Hive နှင့် တနွယ်ငင်တစင်ပါ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော စာမရေးဖြစ်သည်မှာ အတော်ကြာသွားပြန်ပါပြီ။ အရင်တခေါက်ကတော့ ရွေးကောက်ပွဲ အကြောင်းပြကာ အပျင်းထူးနေသောကြောင့် စာမရေး ဖြစ်ခဲ့။ ယခုတော့ အကြောင်းပြစရာ မရှိ ပျင်းလို့ စာမရေးသည်ထက် Hive ဈေးက ကျပြီးရင်း ကျနေသဖြင့် စိတ်ပျက်ကာ စာမရေးဖြစ်ခြင်း သာ။

လူဆိုသည်ကလည်း အခက်သား။ ဒံပေါက်ထမင်း စားဘူးသူ ဆိုတော့ သာမန် ငစိန် ဆန် ထမင်းအား မြိုမကျချင်။ ယခင် မိမိတို့ cryptocurrency အကောင့် တန်ဖိုးက သိန်း ၄၀ / ၅၀ ဆိုတော့ ယခု ၃ သိန်း ၅ သိန်း ဖြစ်ကုန်သည်ကို သိပ်လက်မခံချင်။

ကျွန်တော်တို့ မှီခို နေသော Hive ကလည်း ပြောလည်း ပြောချင်စရာ။ နောက်ပေါက်သည့် ရွှေကြာပင်များက တပင်ပြီး တပင် ပွင့်လန်းလို့လာနေကြသော်လည်း Hive ကတော့ဖြင့် နင်တို့ဖာသာ ကြိုက်ရင်ကြိုက် မကြိုက်ရင် နေ .. ငါကတော့ ဈေးလုံးဝမတက် ဟု မာနထောင်နေသယောင်။

လက်ရှိ Covid ကာလကုန်ဈေးနှုန်း များကလည်း Hive ဈေး ကဲ့သို့ အကျဘက်သို့ သာ ဦးတည်နေလျင်လည်း အကောင်းသား။ တလောက အတော်လေး ဂယက်ထခဲ့သော Leo ကလည်း ဟက်ကာများ ၏ ကောင်းမှုကြောင့် ယခုနောက်တခါ လွင့်တင်လိုက်သော အခါ ယခင် တုန်းကလောက် ဝက်ဝက် မကွဲတော့။

ဟက်ကာများ ဟက်ယူနိုင်သည်ဆိုတော့ ရင်းနှီမြုပ်နှံသူများ လက်တွန့် လာသည်လည်း အပြစ်မဆိုသာ။ ဘီယာချက်သည့် လုပ်ငန်းကလည်း ယခင်လိုမဟုတ်တော့။ ပစ္စည်းလိုအပ်ချက်က ပိုများလာသလို ယခင်လို ချက်ချင်တိုင် ချက်မရတော့။ Cryptocurrency တို့များ လိုချင်ပြန်တော့လည်း ရှာရခက်လိုက်သည် ဖြစ်ခြင်း။

ဒီကြားထဲ Bitcoin ဆိုသည့် ကောင်ကလည်း တတက်ထဲတက်နေပြန်တော့ Bitcoin မပိုင်ထားသူတို့ မျက်နှာငယ်စရာ ။ ကျွန်တော်တို့ ဘဝက စာရေးမှ မူးစု ပဲစု ရမည်မို့ လုပ်လက်စ စာရေးသည် အလုပ်သာ အစဉ်အလာမပျက် လုပ်ကြပါစို့။ လောလောဆယ်အထိ Hive သည်လည်း တန်ဖိုးရှိနေဆဲ မဟုတ်လား ။

Henry Aung ( Kachin )

17/11/2020 - 17:05 PM



0
0
0.000
10 comments
avatar

ဒါပေါ့ လုပ်စရာရှိတာလုပ်ရတာာပ
ရေးချင်စိတ်‌ေပါက်တဲ့အချိန်ရေး
တက်ချင်တဲ့အချိန်
ဈေးတက်ပါစေလေ

0
0
0.000
avatar

အကောင်းဆုံးပါပဲ။ ပိုနေမြဲ ကျားနေမြဲပေါ့။

0
0
0.000
avatar

တစ်နွယ်ငင် တစ်စင်ပါ BTC and LEO တက်သလို HIVE ပါ လိုက်တက်ရင် ကောင်းမယ်ဗျာ။

0
0
0.000
avatar

ဟုတ်ပဗျာ။ သူပဲ နေ နေနိုင်လွန်း....

0
0
0.000
avatar

လောလောဆယ်တော့ ရှင်သန်နေနိုင်တယ် ဆိုရင်ကို ကျေနပ်လှပါပြီဗျာ။
ကျွန်တော်တို့ အိပ်မက်ကလေး တချိန် ဖြစ်လာကောင်းပါရဲ့။

0
0
0.000
avatar

ယုံကြည်ချက်တော့ မပျောက်သေးပါဘူး။ အားမလို အားမရ ဖြစ်တာတခုတည်း။ အထူး သဖြင့် အခုလိုချိန်ခါ အရာရာ ချို့တဲ့ နေချိန် Hive ဈေးတက်လာရင်တော့ အားရှိမှာ အမှန်ပဲ။

0
0
0.000
avatar

ထိုက်တန်အောင် လုပ်ရင်တော့ ထိုက်တန်တဲ့ အကျိုး ရရှိပါတယ်ဗျ။
LeoFinance ဘက် လှည့်ကြည့်လာပါဦး။
မြန်မာတွေ (ကိုယ်အပါအဝင်ပေါ့) မတတ်ဘူး၊ မကျွမ်းဘူး၊ မထိုက်တန်ဘူး၊
ဆိုပြီး စိတ်ပျော့ကာ မကြိုးစားဖြစ်ကြတာ မတိုးတက်ခြင်း အကြောင်းတရားပါပဲ။

0
0
0.000
avatar

Leo finance ဘက်ကိုလည်း ရောက်ဖြစ်ပါတယ်။ စာသာ မရေးဖြစ်တာ။ Wleo နဲ့ Uniswap မှာ pool လုပ်တဲ့ အကြောင်းလေ့လာနေတာ။

0
0
0.000
avatar

ဟုတ်ပေါ့ဗျာ။ ဝမ်းရေးအတွက် အာရုံစိုက်နေရတာနဲ့
Hive ဘက်မှာ အားနည်းသွားတာပဲဗျာ။
ဝမ်းရေးအတွက် Hive စျေးတာ တက်လို့ကတော့။
တစ်နေကုန်စာထိုင်ရေးပစ်မယ်။

0
0
0.000
avatar

အဲ့လောက်တော့ရောက်နေပီ..ကိုဟင်ရေ
A22A482A-EB83-4147-A6E0-BCA67F34A5D4.jpeg

0
0
0.000