Hive / PAL / Leo နှင့် Neoxian ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလောဘာရယ်မဟုတ် အပိုဝင်ငွေလေးများ ရစေရန် Cryptocurrency အကြောင်း ဘက်သို့ အနည်းငယ် ပြန်စူးစမ်း ဖြစ်ပါခဲ့ပါသည်။ Cryptocurrency လောကသည် ကျွန်တော်တို့ စတင်ဝင်ရောက်ကာစဖြစ်သော ၂၀၁၆-၂၀၁၇ ကာလများကဲ့သို့ မဟုတ်တော့ပါ။

ကျွန်တော်တို့သိသော Coin / token အတော်များများ ပျောက်ကွယ် သွားကြသလို ကျွန်တော်တ်ူ့ မသိလိုက် မမှီလိုက်သော Coin / token အသစ်များလည်း အတော်များများ ထွက်ပေါ်လာခဲ့ပါသည်။ အချို့ကလည်း အောင်မြင်ကြသလို အချို့ကလည်း လူကြိုက်နည်း ရေးပန်းစားခြင်းမရှိရကာ စောစောစီးစီး ကိစ္စပြတ်သွား ကြသော Coin / token များလည်း ရှိပါသည်။

အများအား ဖြင့် Cryptocurrency project များသည် လူအစုအဝေး ၊ community များ ဖြင့် ဖွဲ့စည်း ထားကြသည် ဖြစ်ရာ ထို Cryptocurrency project တခု အောင်မြင်သွားလျင် သူနှင့်ပတ်သက်နေသော Community များသည်လည်း ချမ်းသာသွားကြသည်သာ ဖြစ်ပါသည်။

ဥပမာ ... Ethereum / EOS / Binance အစရှိသော Project များအား ဝင်ရောက်ရင်းနှီ မြုပ်နှံထားသူတို့ ( တနည်းအားဖြင့် ထို project များ၏ token အများအပြား ပိုင်ဆိုင်ထားသူတို့) မှာ ယခုအချိန်တွင် ဝင်ငွေ သဲ့ယူနေရုံသာ ဖြစ်ပါသည်။

အထူးသဖြင့် ယခုနောက်ပိုင်း Decentralised Finance ( DeFi ) ခေတ်စားလာရာတွင် မိမိ ပိုင်ဆိုင်သော coin / token များအား ဘဏ်တိုးချသလို ပြုလုပ်လာနိုင်သည့် အပြင် Mining လုပ်သော နေရာများတွင် ဝင်ရောက်ရင်းနှီးမြုပ်နှံခြင်း ဖြင့် မိမိတို့ ဝင်ငွေအား ၂ ဆ တိုးနိုင်စေလာပြီ ဖြစ်ပါသည်။ အမှန်ဆိုရလျင် တချိန်က ကျွန်တော်တို့ Community သည်လည်း ရွှေထီးဆောင်းသည့် ခေတ်တခေတ်ကို ရောက်ခဲ့ဘူးပါသည်။

သို့သော် ထိုအောင်မြင်မှုအား ကြာရှည် ထိန်းထားနိုင်ခြင်း မရှိခဲ့ကြပါ။ အကယ်၍ Steemit ၏ အောင်မြင်မှုသည် ထိုအချိန်ကတည်းက ဆက်လက်ထိန်းထားနိုင်ခဲ့လျင် ယနေ့ ကျွန်တော်တို့၏ Cryptocurrency ဝင်ငွေသည် အတော်လေးကို တည်ငြိမ်နေသော အခြေအနေတခုကို ပိုင်ဆိုင်နေမည် ဖြစ်ပါသည်။

သို့သော် ကျွန်တော်သို့ ထိုသင်္ဘောအား ကြာရှည် စီးခွင့်မရခဲ့ပါ။ ကျွန်တော်တို့ အိမ်မက်ဖြစ်သော ၂၀၂၅ သို့ပင်မရောက်လိုက်ပါ။ ကျွန်တော်တို့ ယုံကြည်ရာ သင်္ဘောတခုအား ပြောင်းစီးခဲ့ကြပါသည်။ Hive platform ဟုခေါ်သော ထိုသင်္ဘောသည် ယခု ပထမဦးဆုံး သူ၏ နည်းပညာများ အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီ ဖြစ်ပါသည်။ လာမည့် ၁၄ ရက်နေ့တွင် HF-24 အား လွင့်တင်ရန် ပြင်ဆင်နေကြပြီ ဖြစ်ပါသည်။

အကယ်၍ မိတ်ဆွေအနေဖြင့် Hive platform မည်မျှ အောင်မြင်နိုင်ပါသနည်းဟု မေးလာခဲ့လျင် ..... ကျွန်တော့ အဖြေမှာ " ငါလည်းမသိဘူး " ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် Hive platform တချိန်တွင် အကြီးအကျယ် အောင်မြင်လာမည် Hive token သည်လည်း Bitcoin ကဲ့သို့ ဈေးကောင်းလာမည်ဟု ကြိုတင်သိနိုင်စွမ်း ရှိခဲ့လျင် ယခုအချိန်တွင် ကျွန်တော့ ပိုင်ဆိုင်မှုအားလုံး ပုံအောကာ Hive token များ ဝယ်ယူစုဆောင်း ထားမည်သာ ဖြစ်ပါသည်။

သို့သော် ကျွန်တော်လည်း ဝိဇ္ဇာ မဟုတ်ရကာ ယုံကြည်သည် မယုံကြည်သည် ဟူသော အလယ်၌ ရပ်ကာ အကယ်၍ အောင်မြင်ခဲ့သော် ဟူသော အတွေးရှိသော ကြောင့် အများနည်းတူ နောက်ကျမကျန်ရအောင် Post တင်၍ Hive ရသလောက်စုဆောင်းနေရခြင်း ဖြစ်ပါသည်။ Cryptocurrency သည် ငွေကြေးတခုဖြစ်ပါသည်။

ငွေကြေး၏ လှည့်ကွက်မှာ ဆန်းကျယ်လွန်းလှပါသည်။ ကျွန်တော်တို့ Steem တွင် ရှိခဲ့စဉ်က Steem Engine token များအား စိတ်ဝင်စားခြင်း မရှိခဲ့ပါ။ ထို့အတူ Hive platform ပေါ်သို့ ရောက်လာခဲ့သော်လည်း Hive Engine မှ ထုတ်လုပ်သော Token များအား စိတ်မဝင်စားပါ။ အဘယ့်ကြောင့် ဆိုသော် Hive Engine token များသည် ပြင်ပ Exchange တွင် ရောင်းချနိုင်ခြင်း မရှိသောကြောင့် ဖြစ်သလို Hive Engine အားလည်း Token ထုတ်တမ်း ကစားရာ နေရာ တခုအဖြစ်သာ ထင်ထားခဲ့ပါသည်။

သို့သော် မထင်မှတ်ထားသော အချိန်တွင် Leo platform က သူ၏ Leo token များအား ကြားခံ Application တခုသုံးကာ ပြင်ပတွင် ဈေးကွက် ဖွင့်ပြခဲ့ပါသည်။ ထိုအချိန်တွင် Hive platform နှင့်အတူ Hive Engine မှ Project များလည်း နိုးထလာပါတော့သည်။

ယခုလက်ရှိတွင် Hive platform မှ လက်အောက်ခံ ပုံစတူ Project ၃ မျိုးရှိပါသည်။ ထိုသုံးမျိုးစလုံးသည် Blogging အား အခြေခံထားကာ လည်ပတ်နေကြခြင်း ဖြစ်ပါသည်။ PAL သည် လူသစ်များအား အားပေးသော Platform ဖြစ်သလို Hive platform အား support ပေးသော Platform အဖြစ်ရပ်တည်နေပါသည်။ အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် ယခင်က ဤကဲ့ သို့ တဆင့်ခံ Blogs များအား စိတ်မဝင်စားခဲ့ပါ။

သို့သော် Leo သည် Hive Engine ထုတ် token များ တနည်းအားဖြင့် Hive platform base project များအား နည်းလမ်း ပြသွားခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော့ အထင်ပြောရလျင် လက်ရှိတွင် PAL သည်လည်းကောင်း Neoxian သည်လည်ကောင်း သူတို့၏ Project များအား မည်သို့ အောင်မြင်အောင်လုပ်၍ သူတို့ ၏ token များအား ပြင်ပတွင် ဈေးကွက် ဖွင့်နိုင်ရန် လမ်းစ ရှာနေလောက်ပြီဟု ထင်ပါသည်။

အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် Neoxian အား အများကြီးမသိသေးပါ။ သို့သော် PAL သည် ယခု ဈေးကဲ့သို့ ဈေးတက်လာလိမ့်မည်ဟု ထင်မထားခဲ့ပါ။ Steemit မှ Hive platform အကူအပြောင်း ကာလတွင် ဘာရယ်မဟုတ် PAL အချို့ ဝယ်ယူကာ Stack လုပ်ထားခဲ့ခြင်းကြောင့် ယခု ဈေးတက်လာသော အခါ မိမိ၏ PAL vote က အတိုင်းအတာတခု အထိ အခြားသူများအား အကျိုးပြုနေပြီ ဖြစ်ပါသည်။

Leo ကတော့ ကျွန်တော် နောက်ကျ ခဲ့ပါသည်။ Leo token အား အများကြီး Stack လုပ်ရန် မတတ်နိုင်ခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် ဈေးနည်းသည့် PAL အားပိုဝယ်ယူ ထာမိလိုက်သော ကြောင့် ဖြစ်ပါသည်။ Neoxian ၏ ရှေ့ရေး မည်သို့ ရှိမည် မသိသေးပါ။ သို့သော် အများနည်းတူ နောက်မကျစေရန် အတွက် Neoxag အနည်း ငယ်တော့ ဝယ်စုထားပြီ ဖြစ်ပါသည်။

Vote တခု အတွက် 1 Neoxag ရမည်ဟု ထင်ပါသည်။ အထက်တွင် ဖေါ်ပြခဲ့သော Blogging site များသည် Hive platform အား အမှီပြု၍ ရေးဆွဲထားကြသော Project များ ဖြစ်ကြပါသည်။ အကယ်၍ Hive platform အောင်မြင်သွားသည် ရှိခဲ့သော်.... လူတိုင်း Hive power ဝယ်ထည့်ရန် တတ်နိုင်မည် မဟုတ်ပါ.... သို့သော် PAL နှင့် Neoxag တို့ ဝယ်ထည့်ကာ Power up ခြင်း ဖြင့် Blogging လုပ်ကာ Hive ရှာကြပါလိမ့်မည်။ ကျွန်တော့ အထင်သာ ဖြစ်ပါသည်။

Cryptocurrency သည် ငွေကြေးဖြစ်ပါသည်။ အကယ်၍ သင်သည် အပျော်သဘောဖြင့် PAL token တစ်သန်း ဝယ်ယူထားသူ ဖြစ်ခဲ့သော်..... သို့ မဟုတ် Leo token ၅ သိန်းခန့် စုထားနိုင်သူ ဖြစ်ခဲ့သော်....... ကျွန်တော့ စာစုအား အဆုံးသတ်ပါတော့မည်။ Bitcoin စတင် အသုံးပြုစဉ်က ငွေကြေးတရပ်အဖြစ် အသုံးပြုနိုင်ရန် Pizza ၂ ခုအား Bitcoin ၁၀၀၀၀ ပေး၍ ဝယ်ယူခဲ့ကြပါသည်။ ယခုပြန်တွက်ကြည့်လျင် ထို Pizza တခု၏ တန်ဖိုးသည်....

အမှန်ဆိုရလျင် ကျွန်တော်တို့ ( hive platform ပေါ်ရှိသူတို့ ) သည် နောက်ကျ သူများ မဟုတ်ကြပါ။ မှန်ကန်သော Cryptocurrency project တခုအား ရှာမတွေ့သေးသူများသာ ဖြစ်ပါသည်။

Henry Aung ( Kachin )

09/10/2020 18:50 PM

H1.jpeg



0
0
0.000
16 comments
avatar

ဟုတ် စောင့်ရင်း မျှော်ရင်း လှော်ရင်း ရှေ့ဆက်နေပါတယ်။
Hive-engine ထဲက ကောင်တွေ ဈေးမြောက်လာလို့ကတော့ ...

0
0
0.000
avatar

အဲသလိုနဲ့ပဲ နှစ်တွေသာ ပြောင်း ..... မျှော်လင့်ချက်တွေသာ ကျန်နေခဲ့တယ်။

0
0
0.000
avatar

Steem-engine မှ ROR APX တို့ အခြား Exchange များသို့
ဖောက်ဝင်နိုင်သလို Hive-engine မှ LEO နည်းတူ
PAL NEOXAG တို့ လုပ်နိုင်စွမ်းရင် ကောင်းမှာပဲဗျာ

0
0
0.000
avatar

အချိန်တော့ ပေးရလိမ့်မယ် ထင်တယ်။

0
0
0.000
avatar

မှန်ပါတယ်အစ်ကိုဟင်။ဆက်လက်ကြိုးစားရင်းပေါ့။

0
0
0.000
avatar

ကြိုးစားနေဆဲ.... မျှော်လင့်နေဆဲ.... မျှော်နေဆဲ

0
0
0.000
avatar

ကျွန်တော်လည်း pal power အတော်လေး ဝယ်ထဲ့နိုင်ခဲ့တယ်။
စျေးတက်လာရင်တော့ အတိုင်းထက်လွန် ပျော်ရွှင်ရမှာ😘။

0
0
0.000
avatar

ပျော်ရွှင်နိုင်ပါစေဗျာ....

0
0
0.000
avatar

စတီးမစ်မှာ ပေျာက်သွားလို့ ခုမှပြန်တေွ

0
0
0.000
avatar

Hive platform မှ ကြိုဆိုပါတယ် ကိုရွှေဘို.... မတွေ့တာတောင် ကြာလှပေါ့။

0
0
0.000
avatar

ကျနော်ခုမှစရောက်တာ ဘာလုပ်ရမှန်းမသိသေးလို့

0
0
0.000
avatar

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You made more than 4500 comments. Your next target is to reach 5000 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000
avatar

ဘာတွေ ဘယ်လိုဖြစ်လာမလဲ ဘယ်သူပြောနိုင်ပါ့မလဲ။
ကြိုသိရင် ကြိုဝယ်စုကြမှာပါ။ ကံတရားရယ်၊ ဇွဲနဲ့ စိတ်ရှည်မှုတို့အတွက်
အောင်မြင်မှုတစ်ခုက ရောက်လာမှာပါ။

0
0
0.000
avatar

စိတ်ကူး ရင်ခုန် မျှော်လင့်လျက်

0
0
0.000
avatar

စိတ်ကူး ရင်ခုန် မျှော်လင့်လျက်

0
0
0.000
avatar

အဲသလိုနဲ့ပဲ နှစ်တွေသာ ပြောင်း ..... မျှော်လင့်ချက်တွေသာ ကျန်နေခဲ့တယ်။

0
0
0.000