Binance မှ ထုတ်သော BEP20 token များကလည်း Ethereum ၏ ERC20 ထုတ်ယူနည်း အတိုင်းသာ။ ရှိစေတော့ ကျွန်တော်ပြောလိုသည်မှာ Cubfinance သည် မူရင်း Leo ( Hive Blockchain ) Wleo ( Ethereum Blockchain) BEP20 Leo ( Binance Smart Chain ) ဤသုံးမျိုးအား တံတားသဖွယ် ချိတ်ဆက်ပေးမည် ဖြစ်ပါသည်။

အပိုဆုအနေဖြင့် Cub token ပါဝင်လာမည် ဖြစ်ပါသည်။ ကျွန်တော် Cubfinance လုပ်ဆောင်ချက်အား အသေးစိတ်ရေးမပြတော့ပါ။ Leofinance ၏ ခြေလှမ်းသည် အလွန်ပင် သွက်လာပြီ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် De-Fi project များမှာ အတော်များများ အောင်မြင်နေကြသည် ဖြစ်ရာ Leofinance ၏ Cubfinance သည်လည်း အောင်မြင်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ လိုအပ်သည်မှာ Leo သို့မဟုတ် Cub token ပိုင်ဆိုင်ထားရန်သာ ဖြစ်ပါသည်။ ခက်သည်က ပိုက်ဆံ ။ ထို token များဝယ်ရန် ပိုက်ဆံ ဘယ်ကရမည်နည်း။ ပိုက်ဆံ ။ ပိုက်ဆံ ။

Henry Aung ( Kachin )

08/05/2021 - Saturday - 11;45 Am



0
0
0.000
9 comments
avatar

အင်း ပိုက်ဆံ ပိုက်ချံ
ဒီအနှီးပိုက်ဆံအား ရရှိဖို့
ငွေမျှော ငွေနဲ့လိုက် ဆိုသလို
သူ့ကိုရဖို့ သူ့ချူဆီလေးထည့်ပေးရသေးသကို။

0
0
0.000
avatar

ဟုပါ့ ဦးထွေးရာ။ ချူဆီ ဘယ်ကသွားရှာရပါ့။ ငွေရှိသူက ရှိပြီးရင်းရှိ.... မရှိသူက နည်းလမ်းသိလည်း ထိုင်ကြည့် နေရ။

0
0
0.000
avatar
(Edited)

ဒီလို လုပ်ပါလား ကိုဟင်ရာ ကျွန်တော်တို့ အဖွဲ့သားတွေ က‌ေန
ကိုယ်တတ်နိုင်သလောက် တစ်သောင်း နှစ်သောင်း တစ်သိန်း စုပြီး ရင်းနှီးမြှပ်နှံထားရင်ရောဗျာ။

0
0
0.000
avatar

မလုပ်ပါနဲ့ဗျာ..... ဒီအချိန်အားလုံး ခက်ခဲနေကြတာ... ပြီးတော့ အဲဒီရင်းနှီးမြုပ်နှံမှုက ဘယ်အထိ စောင့်ရမယ်မသိ..... ပလုံ သွားရင် ကိုဟင် စိုက်လျော် နေရအုံးမယ်။ ကျွန်တော်ပြောခဲ့သလို cryptocurrency က အချိန်စောင့်ရတယ်။

0
0
0.000
avatar

နည်းနည်းလောက်ဖြစ်ဖြစ်ရှာဝယ်ချင်တွားပြီ ခက်တာကပိချန်

0
0
0.000
avatar

ခက်တာက ပိုခက်နေတယ်။

0
0
0.000
avatar

CUB က ထွက်လာစတုန်းက ဈေးက အတော်ကောင်းခဲ့ပြီး ခုတော့ အဆအတန် ကျနေတယ်။ ဘယ်လိုသဘောတော့ မသိ။ CUB airdrop တုန်းက ရတာလေး မရောင်းဖြစ်ခဲ့တာ 10$ ကျော်တော့ နစ်နာသလိုပဲ။ နောက်တော့ မပြောတတ်။
အင်တာနက် မသုံးရတော့ LeoFinance ရဲ့ အကြောင်းအရာတွေ အတော် အဆက်ပျက် နောက်ကျကျန်ခဲ့တာပဲဗျာ

0
0
0.000
avatar

အမှန်ပဲ။ Coin / token တွေနဲ့ ၃ လ လောက် အဆက်သွယ်ပြတ်သွားတာနဲ့ အတော်လေးကို နောက်ကျသွားတယ်။ ကိုယ်တွေကတော့ စာဆက်ရေးနေရုံပါ့

0
0
0.000
avatar

Cubfinance အသေးစိတ်လေးတွေလည်း ရေးပြပါအုံးအကိုရေ
leofinance နဲ့ ဘယ်လိုချိတ်ဆက်ထားရမလည်းပုံစံလေးတွေရော
အချိန်ရရင် ပြောပြပါအုံးအကိုရေ
ကိုဟင်ပြောတဲ့..မီးစ လေးတစ်စပဲ ညှိလိုက်ရုံပါပဲဗျ

Posted Using LeoFinance Beta

0
0
0.000