Hive platform နှင့် ဝိုးတိုးဝါးတား ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ Hive Platform ၏ ပထမဆုံး HF-24 ကတော့ အောင်မြင်စွာ လွင့်တင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ HF24 လွင့်တင်ပြီးနောက် ဘာထူးခြားချက်များ ထွက်ပေါ်လာပါသနည်း။ ထွေထွေထူးထူးမရှိပါ။ ယခင်က Steemit နှင့် ပုံစံတူ Blockchain တခု ဖြစ်ခဲ့သော်လည်း ယခုတော့ Hive ကိုယ်ပိုင် Blockchain တခု ဖြစ်သွားခဲ့ပြီ ဖြစ်ပါသည်။

ကျွန်တော် မျှော်လင့်နေမိသော လမ်းပြမြေပုံ ၊ မည်သို့ ရှေ့ဆက်သွားမည် ၊ နောက်ထပ် ၃ နှစ် အတွင် အဆင့်တခုပြီး တခု မည်သို့ မြှင့်တင်မည် ၊ ကာလအပိုင်းအခြား တခုစီတွင် မည်သို့ ဆောင်ရွက်မည် ၊ ရင်းနှီးမြုပ်နှံသူများ ဝင်လာရန် တနည်းအား ဖြင့် Hive token ဈေး တက်လာစေရန် မည်သို့ ဆောင်ရွက်မည် စသည်စသည် တို့ တခုမှ ပါမလာခဲ့ပါ။ ဤပုံစံအတိုင်းဆိုလျင် Hive platform အနေဖြင့် ရေရှည် ခရီးတွင် အခက်အခဲတွေ့မည်မှာ သေချာသလောက်ရှိနေပါသည်။

တနည်းဆိုလျင် ဦးတည်ရာမရှိ ဟိုကွေ့ရောက် ဟိုတက်နှင့် လှော် ဒီ ကွေ့ရောက် ဒီတက်နှင့် လှော် သွားနေရလျင်ဖြင့် ဤ Hive platform အား တဖြည်း ဖြည်း စွန့်ခွာသွာဒကြမည်မှာ သေချာသလောက်ရှိနေပါသည်။ သို့သော်လည်း တခု စောင့်ကြည့်ရမည်မှာ Hive သည် ယခုမှ ပထမဆုံးသော HF အား လွင့်တင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သူ့ထံတွင် ချမပြရသေးသော မည်သို့သော လမ်းစဉ် များ ရှိနေသေးသည်ကို မသိနိုင်သေးပါ။

၈ လသားအရွယ် Blockchain platform တခုအနေဖြင့် အတော်ကို နုနယ် သေးသည်ကတော့ သေချာပါသည်။ သို့သော် ဤ Platform ပေါ်ရောက်နေသူများကတော့ ၈ လသား မဟုတ်တော့ပါ။ ၄ နှစ်ကျော် အတွေ့အကြုံရှိလာကြသူများ ဖြစ်သည့် အတိုင်း Hive platform အားလည်း လသား အရွယ်ဟူ၍ မမြင်ကြပါ။ Social Media Blockchain တခုအနေဖြင့် Steemit platform ထံမှ အတွေ့အကြုံရယူကာ ယခုအချိန်တွင် တရှိန်ထိုး မြှင့်တက်နေရမည့် အချိန် ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ ကျွန်တော်တို့ အနေဖြင့် Steem သော် လည်းကောင်း Hive သော်လည်းကောင် ဒေါ်လာ သိန်းနှင့်ချီ၍ ရင်းနှီး မြုပ်နှံ နိုင်သူများ မဟုတ်ရကာ ဤ သင်္ဘောပေါ်တွင် ရှိနေသေးသ၍ သူနှင်သော ခရီးအား ဆက်နေရအုံးမည်သာ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့်ယခုတလော Post မတင်ခြင်းမှာ Hive ၏ HF24 အား စောင့်ကြည့်နေသလို ယခင် Steemit platform အား စွန့်ခွာလာခဲ့ကြသော Blockchain နည်းပညာရှင်များ ၏ အသစ်လွင့်မည့် Koinos Blockchain အား စောင့်ကြည့်နေသော ကြောင့် ဖြစ်ပါသည်။

အမှန် ဆိုရလျင် steemit မှ ထွက်ခွာလာခဲ့ကြသော ထိုပညာရှင်များသည် Hive platform အား ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ပါသည်။ ယခုတော့ သူတို့သည် ယခင် Steemit တွင် အကောင်အထည် မဖေါ်ခဲ့ရသော Open Orchard project အား Hive တွင် ဆက်လက် အကောင် အထည် ဖေါ်ကြခြင်း ဖြစ်ပါသည်။ အလွယ်ကူဆုံး ရှင်းပြရလျင် Koinos project သည် Ethereum အား ယျှဉ်ပြိုင် နိုင်ရန် ဖြစ်ပါသည်။

သို့သော် Ethereum အား ယျှဉ်ပြိုင်ရန် Ethereum မှ token ထုတ်ယူ ရသည် ဆိုသည်ကိုတော့ သဘောမကျမိပါ။ Koinos အား Decentralised ဖြစ်စေရန် လူတိုင်းအား Mining လုပ်ခွင့်ပေးပါသည်။ သို့သော် ဤ mining သည် Ethereum platform အပေါ်အခြေခံသဖြင့် Token ထုတ်ယူရန် Eth Gas fee လိုအပ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Koinos mining လုပ်နေသဖြင့် ဤသို့ ရေးပြနေရခြင်း ဖြစ်ပါသည်။

အနီးစပ်ဆုံး ဥပမာ ပေးရသော် .. လက်ရှိ Cryptocurrency project တိုင်းသည် Ethereum မှ ထွက်လာကြသလို Gas fee ဖြင့် လွတ်ကင်းကြသည်ဟူ၍ မရှိပါ။ သို့သော် Koinos platform သည် သူ့ထံမှ ထွက်လာသော Project များ အား ထိန်းချုပ်မှုမဲ့ အနေဖြင့် အရာရာ free ဖြစ်စေမည် ဖြစ်ပါသည်။ ဆိုရလျင် မြန်ဆန်ရမည် Free ဖြစ်ရမည်။

ကျွန်တော်သိသလောက် ဝေမျှရလျင် Koinos သည် Blockchain project တို့ အလွယ်တကူ အစပြုနိုင်ရန် နေရာ တနည်းအားဖြင့် Ethereum ကဲ့သို့ Gas fee များ ပေးစရာမလိုပဲ မိမိတို့ Blockchain project အား အလွယ်တကူစတင်နိုင်သည့် Platform တခုအဖြစ် ကျွန်တော် သိထားပါသည်။ မှားကောင်းမှားနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်၏ Blockchain ဗဟုသုတမှာ မူကြို အဆင့်သာ ရှိသေးသောကြောင့် ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် Koinos platform သည် Hive အား မည်သို့ မည်ပုံ အကျိုးပြုမည်ကို လေ့လာ လိုက်သော အခါ Hive သည် တချိန်ချိန်ကျလျင် Koinos နည်းပညာ ပေါ်တွင် ပြောင်းလည်း လည်ပတ်နေပါလိမ့်မည် ဟူသော အကြောင်းအရာအားသာ သိခဲ့ရပါသည်။

Koinos ကြောင့် Hive မည်သို့ အကျိုးကျေးဇူးရှိမည် ... Hive platform မည်သို့မည်ပုံ ပြောင်းလည်း သွားလိမ့်မည် ဟူသော အကြောင်းအရာအား ရှင်းပြသွားခြင်း မရှိခဲ့ပါ။ ဆိုတော့... ယခင်က EOS သည် Ethereum killer ဟူ၍ ကြေညာက ယခု Koinos လုပ်သည့် အတိုင်းလုပ်ခဲ့ဘူးပါသည်။

တခုထူးခြားသည်က EOS က ICO တနှစ် ခေါ်ပါသည်။ Koinos ကတော့ မိမိတို့အား စိတ်ကြိုက် Mining လုပ်ခိုင်းပါသည်။ ကွားခြားသည်မှာ Token သန်း ၁၀၀ ထုတ်ထားသည် ဝယ်ယူ ကြ ဆိုခြင်းထက် token သန်း ၁၀၀ အား မိမိတို့ စိတ်ကြိုက် mining လုပ်ယူကြ ဟူ၍ ကွာခြားသွားပါသည်။

ယခင်က Ethereum Killer ဟုခေါ်ခဲ့သောEOS သည် ယခု Ethereum အား မှီယုံ မဆိုထားနှင့် အနားပင် မကပ်နိုင်ပါ။ ထို့အတူ Koinos အားလည်း စောင့်ကြည့် ရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်တို့၏ Hive platform သည် တချိန်ကျလျင် Koinos blockchain အား အမှီပြု ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

Henry Aung ( Kachin )

H1.jpeg



0
0
0.000
10 comments
avatar

အော်... ဘယ်လိုတွေ စခန်းသွားရဦးမည်မသိ။
တက်နိုင်ဘူးလေ မရင်နှီးနိုင်လေတော့ မှေးလိုက်သွားရပေဦးမပေါ့။

0
0
0.000
avatar

ဟုတ်ပါ့... မှေးလိုက်ယုံရှိတော့တာပေါ့။

0
0
0.000
avatar

အင်း စောင့်မျှော်နေရတာပါပဲလေ ကောင်းသော တိုးတက်ပြောင်းလဲမှုတစ်ခုရောက်ရှိပါစေ။

0
0
0.000
avatar

အကောင်းဘက်က မျှော်လင့်လျက်ပါလို့။

0
0
0.000
avatar

Koinos လေး မျှဝေပေးပါဦး
ဘယ်လို စလုပ်ရမလဲ

0
0
0.000
avatar

HF 24 ထူးတာတော့ မသိဘူး
သုံးရတာတော့ လေးပင်နေတာပဲ
ဆက်သွားနေရတာ ဆန့်တငံ့ငံ့

0
0
0.000
avatar

ရထားပေါ်တက်စီးမိမှတော့ ရထားခေါင်းတွဲကြီးခေါ်ဆောင်ရာလိုက်ရုံပါပဲ ☺

0
0
0.000
avatar

ခေါ်ဆောင်ရာနောက်လိုက်ယုံပါ့။

0
0
0.000