ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၇ - ၉ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ " ခေတ်သစ်ကို တည်ဆောက်ကြသူများ " စာစုအား အဆုံးသတ်ပါတော့မည်။ ကျွန်တော့ အနေဖြင့် စာစု အသစ်များအား ဖေါ်ပြပေးချင်သော ကြောင့် ယခင် ဇော်ဂျီ ဖြင့် ရေးသားထားသော စာစုများ ယူနီကုဒ် ပြောင်း၍ post တင်ခြင်း အား ခေတ္တမျှ ရပ်နားထားပါအုံးမည်ဖြစ်ပါသည်။ မနက်ဖြန်တွင် " ကျိန်စာသင့်မြေ" စာစုအား တကယ်ဖေါ်ပြပေးပါမည်။ ယနေ့ကတော့ Freemason များဖြင့်သာ ကျေနပ်တော်မူကြပါကုန်။

ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၇ ) ( Henry Aung )

မင်္ဂလာပါ။ ကျွန်တော်၏ ယခင် ဆောင်းပါးတွင် ပြင်သစ်တော်လှန်ရေး အကြောင်း အကျဉ်းချုံ့ မျှ ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤ ပြင်သစ်တော် လှန်ရေး ဖြစ်ပွားခဲ့ရခြင်း ၏ အကျိုးဆက် အနေဖြင့် ဥရောပတွင် သက်ဦး ဆံပိုင်ဘုရင် စနစ် ချုပ်ငြိမ်းသွား၍ ခရစ်ယန်ကျောင်းတော် ၏ အုပ်ချုပ်ရေးတွင် အဏာညှောင်းမှုများအား အဆုံးသတ်သွားစေခဲ့ပါသည်။

ဆိုခဲ့သည့် အတိုင်း ပြင်သစ်တော်လှန်ရေး မတိုင်မှီ ၁၇၇၆ ခုနှစ်တွင် ပေါ်ပေါက်လာသော Illuminati ဟူသော အသင်းအဖွဲ့မှာ မြေအောက် လျို့ဝှက် အသင်း အဖွဲ့ငယ် တခုသာ ဖြစ်ပါသည်။ ရည်ရွယ် ချက်မှာ ထိုအချိန်တုန်းက အုပ်ချုပ်ရေး ယန္တယား များအား တည့်မှတ်ရန် ၊ တရားစီရင်ရေး အား ထိန်းကျောင်းရန် နှင့် အာဏာပါဝါ သည် လူတဦး တယောက်တည်း တွင် ရှိမနေရန် ကြိုးစားကြသော အဖွဲ့ အစည်း ဖြစ်ပါသည်။

ဤ အဖွဲ့အစည်း၏ အဓိက လုပ်ဆောင်ချက်မှာ အုပ်ချုပ်ရေး တွင် နောက်ကွယ်မှ ကြိုးကိုင်ခြင်း ၊ လုပ်ကြံ သတ်ဖြတ်ခြင်းနှင့် နိုင်ငံရေးကစားကွက်များ တွင် ကြိုးကိုင်၍ မိမိတို့ အလိုကျ ချယ်လှယ် သော အဖွဲ့ အစည်း ဖြစ်ပါသည်။ ယနေ့ Freemason တို့ အကောင်အထည် ဖေါ်နေကြသော New World Order မှာ Illuminati လျို့ဝှက်ဂိုဏ်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

Freemason နှင့် Illuminati တို့၏ ကွာခြားချက်မှာ Freemason အနေဖြင့် အတတ်ပညာရှင် များပြား ၍ Illuminati တွင် အတွေးခေါ်ပညာရှင်များ သူဌေးသူကြွယ်များ၊ စာရေဆရာများ ၊ အနုပညာရှင်များ နှင့် ကျော်ကြားသူတို့ ပါဝင်ကြပါသည်။ Illuminati တို့၏ အစည်း အဝေးအား Freemason တို့၏ Masonic Lodge ( Freemason တို့ အစည်းအဝေး လုပ်ရာ အဆောက်အဦး ) တွင်သာ ပြုလုပ်ကြပါသည်။ ထို့ကြောင့် Illuminati နှင့် Freemason မှာ အများကြီး မကွဲပြားပါ။

ဤ ပြင်သစ် တော်လှန်ရေး တွင် Illuminati နှင့် Freemason တို့ ၏ ပါတ်သက်မှုအား ချပြရလျင် ထိုအချိန်တုန်းက သူဌေး သူကြွယ် အတော်များ များ ဘာဏ်သူဌေး များမှာ Freemason တို့ ဖြစ်ကြ၍ပြင်သစ်ဘုရင် လူဝီ ၁၆ မှာ ထို သူဌေးသူကြွယ်တို့ထံတွင် အကြွေးတင်နေခြင်း ဖြစ်ပါသည်။

ဤ Freemason တို့ မှာ ပြင်သစ်ဘုရင်အား အကြွေးနွံတွင် နှစ်အောင် ပြုလုပ်ထားသလို အမေရိကန် အင်္ဂလန် တို့ရှိ Freemason များ နှင့် လက်ဝါးရိုက်၍ ပြင်သစ်ပြည်သို့ ဂျုံနှင့် အခြားသော အစားအစာများ တင်ပို့ မှုကို ကန့်သတ်ပြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း Freemason တို့မှာ နိုင်ငံရေ သြဇာ အာဏာရှိသော နေရာတွင် ဝင်ရောက်နေ ရာယူထားကြသည် ဖြစ်ရာ နောက်ကွယ်မှ စိတ်ကြိုက်ကြိုးကိုင်ချယ်လှယ်နိုင်ခဲ့ကြပါသည်။

အခြားတဖက်တွင်လည်း Freemason တို့က ဂျက်ဂိုဘင်ဂိုဏ်းသားများ အား မြှောက်ပင့်ပေး၍ ဘုရင်နှင့် တိုင်းသူပြည်သားတို့ ပိုမို သွေးကွဲစေရန် လုပ်ဆောင်ကြပါသည်။ ဥပမာ လက်ကမ်း စာဆောင်များ ရိုက်နှိပ်၍ ဘုရင် အသုံး အဖြုန်း ကြီးမှုများ အကြောင်း ဖြန့်ဝေခြင်း ဖြစ်ပါသည်။ ထိုခေတ်ထိုအခါက သတင်းရင်း မြစ်များအား လုံးဝထိန်းချုပ်၍ မိမိတို့ ဖြစ်လို သော အခြေအနေရောက်ရန် မမှန်သော သတင်းဖြန့်ခြင်း ဖြင့် အခြေအနေအား ကြိုးကိုင်ချယ်လှယ်ခဲ့ကြပါသည်။

ဤ သတင်းမှား များ ဖြန့်ဝေရာတွင် ဘုရင် အပေါ် မကျေနပ်ချက်များ အားလုံး စုပုံ ကျရောက်စေရန် စနစ်တကျ သတင်းမှား ဖြန့်ကြပါသည်။ အလွန်ထိရောက်သော ဝါဒဖြန့်ခြင်းတခုမှာလူဝီဘု ရင် ၁၆ ၏ မိဘုရား မေရီအင်တွိုင်းနက် ၏ မှတ်ချက် ဖြစ်ပါသည်။ " ပြည်သူတွေစားစရာ ပေါင်မုန့် မရှိရင် ကိတ်မုန့်စားကြပေါ့ " ဟူသော မှတ်ချက်မှာ မေရီအင်တွိုင်းနက် ကိုယ်တိုင်ပြောခဲ့ကြောင်း သက်သေမပြနိုင်သော်လည်း ထို ဝါဒဖြန့်မှုမှာ တော်လှန်ရေးဖြစ်ပေါ်လာစေရန် အတော်လေးကို သက်ရောက်မှု ဖြစ်စေခဲ့ပါသည်။

ထို့နောက် ဂျက်ဂိုဘင် ဂိုဏ်းသားများ အတွက် ဝါဒဖြန့်ရန် ပုံနှိပ်စက် ၊ မှင် ၊ စက္ကူ နှင့် ပုံနှိပ်ရန် နေရာ အတွက်ပါ Freemason တို့က အပြည့် အဝကူညီပါသည်။ တော်လှန်ရေး ကာလတွင် ဦးဆောင်ခဲ့သော စည်းဝေး ခဲ့သော နေရာဌာနမှာ Freemason တို့ ၏ Masonic Lodge ခေါ် အဆောက်အဦးများ တွင် ဖြစ်ပါသည်။

ဤ သို့ Freemason များက ပြင်သစ် ပြည်တွင် တော်လှန်ရေးတရပ် ပေါ်ပေါက်လာစေရန် ၊ ဘုရင် နှင့် ခရစ်ယာန် ကျောင်းတော်တို့၏ အာဏာ ကျဆုံးစေရန် ကြိုးပမ်းနေကြချိန်တွင် အမေရိကန် နှင့် အင်္ဂလန် ရေကြောင်းကုန်သွယ်ရေး စစ်ပွဲတွင်လည်း Freemason တို့ ကြိုးကိုင်နိုင်ခဲ့ကြပါသည်။ ယခင်ဆောင်းပါးတွင် ပြင်သစ်ကူညီ၍ အမေရိကန်တို့ စစ်နိုင်ခဲ့ကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။

ထိုစစ်ပွဲတွင် ပြင်သစ်ရေတပ် ဝင်ရောက်ကူညီ၍ သာ အမေရိကန် စစ်နိုင်ခဲ့ခြင်း မဟုတ်ပါ။ Freemason တို့က ပြင်သစ် တို့ အမေရိကန် အင်္ဂလန် စစ်ပွဲတွင် ပါဝင်ပါတ်သက်စေရန် သွေးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ပြင်သစ်လူဝီဘုရင် အား စစ်စရိတ် စစ်ကြွေးများ ပိနေစေရန် ဖြစ်ပါသည်။

သမိုင်း သုတေသီ တို့အဆိုအရ အင်္ဂလန် တို့၏ ရေတပ်တိုက်ပွဲ သမိုင်းများတွင် အမေရိကန်နှင့် ရင်ဆိုင်တိုက်ခဲ့သော အင်္ဂလိပ်ရေတပ်သည် အညံ့ဆုံး ဖြစ်သည်ဟု အဆိုပြုကြပါသည်။ အကြောင်းမှာ အင်္ဂလန် Freemason တို့က ထို တိုက်ပွဲ အတွက် တမင် ဆုံး ရှုံးစေရန် အညံ့ဆုံးသော စစ်လက်နက်ပစ္စည်း များ နှင့် တိုက်သင်္ဘောများ အား တပ်သားသစ်များ ဖြင့် တိုက်ခိုက်စေခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန် အနေဖြင့်လည်း Freemason တို့၏ New World Order အကောင်ထည်ဖေါ်ရန် Freemason တို့၏ တိုင်းပြည်တခု ထူထောင်ရန် တာစူး နေချိန်ဖြစ်၍ အမေရိကန် တို့ စစ်နိုင်ပြီးနောက် ပထမဆုံး အမေရိကန် သမ္မတ ဖြစ်လာသူမှာ Freemason လျို့ဝှက်အသင်းသား ဖြစ်ကြောင်း ကျွန်တော့ ယခင်ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ထို့ကြောင့် ဤ ဆောင်းပါးတွင် Illuminati ( အလင်းပြသူများ ) လျို့ဝှက် အဖွဲ့ အစည်း အကြောင်း နှင့် ထိုသူတို့၏ လုပ်ငန်း ဆောင်တာများ အား ဖေါ်ပြပေးရန် ဖြစ်သော်လည်း ကျွန်တော် တယောက်တည်း အမြင်အရ Freemason နှင့် Illuminati မှာ တသားတည်း ဖြစ်ပါသည်။ ရည်ရွယ်ချက် ချင်းတူညီပါသည်။

သို့သော် နောက်ကွယ်မှကြိုးကိုင်မှုများ ၊ စစ်ပွဲများ ၊ လုပ်ကြံသတ်ဖြတ်မှုများ Brain Wash ဟုခေါ်သော ဝါဒဖြန့်ချီ မှုများတွင် Illuminati ဟူသော နာမည်များသာ ထွက်လာ၍ Freemason တို့ အမည်မထွက်ပါ။ သို့သော် သမိုင်းဆိုင်ရာ အထောက်အထား များ ၊ အဆောက်အဦးများ တွင် တော့ Freemason တို့၏ အမှတ်အသားများသာ တွေ့ရပါသည်။

Illuminati တို့၏ လုပ်ဆောင်မှုတွင် သမ္မတ ကနေဒီလက်ထက်က အမေရိကန်တို့ လပေါ်သို့ ခြေချ ခြင်းမှာ လုပ်ကြံမှုတခုသာ ဖြစ်၍ ထို လုပ်ကြံဇာတ်လမ်း မပေါ်ပေါက်စေရန် သမ္မတ ကနေဒီအား လုပ်ကြံ သတ်ဖြတ် လိုက်သည်ဟု ယုံကြည်နေကြသူ အများ အပြားရှိပါသည်။

ထို့နောက် ယနေ့ခေတ် 9/11 အဖြစ်အပျက်များ ၊ မင်းသမီး ဒိုင်ယနာ လုပ်ကြံခံရမှုနှင့် မျက်မှောက်ခေတ် အရှေ့အလယ်ပိုင်းဒေသတခုလုံး စစ်မျက်နှာ ပြင် ဖြစ်စေရန် ဖန်တီးကြသူများမှာ Illuminati များ ဖြစ်သည်ဟု ယူဆသူအများ အပြား ရှိနေပါသည်။ ယနေ့ ကျွန်တော်တို့ အသုံးပြုနေသော ငွေကြေးများ ( cryptocurrency အပါအဝင် ) ၊ Social Media များ ၊ Stock Market များအား မည်သူတို့ ထိန်းချုပ်နေကြပါသနည်း ။

ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၈ ) ( Henry Aung )

မင်္ဂလာပါ။ ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် Freemason တို့ နိုင်ငံရေး စစ်ရေး တိုင်းရေး ပြည်ရေးတွင် မိမိတို့ လိုသလို ပုံဖေါ်ကစားခဲ့ကြကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ယခု ဆောင်းပါးတွင် Freemason တို့ ငွေးကြေးတွင် ပါဝင်ပါတ်သက်ပုံအား ဖေါ်ပြပေးပါမည်။ ငွေကြေးတွင် ပါဝင်ပါတ်သက်သည်ဟု ဆိုရာတွင် ငွေဈေးကစား သည် နှင့် ငွေကြေးတွင် New World Order ၏ သဘောတရားများ ထည့် သွင်း ပုံ ဖေါ်သည် ဟူ၍ ရှိရာ ဤ ဆောင်းပါးတွင် New World Order ၏ သဘောတရားများ ထည့်သွင်း ပုံဖေါ်ကြပုံကို ဖေါ်ပြပေးပါမည်။

အဘယ့်ကြောင့် ဆိုသော် Freemason တို့ ငွေကြေးဈေးကစားခဲ့ပုံ များ ဖေါ်ပြရလျင် သမိုင်း နောက်ခံ ဘေဘီလုံ ခေတ်မှ ပြန်လည် အစကောက်ရမည် ဖြစ်သလို ငွေကြေး ကိုင်သွယ်မှုတွင်း အင်မတန်တော် သော ဂျူးလူမျိုး Freemason များ အကြောင်း ပါ ခေတ်အဆက်ဆက် မည်သို့ မည်ပုံ ငွေကြေး ကစားခဲ့ကြသည်မှ ယနေ့ခေတ် stock market များအထိ ဖေါ်ပြရမည် ဖြစ်သောကြောင့် အတော်လေးပြည့်ပြည့်စုံစုံ လေ့လာရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ကျွန်တော့ ယခင် ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း Freemason တို့ အမေရိကန်နိုင်ငံ ထူထောင်ပြီး နောက် ငွေကြေး ရိုက်နှိပ် ထုတ်ဝေရာတွင် အမေရိကန် ဒေါ်လာ အတော်များ များတွင် Freemason တို့၏ အငွေ့အသက်များ ထည့်သွင်းထားပါသည်။ အမေရိကန် ၁ ဒေါ်လာတွင် ပထမဆုံး သော Freemason သမ္မတ ဖြစ်သည့် George Washington ပုံအား ထည့် သွင်းထားသလို ထို ၁ ဒေါ်လာတန် ၏ နောက်ကျော ဘက်တွင် မပြီးဆုံးသေးသော ပရိမစ် ပုံ ပေါ်တွင် Freemason တို့ ၏ အမှတ်အသား တြိဂံ အတွင်းမှ မျက်လုံး ( All seeing Eye ) ကို တွေ့ရမည် ဖြစ်ပါသည်။

ဤတြိဂံ အတွင်းမှ မျက်လုံမှာ မပျက်စီးနိုင်သော တည်မြဲ နေသော နေရာမှ ကကြည့်နေသည် ဟု အဓိပ္ပါယ် ရကြောင်း ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ မပြီးသေးသော ပရိမစ် မှာ အမေရိကန် နိုင်ငံအားကိုယ်စားပြု၍ ထိုအချိန်က လွတ်လပ်ရေး ရယူထားသော ပြည်နယ် ၁၃ ခုအား ရည်ညွန်းပါသည်။

ထို မပြီးသေးသော ပရိမစ်မှာ အထပ် ၁၃ ထပ်ရှိပါသည်။ ပရိမစ်အား နောက်ဆုံး အဆုံးသတ် ပြီးမြောက်စေရန် တည်မြဲသော နေရာမှ ကြည့်နေသူ များ ( Freemason ) က ကြည့်ရှု နေသည်ဟု အဓိပ္ပါယ်ရပါသည်။ ထို မပြီးသေးသော ပိရမစ်၏ အောက်ခြေတွင် ရောမ ဂဏန်းဖြင့်MDCCLXXVI ဟူသော စာတန်းပါရှိပါသည်။

ထို စာတန်း အား ဓိပ္ပါယ် ပြန်ရလျင် M = 1000 , D = 500 , C = 100 , L = 50 , X = 10 , V = 5 , I = 1 ဟူ ၍ အဓိပ္ပါယ်ရကာ အား လုံး ပေါင်း လိုက်လျင် ၁၇၇၆ ဟူသော ခုနှစ်အား ရရှိပါသည်။ ဤ ၁၇၇၆ ဟူသော ခုနှစ်မှာ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ရေးထိုးသော ခုနှစ် ဖြစ်သည့် အပြင် ပြင်သစ် နိုင်ငံတွင် Illuminati ဟူသော လျို့ဝှက် အဖွဲ့ အစည်း စတင်ဖွဲ့ စည်းသော ခုနှစ်လည်း ဖြစ်ပါသည်။ ထို Illuminati လျို့ဝှက် အဖွဲ့ အကြောင်း ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် ထိုမပြီးသေးသော ပရိမစ် အောက်တွင် လက်တင်ဘာသာ စကားဖြင့် Novus Ordo Seclorum ဟူသော စာတန်းရေးထိုးထားပါသေးသည်။ အဓိပ္ပါယ် ပြန်ရလျင် “ A new order of the age “ ဖြစ်ပါသည်။ တနည်း ဆိုရသော် New World Order ပင် ဖြစ်ပါသည်။ ထို့ အပြင် တြိဂံမျက်လုံး အပေါ်ဘက်တွင် Annuit Coeptis ဟူသော လက်တင် စာတန်းထိုးထား၍ အဓိပ္ပါယ်မှာ " Favours our Undertaking “ ဖြစ်ပါသည်။ အနီးစပ်ဆုံး မြန်မာပြန်ရသော် " ကျွန်တော်တို့ တာဝန်ယူ ဆောင်ရွက်သည် " ဟု အဓိပ္ပါယ် ထွက်မည်ဟု ထင်ပါသည်။

ထို့ ကြောင့် ဤ အမေရိကန် ဒေါ်လာ နောက်ကျောတွင် ပါဝင်သော မပြီးသေးသော ပရိမစ်၊ တြိဂံ မျက်လုံး ၊ လက်တင် စာသားများ ၊ ရောမစာလုံး များအား ဘာသာ ပြန်လိုက်လျင် ၁၇၇၆ ခုနှစ်မှစ၍ အမေရိကန် တွင် အခြေခံပြီး New world order အား Freemason တို့ တာဝန်ယူ အကောင်အထည် ဖေါ်နေပါသည် ဟူသော သတိပေးချက်ကို ရရှိမည် ဖြစ်ပါသည်။

ဤသည်မှာ အမေရိကန် ၁ ဒေါ်လာ၏ နောက်ကျောဘက်တွင် ပါရှိသော Freemason တို့၏ အမှတ်အသား သတိပေးစကားအား အကျဉ်း ချုံ့၍ ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ဤ Freemason တို့၏ လုပ်ဆောင်ချက်များ မှာ စိတ်ဝင်စားစရာကောင်း ၍ အဖြစ်အပျက် အတော်များများ အာ ခုနှစ်သက္ကရဇ်များ ဖြင့် စာတန်းပြုစုသကဲ့သို့ ရေးသားရလျင် အချိန် အတော်ပေးရမည် ဖြစ်ပါသည်။ ကျွန်တော်ရေးသားထားသော အကြောင်းအရာများမှာ ယခင်ဆောင်းပါးများတွင် ဖေါ်ပြသကဲ့သို့ အပေါ်ယံ ရှပ်၍ အကျဉ်းချုံ့ထား ခြင်းသာဖြစ်ပါသည်။ နောက် ဆောင်းပါးတွင် Freemason တို့ အကောင်ထည် ဖေါ်နေသော New World Order ၏ ရည်ရွယ်ချက်များအား ဖေါ်ပြပေးပါမည်။

ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၉ ) ( Henry Aung )

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Freemason တို့ အကြောင်း ရေးသား လာခဲ့သည်မှာ ဆောင်းပါး တိုင်းတွင် New World Order အကြောင်း ကို ဖေါ်ပြခဲ့ပါသည်။ ရှေ့ပိုင်း ဆောင်းပါး များတွင် Freemason နှင့် Illuminati လျို့ဝှက် ဂိုဏ်းများ အကြောင်း နှင့် သူတို့၏ ရည်ရွယ်ချက် များ လုပ်ဆောင်မှုများအား အခြေခံဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။

ဤ ဆောင်းပါးတွင် New World Order အကြောင်း အနည်းငယ် အကျယ်ချဲ့၍ ဖေါ်ပြပေးပါမည်။ ယနေ့ခေတ် လက်ရှိလူ့ဘောင်လောကသည် တဖြေးဖြေး ရာဇဝတ်မှုများ ထူပြောလာ သလို စစ်မက်များ ၊ သဘာဝ ဘေး အန္တရာယ်များ ကပ်ဆိုး များ ဖြင့် ပြည့်နှက်လျက်ရှိပါသည်။ Freemason တို့ အကောင်ထည် ဖေါ်လိုသော New World Order မှာ တလောကလုံး အစိုး ရတခု တည်းသာ ရှိမည်၊ Media တခုတည်း ၊ ကိုးကွယ်ရာ တခု လူတိုင်း လူတိုင်း ဆင်းရဲချမ်းသာ မရှိ တန်းတူ သာဖြစ်စေပါမည်။

ဆိုလိုသည်မှာ အုပ်ချုပ်သူ ၊ စီမံခန့်ခွဲသူနှင့် အုပ်ချုပ်ခံ လူတန်း စား ဟူ၍ ၃ မျိုးသာ ရှိပါမည်။ တနည်း ဆိုရသော် လူသားများအား လူတစုက အုပ်ချုပ်ကြမည် ဖြစ်ပါသည်။ ဤ လောကသစ်တွင် တလင် တမယား စနစ်မရှိပါ။ လိင်ဆက်ဆံလိုလျင် သတ်မှတ်ထားသော နေရာသို့ သွားရောက် ဆက်ဆံနိုင်သလို မိမိကြိုက်ရာ လိင်တူ ၊ လိင်ကွဲ ဆက်ဆံ နိုင်သည်။ ဇနီး ခင်ပွန်း မရှိ ။ ကလေး များအား အစိုးရက တာဝန်ယူ စောင့်လျှောက်မည်။ အစိုးရကျောင်းထားမည် ။

ငယ်ရွယ် စဉ်ကတည်း က ကလေးများအား လေ့လာ၍ ဤ ကလေး သည် သိပ္ပံ ပညာတော်သည် ၊ သင်္ချာ တော်သည် ၊ ဂီတ တော်သည် ၊ စိုက်ပျိုးရေး စိတ်ဝင်စားသည် ဟူ၍ အသီးသီး သီးသန့် ပညာ သင်ကြားစေမည်။ ဘာမှ မထူချွန်သူများကတော့ လုပ်သားများ ဖြစ်လာမည်။ ငွေကြေး တမျိုး တည်းသာ ရှိမည်။ လူသားတဦး အတွက် လိုအပ်သမျှ အစိုးရက မျှမျှတတ ပံ့ပိုးပေးမည်။

ဘာသာရေးတွင်လည်း ကိုးကွယ်ရာ ဘာသာ တခုတည်းသာရှိ၍ ပြသနာမရှိ။ လူမျိုးခြား ဟူ၍ မရှိ လူသားများ ဟူ၍ သာရှိမည်။လူမျိုး ခြား ဘာသာခြားဟူ၍ မရှိကြသဖြင့် စစ်မက် ဖြစ်ပွားရန် လည် မလိုအပ်တော့သလို လူတိုင်း မျှမျှတတ ရှိကြသဖြင့် လောဘလည်း မလိုအပ်တော့ပါ။ အနည်းငယ် စိတ်ကူးယျဉ်ဆန်သည်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။

သို့သော် ထို အခြေအနေမျိုး ရောက်အောင် လူတစု က အကောင်ထည် ဖေါ်နေကြပါသည်။ စာရှုသူ မိတ်ဆွေ အနေဖြင့် စဉ်းစားကြည့်ပါ။ ထိုသို့ သော အခြေအနေသည် လူသားများ အတွက် ပိုမို ကောင်းမွန်နိုင်ပါသလော။ ဤလောက တွင် နေထိုင်၍ စစ်ဘေး ကြုံတွေ့နေရသော သူများက ထို စစ်မက်မရှိသော လောကသစ်ကို လိုချင်နေကြပါသည်။

ကပ်ဘေးကြီးများ ကြုံတွေ့၍ အငတ်ဘေး ဆိုက်နေကြသူများက လူတိုင်း မျှမျှတတ စားရသော ထိုလောကသစ် ကို တောင့်တနေကြပါသည်။ မိမိယုံကြည်ရာ ကိုယ်းကွယ်ကြ၍ ဘာသာမတူသော အကြောင်းကြောင့် စစ်မက် ဖြစ်ပွားမှုများ ၊ အသေခံ ဗုံးခွဲမှုများ၊ ဘာသာရေးကို အယောင်ပြ၍ လူ့အခွင်းအရေး ချိုးဖေါက်ခံရသူများက လူတိုင်း ကိုးကွယ်နိုင်သော ဘာသာတခု သို့ မဟုတ် ဘားမှ မကိုးကွယ်လည်း နေ၍ ရသော လောကသစ်ကို စောင့်စားနေကြပါသည်။

မတူညီသော ငွေကြေး ဈေးကြောင့် နိုင်ငံရပ်ခြားတွင် ကျွန်ခံသကဲ့သို့ အလုပ်လုပ်နေကြသူများက ငွေကြေးတမျိုးတည်းသာရှိသော ထိုလောကသစ်ကို မျှော်လင့်ကြပါလိမ့်မည်။ New World Order ၏ အခြေခံအား ထိုမျှလောက် ဖေါ်ပြရလျင် စာရှု့သူ မိတ်ဆွေအနေဖြင့် New World Order ၏ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်တိုင် ဝေဖန် ဆန်းစစ် နိုင်မည်ဟု မျှော်လင့်ပါသည်။
ဤ တွင် ထိုကဲ့သို့သော သိပ္ပံ စိတ်ကူးယျဉ်ဆန်သည့် လောက အား အကောင်အထည် ဖေါ်နေကြခြင်း မှာ ဖြစ်နိုင်ပါမည်လောဟု မေးစရာရှိလာပါသည်။ ကျွန်တော်၏ ယခင် ဆောင်းပါး များတွင် ဖေါ်ပြပေးပြီး ဖြစ်သည့် အတိုင်း Freemason တို့က ထို New World Order အား ယခုမှ ထ၍ အကောင်ထည် ဖေါ်နေကြခြင်း မဟုတ်ပါ။

ခေတ်အဆက် ဆက် တိုင်းနိုင်ငံတိုင်းအား မိမိတို့ လိုသလို ပုံဖေါ်၍ အဆင့် တခုချင်း စီ အုပ်မြစ်ချ တည်ဆောက်နေခဲ့ကြခြင်း ဖြစ်ပါသည်။ အဆင့်တခု ပြီး မြောက်ရန် ရာစုနှစ် နှင့်ချီ၍ အချိန်ယူကြသည့် အပြင် မျိုးဆက် တခုပြီး တခု လိုအပ်သလို Brain Wash လုပ်၍ မသိမသာ ပြောင်းလည်း ယူကြခြင်း ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း မျက်မှောက် ခေတ်ကာလတွင် ဖြစ်ပွား နေသော စစ်ပွဲ များသည် လိုအပ်၍ ဖြစ်ပွားလာသော စစ်ပွဲများထက် စစ်မဖြစ်ဖြစ် အောင် လုပ်ယူသော စစ်ပွဲများ ပိုများလာပါသည်။ လက်ရှိ အင်အားကြီးသော Freemason တို့၏ အမေရိကန် သည် အဘယ်အရာများကို အကောင်အထည် ဖေါ်နေပါသနည်း ။

ဒေါ်လာ ဘီလီယံ နှင့် ချီ၍ အသုံးပြုပြီး အင်္ဂါဂြိုလ် တွင် သက်ရှိ ရှိသလော စူးစမ်း နေကြသည်။ ဤ ကမ္ဘာဂြိုလ်မှ သက်ရှိများကိုတော့ သတ်ဖြတ်ပြစ်နေကြသည်။ သိပ္ပံ ပညာ ရှင်များ အတန်တန် သတိပေး လျက်ရှိသည့် လေထု ကာဗွန် လျှော့ချ ရန် ငြင်းဆန်လျက်ပင်ရှိပါသည်။ လေထု ပူနွေးလာမှုကြောင့် နှစ်စဉ် ကပ်ဆိုးများ တခုပြီး တခု ဆိုက်ရောက်လျက် ရှိရာ ဤလောက အား ကယ်တင်ရန်ထက် ပိုဆိုးသော အခြေအနေ တခုသို့ တွန်းပို့ နေသည်နှင့် တူနေပါသည်။

စာရှုသူ အနေဖြင့် တွေးတောကြည့်ပါ။ လက်ရှိ ကျွန်တော်တို့ မျက်မှောက်ခေတ်တွင်ပင် ဤ လောက၏ ဆုတ်ကပ်များအား မျက်မြင်တွေ့မြင်နေကြပြီဖြစ်ရာ ၂၀၅၀ ၊ ၂၁၀၀ ၊ ၂၅၀၀ ဟူသော ခေတ်များ အတွက် စဉ်းစားကြည့်ပါ။

အခြေအနေတခုသို့ ရောက်လျင် ဤလောကသည် အဆိုးများ နှင့်သာ ပြည့်နှက်နေ၍ အရာရာ ကောင်းမွန်သော New World Order အား အကောင်အထည် ဖေါ်ကြပါစို့ ဟူသော အခြေအနေတရပ် မဖြစ်ဖြစ်အောင် ပုံဖေါ်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိ ကျွန်တော်တို့ ကာလတွင် မသိသာသေးပါ။

နောက်မျိုး ဆက်များတွင် ရေအရင်း မြစ် ပြုန်းတီးမှုနှင့် အစာရေစာ ရှားပါး ပြတ်လပ်မှုကို မုချ ကြုံတွေ့လာရပါလိမ့်မည်။ ထိုသို့ ကြုံတွေ့ရအောင်လည်း လုပ်ဆောင်ကြပါလိမ့်မည်။ ဥပမာ တခု ပြပါမည်။ လက်ရှိကျွန်တော်တို့သည် နိုင်ငံခြားမှ မျိုးစပ်သည်ဟူ သော အသီး အနှံများ စားဖူးကြပါလိမ့်မည်။

ဖရဲသီး စားကောင်းလိုက်တာ အစေ့လည်း မပါဘူး ။ သင်္ဘောသီး စားကောင်းလိုက်တာ အစေ့လည်း မပါဘူး ။ စပျစ်သီးတွေ ချိုလိုက်တာ အစေ့လည်း မပါဘူး ။ အစေ့ မပါလျင် အဘယ်သို့ မျိုးယူကြမည်နည်း ။ မျိုးယူ၍ မရပါ။ နောက်တခါ စားချင်လျင် ထို မျိုးစေ့ ထုတ်လုပ်သူ များထံ မျိုးစေ့ ဝယ်၍ ပြန်စိုက်ရပါမည်။ ဤ နည်း ဖြင့် သဘာဝအတိုင်း ရှိသော သစ်သီး သစ်နှံများ က တဖြည်း ဖြည်း ပြုန်းတီးလာ၍ ဇီဝနည်း ဖြင့် ပြုပြင်ထားသော အသီးအနှံများ အစားထိုး ဝင်ရောက်လာပါလိမ့်မည်။

ဟုတ်ကဲ့ ထိုမျိုးစေ့ တီထွင်သူတို့က မျိုးစေ့ မရောင်းတော့ပါ ဆိုလျင် ငတ်နေယုံသာ ရှိပါလိမ့်မည်။ ဤ သည်မှာ ကျွန်တော်တို့ ခေတ်တွင် ဖြစ်မည်တော့မဟုတ်ပါ။ ကျွန်တော်တို့ ခေတ်တွင် အစပျိုး၍ နှောင် အနှစ် ၁၀၀ လောက်တွင် အကျိုးသက်ရောက်ပါလိမ့်မည်။ ဤ Freemason တို့ ၏ New World Order အား အကောင်အထည် ဖေါ်ရာတွင် စနစ်တကျ အုပ်ချုပ်သူ ၊ အဖွဲ့အစည်း ၊ အရာရောက်သော နေရာဌာန တိုင်းတွင် Freemason အသင်းသားများက ဝင်ရောက်နေရာယူကြခြင်း ဖြင့် အကောင်အထည် ဖေါ်ကြပါသည်။

Secret Society ဟူသော နေရာတွင် Freemason ပါဝင်နေသလို Skull & Bones ဟူသော လျို့ ဝှက် အဖွဲ့အစည်း ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။ အခြား အရာများထက် Illuminati Royals blood line ဟူသော နေရာတွင် မျိုးရိုးနာမည် အတော်များများ သိရာ ထိပ်ဆုံး မှ Rothschild ဟူသော အမည် ကို မကြားခဲ့ဘူးပါ။

Freemason တို့ အကြောင်း လေ့လာရင် ဤ Rothschild တို့အကြောင်း လေ့လာလိုက်သောအခါ လက်ရှိ တကမ္ဘာလုံး၏ ကြွယ်ဝချမ်းသာမှု ၅၀ ရာခိုင်နှုန်းခန့်မှာ ဤ မိသားစု လက်ဝယ်တွင် ရှိကြောင်း သိရပါတော့သည်။ နောက် ဆောင်းပါးတွင် New World Order Organization chart ပါ အကြောင်းအရာများ အား အသေးစိတ်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

H1.jpeg



0
0
0.000
4 comments
avatar

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲဗျာ။
Freemason အကြောင်း အခုမှပဲ သိရတော့တယ်ဗျာ။
ကိုယ့်ဘာသာဆို ရှာဖတ်ဖြစ်နိုင်မှာညမဟုတ်ဘူး။
ကျေးဇူးပါ ဆာဟင်...

0
0
0.000
avatar

ဒူဘိုင်းသူဌေးတွေများဖြစ်နေမလားဗျာ

0
0
0.000
avatar

အကြံကြီးကြံ Freemason အဖွဲ့ပေါ့။

0
0
0.000
avatar

အဆက်လေးတွေ သင်ပေးပါ ဆရာ

0
0
0.000