Leo က Hive ထက်ပိုကောင်းနိုင်ပါ့မလား ( Henry Aung )
မင်္ဂလာပါ။ Hive platform ရဲ့ HF24 ကတော့ မရေမရာ မသေမချာ ဖြစ်နေဆဲပါ။ အချို့သော Witness များ၏ အဆင်သင့် မဖြစ်မှုက HF အား နောက်ကျစေပါတော့သည်။ ဤသို့ HF အား ကြေညာထားသည့်ရက် မလွင့်တင်နိုင်ခြင်းမှာ Hive platform အားစောင့်ကြည့် နေသူလူအများအား အာရုံထွေပြားစေပါသည်။
ဆိုရလျင် Hive platform ၏ ပထမဆုံးသော ကိုယ်ပိုင် HF တွင် ကြန့်ကြာမှုများ ရှိနေခြင်းမှာ ကောင်းသည့် လက္ခဏာတော့ မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် HF တခုခြင်းစီတွင် နည်းပညာ အသစ်မျှော်လင့်ချက်များ ပါဝင်ကြသည် ဖြစ်ရာ မိခင် token ၏ ဈေး အတက်အကျအား ရိုက်ခတ်လေ့ရှိသော ကြောင့် ဖြစ်ပါသည်။
အမှန်ဆိုရလျင် လက်ရှိ Hive သည် လမ်းပြမြေပုံမရှိ ၊ ဦးဆောင်သူ မည်သူမှန်းမသိ ၊ အဖွဲ့ဝင် မည်သူမှန်းမသိ စမ်းတဝါးဝါးနှင့် ခရီးနှင်လျက်ရှိပါသည်။ ဆိုလိုသည်မှာ ယခင် Steemit တွင် CEO ကမည်သူမည်ဝါ ၊ Software Engineer များက မည်သူမည်ဝါ ၊ ဈေးကွက် ချဲ့ထွင်းရေး အဖွဲ့ ခေါင်းဆောင် က မည်သူ ၊ ပြန်ကြားရေး တာဝန်ခံမည်သူ ဟူ၍ ရှိပါသည်။
တခုရှိသည်မှာ ယခင် Steemit blockchain က Steemit ကုမ္ပဏီ ၏ လက်အောက်တွင်ရှိသော ကြောင့် ကုမ္ပဏီ ဖွဲ့စည်းပုံအရ တာဝန်ခွဲဝေယူကြခြင်း ဖြစ်ပါသည်။ ယခု Hive blockchain ကတော့ ကုမ္ပဏီ တခု၏ ထိန်းချုပ်မှု အောက်တွင် မရှိပဲ အများပိုင်Blockchain တခုအဖြစ်ရပ်တည်နေသော ကြောင့် ကောင်းသည် ဟုပဲ ဆိုရမည်လား ၊ မကောင်းဘူးဟုပဲ ဆိုရမည်လား ကျွန်တော်လည်း မပြောတတ်တော့ပါ။
လက်ရှိ HF24 အတွက်ကတော့ Blocktrade မှ ဦးဆောင်၍ ကိုင်တွယ်နေသည်ကို တွေ့ရပါသည်။ ဤ HF24 ပြီးသွားလျင်တော့ Hive platform ဘယ်သို့ဦးတည်နေသည်ကို တွေ့ရကောင်းပါသည်။ ယမန်နေ့က Hive အတွင်းရှိ ဆောင်းပါးများ ဝင်ရောက်ဖတ်ရှုရင်း Leo Platform ၏ ကြေညာချက် များကို ဖတ်ရှုခဲ့ရပါသည်။
ထိုကြေညာချက်များကို ဖတ်ကြည့်ရာတွင် Leo Platform အနေဖြင့် Hive platform ထက် ခြေတလှမ်းသာ နေသည်ကို တွေ့မြင်ရပါသည်။ လက်ရှိ Hive Engine token ဖြစ်သော Leo သည် ပြင်ပဈေးကွက် ချဲ့ထွင်းနိုင်သည်။ Uniswap အသုံးပြုကာ မိမိ Leo token အား ပြင်ပ ဈေးကွက် တွင် ဝယ်ရောင်းပြုလုပ်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့သည်။
ယခုတဖန် METAMASK နှင့်တွဲ၍ မိမိ Ether Wallet အား Leo Wallet နှင့် တွဲနိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ အမှန်ဆိုရလျင် Leo အကောင့်သည် Hive အကောင့်သာ ဖြစ်ပါသည်။ အကယ်၍ Leo Wallet သည် METAMASK အား အသုံးပြု၍ ဖွင့်နိုင်လျင် Hive Wallet လည်း တွဲပါဝင်နေမည် ဖြစ်ပါသည်။
သို့သော် Leo Wallet မှ မိမိ Hive wallet အား ဝင်ရောက် အသုံပြုနိုင်ခြင်း ရှိမရှိတော့ မသိသေးပါ။ အကယ်၍ Leo wallet အနေဖြင့် METAMASK အား အသုံးပြုနိုင်ခဲ့သည် ရှိသော် Leo platform သည် Ethereum အဖွဲ့အစည်းနှင့် ပို၍ နီးကပ်သွားကာ Leo token သည်လည်း ERC-20 token များနှင့် ပို၍ ဖလှယ်လာနိုင်မည် ဖြစ်ပါသည်။
ဤသို့ဆိုလျင် Leo platform တွင် blogging လုပ်ရခြင်း နှင့် Hive platform တွင် blogging လုပ်ရခြင်းက တဖြည်းဖြည်း ကွာခြားလာပါလိမ့်မည်။ လက်ရှိတွင်ပင်လျင် Leo platform တွင် Blogging လုပ်ခြင်းက Hive ထက်ပို၍ အမြတ်ထွက် လျက်ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် ပြင်ပဈေးကွက် တွင် Leo token က Hive ထက် ဈေးတက် နေသောကြောင့် ဖြစ်ပါသည်။
တခုအရေးကြီးသည်မှာ LeoDex ဖြစ်ပါသည်။ Leo ၏ ကိုယ်ပိုင် Exchange Site သည် Steem Engine ထက်ပို၍ ကြည့်ကောင်းသလို METAMASK နှင့် တွဲလိုက်ပါက Leo Exchange တွင် ERC-20 token များ မြင်ရနိုင်ဖွယ်ရှိပါသည်။ ဤသည်မှာ နည်းပညာ ပိုင်း ဖြစ်၍ အများကြီး အကျယ်မချဲ့တော့ပါ။
အရေးကြီသည်က ကျွန်တော်တို့ မည်သို့ အမြတ်ထုတ်ယူနိုင်မည်နည်း ဟူသော အကြောင်းအရာ ဖြစ်ပါသည်။ Leo သည် ခေတ်ကောင်းလာနေပါပြီ။ သို့သော် ကျွန်တော်တို့တွင် လုံလောက်သော Leo power များ မရှိကြပါ။ ယခုအချိန်တွင် မိမိ Hive power အား Leo power ပြောင်းလျင်တောင် ထက်ဝက် ခန့် နှစ်နာမည် ဖြစ်ပါသည်။
ကိစ္စမရှိပါ။ ကျွန်တော်တို့ အနေဖြင့် Hive တွင် ရှိနေနေ Leo တွင် ရှိနေနေ Blogging လုပ်မှ ဝင်ငွေ ရရှိမည် ဖြစ်ရာ လောလော ဆယ်အထိကတော့ Hive တွင် Post တင် Leo tag တွဲ ဟူသော အခြေအနေသာ ရှိပါလိမ့်အုံးမည်။ မိမိ တို့ Hive စုသလို Leo အားလည်း မူးစု ပဲစု စုယူရမည်သာ ဖြစ်ပါသည်။
သို့သော်လည်း Leo platform တွင် မိမိ Post များ ပေါ်၍ Vote ယူရန် အတွက် မိမိကိုယ်၌ က Leo token အနည်းငယ် Stack လုပ်ထားရန် လိုမည်ဟု ထင်ပါသည်။ လက်ရှိ Leo token ပေါက်ဈေးသည် ပြင်ပတွင် မြန်မာကျပ်ငွေဖြင့် ၃၁၆ ကျပ်ဈေး ပေါက်လျက်ရှိပါသည်။ မိမိတို့ ၏ Hive မှာ ၁၇၈ ကျပ်ဈေးသာ ရှိနေပါတော့သည်။
Henry Aung ( Kachin )
08/10/2020 11;25 AM
ဦးဆောင်နေသူတွေကတော့ CEO မရှိတာကို ဂုဏ်ယူနေကြတာဗျ။
HF တင်မယ့်ရက်လေးတော့ တိကျစေချင်ပါတယ်
HF24 ကတော့ ၁၄ ရက်နေ့ကို ပြောင်းသွားပြီ။ ဘာတွေ ထပ်ပြောင်းအုံးမယ် မသိ။
Leo က သပ်သပ် ခွဲမထွက်ဘဲ တဂ်တွဲခွင့် ပေးနေရင် ကောင်းမှာပဲ
မူးစုပဲစု စုရအောင်။
ခုထိတော့ Tag တွဲနေတုန်းပဲ....
Leo Hive ဘာတွေကွာသလဲဆို လောလောဆယ် ဈေးကွာနေတယ်။
ကိုယ်တွေရဲ့ Hive ဘာတွေဖြစ်လာမလဲ မျှော်သူမောအောင်တော့
မလုပ်နဲ့။
မျှော်နေရတာ.... steemit မှာ ကတည်းက... ခု Hive လည်း မျှော်နေရတုန်းပဲ။
Leo platformရဲ့ အပြင်ဆင်က ကြည့်ကောင်းတာတော့အမှန်ပါဗျာ။
Hive ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူးဆိုလျှင် Leo ကအမှန်ကန်ကို
သာသွားမှာပါ။
လောလောဆယ် Leo က လမ်းပြမြေပုံရှိတယ်။ ဘာပြီးရင်ဘာတွေ အဆင့်မြှင့်တင်မယ် ဆိုပြီး ရည်မှန်းချက် target ရှိတယ်။ Hive platform ကတော့ မျှောနေတုန်းပဲ။