Hive platform မှ အကောင်သေးသော token များ ( Henry Aung )

avatar

001.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Cryptocurrency အကြောင်းများသာ ရေးသားနေရာ မိတ်ဆွေအနေဖြင့် ကိုဟင် အခြားအကြောင်းတွေ မရေးတတ်တော့ဘူးလား ဟူ၍ မထင်စေချင်ပါ။ ယခုအချိန်တွင် ပြင်ပလောက အခြေအနေများ မှာ ရေးချင်စရာ ကောင်းကွက်တခုမှ မတွေ့သည့် အပြင် လူအများက ( မိသားစုတိုင်းက) ဒုက္ခရောက် ပူဆွေးနေကြသည် ဖြစ်ရာ တပူပေါ်နှစ်ပူဆင့် စိတ်ဆင်းရဲစရာများအား ရေးသားလိုစိတ်မရှိပါ။

ထို့အပြင် ယခု အချိန်တွင် ရယ်မောစရာ ၊ လှောင်ပြောင် သရော်စာများလည်း ရေးသင့်သည့် အချိန် မဟုတ်သဖြင့် မိတ်ဆွေတို့ အနေဖြင့် စိတ်အားတက်စရာ ဖြစ်သော Cryptocurrency အကြောင်းများသာ ရေးသားနေရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ စတင်ဒုက္ခရောက်ခဲ့ကြသော အချိန်ကာလတွင် အောင်လ အင်ဆန် မှ One Champion တွင် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရပါသည်။ ယခု နိုင်ပွဲ များပြန်လည် ရရှိလာပြီ ဖြစ်သဖြင့် ကျွန်တော်တို့လည်း ဒုက္ခတွင်းမှ ပြန်လည် လွတ်မြောက်လာတော့မည့် သဘော ဖြစ်ပါသည်။ ဆိုင်သလား မဆိုင်သလားတော့မသိ ၊ ထို အတိုင်းသာ မှတ်ယူကြပါကုန်။

ဟုတ်ကဲ့ Cryptocurrency အကြောင်းသို့ သွားကြပါအုံးစို့။ လွန်ခဲ့သော May လ လောက်ခန့်မှစ၍ကျွန်တော့အနေဖြင့် ဆောင်းပါး ၁၀၀ တရက်တပုဒ် ရေးမည်ဟု အားခဲထားသော်လည်း ကျွန်တော့မိခင်၏ ကျန်းမားရေး နှင့် ကျွန်တော့ ကျန်းမာရေးကြောင်း တလနီးပါးခန့် Hive platform နှင့် အဆက်ပြတ်သွားခဲ့ရပါသည်။

ကျွန်တော်စာ မရေးနိုင်သဖြင့် Rewards များလည်း အတော်နည်းသွားခဲ့ပါသည်။ ကျွန်တော် အဘယ့်ကြောင့် Hive platform တွင် စာမရေးရမနေနိုင် ဖြစ်နေသည့် အကြောင်း အနည်းငယ်ရှင်းပြလိုပါသည်။ လွန်ခဲ့သော May လကုန်ခန့်တွင် ကျွန်တော် အလားအလာရှိသော Hive Engine token များ အကြောင်း ရေးသားခဲ့ပါသည်။

ယခု ဆိုလျင် ၂ လကျော်နီးပါး ကြာသွားပြီ ဖြစ်သဖြင့် ထို token များ၏ အပြောင်းအလည်း အား အနည်ငယ် ဖေါ်ပြပေးလိုပါသည်။ ဤသို့ ဖေါ်ပြရာတွင် မြန်မာကျပ်ငွေဖြင့် ဖေါ်ပြမှသာ ပိုမို ထိရောက်မြင်သာမည် ဖြစ်သဖြင့် Token = Kyat ဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ ယနေ့ Hive ဈေးမှာ မြန်မာကျပ်ငွေဖြင့် ၆၉၀ ကျပ် ဈေးပေါက်နေပါသည်။

ပထမဆုံး ဖေါ်ပြပေးလိုသော Hive Engine Token မှာ DEC ဖြစ်ပါသည်။ လွန်ခဲ့သော ၂ လက DEC token ဈေးမှာ ၀.၀၀၁ Hive ဈေးသာ ပေါက်သည် ဖြစ်ရာ ယနေ့ Hive ဈေးဖြင့် ဆိုလျင် မြန်မာငွေ ၀.၆၉ပြား သာ ဖြစ်ခဲ့ပါသည်။ သို့သော် ယနေ့ DEC token ပေါက်ဈေးမှာ ၀.၀၁ Hive ဖြစ်သွား ပြီ ဖြစ်ရာ မြန်မာငွေဖြင့် ၆.၉ ကျပ် ဈေးသို့ ရောက်သွားခဲ့ပြီ ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေသည် DEC 1000 စုထားမိလျင် မြန်မာငွေ ၆၉၀၀ ကျပ် ပိုင်ဆိုင်ထာနိုင်ပြီ ဖြစ်ပါသည်။

အခြားသော Token တခုမှာ Starbits ဖြစ်၍ လွန်ခဲ့သော ၂ လက ၀.၀၀၀၂ Hive သာဈေးပေါက်၍ မြန်မာငွေဖြင့် ၀.၁၃၈ ပြားသာ ဈေပေါက်ခဲ့ပါသည်။ ယခု ၀.၀၀၀၃ Hive သို့ဈေးတက်သွားသဖြင့် မြန်မာငွေ ၀.၂၀၇ ပြား ဖြစ်သွားခဲ့ပြီ ဖြစ်ပါသည်။ ပြားဂဏန်းသာဖြစ်၍ သိပ်မသိသာလှပါ။

သို့သော် ယခုတလော နာမည်ကြီးလာသော Pizza အား ဆက်ကြည့်ကြပါအုံးစို့။ လွန်ခဲ့သော ၂ လက pizza token တခုလျင် ၀.၁၄ Hive ဈေး မြန်မာငွေဖြင့် ၉၆ ကျပ်သာ ရှိခဲ့ရာမှ ယနေ့ pizza token တခုလျင် ၀.၂၁ Hive ဈေး မြန်မာငွေဖြင့် ၁၄၅ ကျပ်ကျော် ဈေးတက်သွားခဲ့ပြီ ဖြစ်ပါသည်။

မည်မျှ ဈေးတက်သွားသည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ ထို့အတူ CCC သည် မြန်မာငွေ ၂ ကျပ် မှ ၄.၁၄ ကျသို့ ဈေးတက်သွားသလို CBM token သည်လည်း ၆.၉ ကျပ်မှ ၂၀ ကျပ်ကျော်သို့ ဈေးခုန်တက်သွားခဲ့ပြီ ဖြစ်ပါသည်။

အကောင်းဆုံး ဈေးတက်သွားသော Token မှာ Archon ဖြစ်ပါသည် ။ ယခင်က မြန်မာ ငွေ ၇ ကျပ်ခန့်သာ ဈေးပေါက်နေရာမှ ယနေ့ ၁၃၈ ကျပ်ဈေးသို့ ရောက်နေခဲ့ပြီ ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေသည် မြန်မာငွေ ၇၀၀၀ ရင်း၍ Archon token ဝယ်စုထားသူ တယောက်ဖြစ်လျင် ယနေ့ ၁၃၈၀၀၀ ကျပ်ပိုင်ဆိုင်နေပြီ ဖြစ်ပါသည်။

၂ လအတွင်း မြန်မာငွေ ၁ သိန်းကျော် အမြတ်ရသွားခဲ့ပြီ ဖြစ်ပါသည်။ ဤမျှလောက် ရေးပြရလျင် ကျွန်တော့အနေဖြင့် အဘယ့်ကြောင့် Hive platform တွင် Post မတင်ရမနေနိုင် ဖြစ်နေသည်ကို မိတ်ဆွေတို့ သဘောပေါက်လောက်ပြီ ဖြစ်ပါသည်။

ကျွန်တော်တို့သည် Cryptocurrency စုရာတွင် USD $ ဖြင့်သာ ကြည့်ကြသည်ဖြစ်၍ ဘားမှ မရပါဘူးကွာဟု ထင်ကြသော်လည်း မြန်မာငွေဖြင့် တွက်ကြည့်လျင် မည်မျှ ခရီးရောက်သည်ကို တွေ့နိုင်ပါသည်။ အထက်တွင် ကျွန်တော်တွက်ပြထားသည်မှာ ၂ လ အတွင်း အခြေအနေဖြစ်၍ Hive platform သည် ရပ်တန့်နေသည်မဟုတ်သောကြောင့် အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ ထို token များ၏ ဈေးနှုန်းသည်လည်း ပြောင်းလည်းလာမည်သာ ဖြစ်ပါသည်။

နောက်တခု ကျွန်တော်သတိပေးလိုသည်မှာ ထို Archon / POB/ CCC / Neoxian ကဲ့သို့သော Social media token များမှာ ကျွန်တော်တို့ Post တင်ရင်း tag တွဲလိုက်ရုံမျှ ဖြင့် ရရှိနိုင်ကြသော token များ ဖြစါပါသည်။

ထို့ကြောင့် မိတ်ဆွေအနေဖြင့်လည်း Hive Platform တွင် post တင်ခြင်းအား စိတ်ပျက်အားလျော့ခြင်း မဖြစ်ရန်နှင့် Hive Platform မှ ထွက်လာသော token များသည် အကောင်သေးသော်လည်း အဆိပ်ပြင်းသည်ကို သိစေလိုပါသည်။

ကျွန်တော့လက်သုံးစကားဖြင့် ဤစာစုအား အဆုံးသတ်ရလျင် ကံမကောင်းသော်လည်း ကြိုးစားလျင် ဝရိယ အကျိုးခံစားရမည် ဖြစ်ပါသည်။ မိုင်၁၀၀၀ ခရီးရောက်ရန် ပထမဆုံး ခြေလှမ်းဖြင့် အစပြုရမြဲ ဖြစ်ပါသည်။

Hive platform တွင် စာရေးရင်း Cryptocurrency စုခြင်းအတွက် နောက်ကျသည်ဟူ၍ မရှိပါ။ အရင် ရောက်သူ နေရာယူပြီး ကြသလို နောက်ရောက် သူအတွက်လည်း သူ့နေရာနှင့်သူ ရှိပါလိမ့်မည်။ ဝရိယထား၍ ကြိုးစားဖို့သာ လိုပါသည်။

Henry Aung ( Kachin )

31/07/2021 - Saturday - 18;36 Pm



0
0
0.000
12 comments
avatar

ဟုတ်တယ်ဆာဟင် USD နဲ့ပဲကြည့်ပြီး စိတ်ပျက်အားလျော့နေမိတာ။
ခုလို မြန်မာငွေနဲ့ တွက်ကြည့်တော့လည်း စျေးကမဆိုးလှပါဘူး။
အမိုက်ဆုံးကတော့ Archon ပေါ့။ တစ်ခြား Token တွေကလည်း
ရသလောက်စုပြီး Hive စျေးကျချိန်နဲ့ကြုံလို့ ရောင်းရင်း Hive ပြန်စုနိုင်တယ်။
Hive Platform ကတော့ တကယ်ကို အသီးစုံလင်လှပါတယ်။

!PIZZA

0
0
0.000
avatar

Hive platform က သူထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူးလို့ ပြောရမယ်။

0
0
0.000
avatar

မူးစု ပဲစုနဲ့ပဲ ကြိုးစားရှေ့ဆက်နေဆဲပါ

0
0
0.000
avatar

ရသမျှယူထားစုထားတာ အကောင်းဆုံးပါ။ တနေ့နေ့ တချိန်ချိန် အသုံးဝင်လာပါလိမ့်မယ်။

0
0
0.000
avatar

အစ်ကိုဟင်က Token တစ်ခုချင်းအသေးစိတ်တွက်ပြသောအခါ ပိုမိုသိသာစေပြီး ဂရုတစိုက် သတိထားစုဆောင်းရန် အားတက်ခဲ့ရပါသည်။ကျေးဇူးပါအစ်ကိုဟင်။

0
0
0.000
avatar

ရသမျှယူထားစုထားတာ အကောင်းဆုံးပါ။ တနေ့နေ့ တချိန်ချိန် အသုံးဝင်လာပါလိမ့်မယ်။

0
0
0.000
avatar

အားတက်စရာ အားရှိစရာပါ ကျွန်တော်က ပို့စ့်တင်တဲ့အခါ
palnet neoxian archon creativecoin proofofbrain
ဒါလေးတွေကို tag တွဲပါသည်။ထိုကြောင့် ပိုစ့်တစ်ခုကို
မြန်မာငွေ တစ်ထောင်လောက်တော့ရမည်ထင်ပ။
နေ့စဉ် တစ်ထောင် စုမိပါက များပြားလာမည်။
အလုပ်မရှိသောအခါ ငွေတစ်ထောင်သည်ပင်
တန်ဘိုးရှိပါပေသည်။

0
0
0.000
avatar

အမှန်ပါပဲ.... မြန်မာငွေနဲ့ တွက်ကြည့်တော့မှ နေ့စဉ် Hive ကရတဲ့ ဝင်ငွေကို အံ့ဩမိတယ်။

0
0
0.000
avatar

It's nice to read about cryptocurrencies. I get to learn a lot. The Hive platform is great for me. I haven't bought any tokens yet. Token value is good. how can i buy them, Thanks for sharing @kachinhenry

0
0
0.000
avatar

Try enter to Hive Engine and find out your favourite token… Have fun and enjoy

0
0
0.000
avatar
Connect

Trade


@kachinhenry! This post has been manually curated by the $PIZZA Token team!

Learn more about $PIZZA Token at hive.pizza. Enjoy a slice of $PIZZA on us!

0
0
0.000