ကျိန်စာသင့်မြေ ( အပိုင်း-၁ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ဤ စာစုအား ရေးသားရာတွင် ကျွန်တော်ကြုံတွေ့ခဲ့ရသော ပတ်ဝန်းကျင် အသိုင်းအဝိုင်း အား အခြေခံ၍ ရေးသားရခြင်း ဖြစ်သော ကြောင့် အမှားအယွင်း တစုံတရာ ပါသွားလျင် စာရေးသူ ကျွန်တော်၏ ဗဟုသုတ အားနည်း ချက်ကြောင့်သာ ​ဖြစ်ကြောင်း ဝန်ခံပါသည်။

ဤ ကျိန်စာသင့်သော မြေမှာ ကချင်ပြည်နယ်တွင်ရှိ၍ " ဖားကန့် " ဟူသော ရတနာ မြေဖြစ်ပါသည်။ အဘယ့်ကြောင့် ကျိန်စာသင့်သော မြေ ဖြစ်ရကြောင်းအား ဤစာစု တွင် အလျဉ်းသင့်သလို ဖေါ်ပြပေးသွားပါမည်။ ဖားကန့် ခေတ်ကောင်း လာသည့် အချိန်သည် ကျွန်တော် ၄ တန်း ၅ တန်း ကျောင်းသား အရွယ် ဖြစ်မည်ဟု ထင်ပါသည်။

မိဘ ဆွေမျိုး အသိုင်းအဝိုင်းများ ဆုံ တွေ့လျင် ဖားကန့်သည် ပြောစရာ စကားတခု ဖြစ်ခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် ထို အချိန်က ဖားကန့်၏ ဂုဏ်သတင်းမှာ ကျောစော လာသည်နှင့်အမျှ သူဌေး ဖြစ်ရန် ဖြတ်လမ်း လိုက်လိုသူတို့ အများ အပြား ထွက်ပေါ်လာသည့် အချိန်ဖြစ်ပါသည်။

ထိုအချိန်က ဖားကန့်သည် ယခုအချိန်ကဲ့သို့ စက်ကြီးများဖြင့် တောတောင် များအား နေ့မြင်ညပျောက် တူးဖေါ်ခဲ့ကြသည် မဟုတ်ပါ။ လောပန်း ဆိုသူ သူဌေး များ၏ လက်အောက်တွင် ကျောက်စိမ်းကျင်း တူးသူ တွင်းတူးသမား ( သံတိုင်ကိုင်၍ တူးသူများ ) အများ အပြားဖြင့် လက်​ဖြင့် တူးဖေါ်ကြသည့် အချိန် ဖြစ်ပါသည်။

အချို့ကလည်း ဥရုချောင်းတွင် လေထိုးပိုက်ဖြင့် ရေငုပ်၍ ကျောက်ရှာကြသည့် အချိန် ဖြစ်ပါသည်။ ( ဤ ကျောက်စိမ်း ကျင်းတူး သမားတို့၏ ဘဝ အား ကျွန်တော်တို့ ဇတ်လိုက်ကျော် သက်ကိုဇော်မှ ဆောင်းပါးရေး ၍ တင်ဘူး ပါသည်။ ဤကာ စကားချပ် ) ဆိုခဲ့သည့် အတိုင်း ထို ဖားကန့် ခေတ်ကောင်းလာသည့် အချိန်တွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ အကိုကြီး များ ၊ ဦးလေး ကြီးများ ကလည်း ဖားကန့် လောပန်းလောင်း အိမ်မက်များ မက်ခဲ့ကြပါသည်။

အချို့ကလည်း ၁၀ တန်းကျ၍ ဖားကန့်တက် ကျောက်တူးကြသလို ၊ အချို့ကလည်း ရည်းစားအား တင့်တောင်းတင့်တယ် လက်ထပ် နိုင်ရန် လောပန်းလောင်းဟူသော ဘဝအား ခံယူလိုကြခြင်း ဖြစ်ပါသည်။ အများအား ဖြင့်ကတော့ ဖြတ်လမ်းမှ သူဌေး အမြန် ဖြစ်လိုသသောကြောင့် ဖြစ်ပါသည်။

ထို အချိန်က ကချင် လောပန်းများကလည်း လူငယ်များ အတွက် အားကျစရာ။ ဘယ်သူ ဘယ်ဝါဖြင့် ကျောက် အောင်၍ နှစ်ထပ်တိုက် ဟီး နေအောင် ဆောက် နေပြီ။ ဘယ်သူဘယ်ဝါ တော့ဖြင့် ရာ ကျောက် ( သိန်းရာချီ ) အောင်သော ကြောင့် ကားဝယ်စီး၍ မယားငယ် ယူထားပြီ ။ မည်သည့် မယားငယ်အား အိမ်ဝယ်ပေးထားသည် ၊ မည်သည့် သူဌေးလောင်း ကတော့ဖြင့် ညနေရောက်တိုင်း စားဝိုင် သောက်ဝိုင်း များဖြင့် ခြိမ့်ခြိမ့်သဲ အောင်ပွဲ ခံသည် စသည်ဖြင့်။

ဤသို့ သော သတင်းများသည် အရွယ်ရောက်ပြီး လူငယ်တိုင်း မက်ချင်သော အိမ်မက်များ ဖြစ်၍ ငါလည်း တနေ့ လောပန်း ဖြစ်ရမယ်ဟူ သော အတွေးများ ဝင်စေကာ ပညာသင်ခြင်း ဟူသော အလုပ်အား စွန့်လွတ်၍ သံတိုင်ကိုင်ခြင်း ဟူသော အလုပ်အား ရွေးချယ်ခဲ့ကြသည်မှာ အဆန်းတော့ မဟုတ်ပါ။

ကျွန်တော် ဆိုလိုသည်မှာ ယောက်ျား လေးများက လောပန်းလောင်း ဖြစ်ချင်ကြသလို မိန်းခလေး များကလည်း လောပန်း ကတော် ဖြစ်ချင် ကြသည်သာ။ သို့သော် မိမိ လောပန်း ကတော် မဖြစ်မှီ သူငယ်ချင်းက ဖားကန့်တွင် အလုပ်သွားလုပ်ကာ ဝတ်ကာ စားကာဖြင့် နေပြသော ကြောင့် မိမိအနေဖြင့် လူဖြစ်ရှုံး သလို ခံစာရပါသည်။ ဤသည်က အမျိုးသမီးများ အတွက်ပြသနာ။

ဟို အမျိုးသမီးက ဖားကန့်တွင် ဘာအလုပ်လုပ်သည် မသိ မြစ်ကြီးနား ပြန်ရောက်လာလျင် နားဆွဲ တလှုပ်လှုပ် ၊ ဆွဲကြိုး တပြောင်ပြောင် ၊ ဝမ်းဆက် ထည်လည် ဝတ်ပြ ၊ ဤသို့သော အကြောင်းကြောင့် "နင်နောက်တခေါက် ဖားကန့်သွားလျင် ငါလည်း လိုက်ပါရစေ" ဟူ၍ ဖြစ်ကုန်ပါတော့သည်။

ဤ အကြောင်းအရာ တို့မှာ အသေးစိတ် အကျယ်ချဲ့ရေးသားလျင် ရသော်လည်း ထို ကျိန်စာသင့်မြေ ဟူသော နေရာ ဖြစ်လာရန် အတွက် အစပျိုး သော အခြေအနေများ အဖြစ် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ခေတ် အဆက်ဆက် အမျိုးသား များကလည်း အမျိုးသား အလျောက် ၊ အမျိုးသမီးများကလည်း အမျိုးသမီး များ အလျောက် အသက် ၊ သွေး ၊ ချွေး ၊ မျက်ရည် များ ဖြင့် စွန်းထင်းနေခဲ့သော ထို ဖားကန့်ဟူသော မြေနေရာ သည် ကျိန်စာသင့်နေသော မြေနေရာ ဖြစ်ကြောင်း နှောင်စာစု များတွင် အသေးစိတ်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

H1.jpeg



0
0
0.000
10 comments
avatar

ကျွန်တော်တို့ဆီမှာလည် လောပန်းလောင်း အိပ်မက်မက်ပြီး ရူးသူ
အများသားပါ။ ကျွန်တော့်အစ်ကိုတောင် လောပန်းဖြစ်ချင်လို့
မြစ်ကြီးနားသွားသေးသဗျို့။

0
0
0.000
avatar

ဦးထွေးအစ်ကို လောပန်း ဖြစ်သွားတယ်ပေါ့။ အတွေ့အကြုံလေးသိရရင် ကောင်းမှာပဲ။

0
0
0.000
avatar

လောပန်းလောင်း အိပ်မက်နဲ့ ဖားကန့် တစ်နှစ်လောက် နေဖူးပေါ့ဗျာ

0
0
0.000
avatar

အတွေ့အကြုံလေး ရေးစေချင်ပါတယ်။

0
0
0.000
avatar

တကယ်တော့... ကျောက်တူးသမားများဟာ...
လောပန်းလောင်းတွေပါ...
ဘာမှန်းမသိပေမဲ့ သီချင်းလေးတော့ ငယ်ငယ်က အော်ဆိုမိခဲ့ဗျာ။

0
0
0.000
avatar

အာ့တာရွဲ့ဆိုထားတဲ့ သီချင်းလို့ ပြောကြတယ်။

0
0
0.000
avatar

သူဋ္ဌေးမဖြစ်ခင်ရင်းနှီးထားရတာကများပါတယ်.....ကျောက်ကလူတိုင်းရနိုင်လား....မျော်လင့်ချက်တွေနဲ့အလုပ်လုပ်ရင်းအသက်ဆုံးရှုံးနေတာစိတ်မကောင်းစရာပါ

0
0
0.000
avatar

နောက်ပိုင်း စာစု တွေက ပိုစိတ်ဝင်စားစရာ ကောင်းပါတယ်။

0
0
0.000
avatar

လောပန်းများသည် ပိုက်ဆံဖြုန်းရန် သုံးရန်
လမ်းပေါလှပေ၏

0
0
0.000
avatar

လွယ်လွယ်ရသည်ကိုး....

0
0
0.000